အညိုရောင်မှိုင်းလေးတစ်စ

104 9 0
                                    


၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့  (ညဆယ်နာရီခွဲဝန်းကျင်)

ကော်ဖီဆိုင်လေးက မီးထိန်ထိန်လင်းပြီး ကိုယ်စီအလုပ်ရှုတ်နေကြသည်။ closeဆိုတဲ့စာတန်းကတော့သိသာစွာ နေရာယူထားသော်လည်း ဟိုဆော့တို့တစ်အိမ်လုံးကတော့ နှစ်သစ်ကိုသေချာဖြတ်သန်းချင်နေပုံပါ။

''ယောက်ဖလေး...အရက်တွေသွားယူလိုက်တော့... အကုန်ခင်းပြီးပြီ''

မမရဲ့အမျိုးသားဖြစ်သူက သွက်လပ်စွာတမင်လုပ်ယူပြီး မျှတစွာစကားလာပြောပေးသည်။ သူမှတ်မှတ်ရရဆိုလျှင် မမရဲ့လက်ထပ်ပွဲတုန်းက နောက်ဆုံးနှစ်စာမေးပွဲနဲ့မို့ သူမလာဖြစ်လိုက်။ ထူးထူးခြားခြားဝမ်းနည်းစရာမလိုတဲ့မိသားစုအခြေအနေမို့ သူမရှိနေတာ နေရာလစ်လပ်နေတာ သတိထားမိခဲ့တဲ့ပုံလည်းမပေါ်ခဲ့ပါဘူး။ တစ်ပါတ်လောက်နေမှ မမဘက်ကဓာတ်ပုံတစ်ချို့လှမ်းပြလို့သာ ပွဲပြီးသွားမှန်းသိခဲ့ရတာ။ သူကိုယ်တိုင်ကပဲ ဒါတွေစိတ်ဝင်တစားမရှိခဲ့တာလား မေမေတို့ဘက်ကပဲ
မအားမှာစိုးလို့အသိမပေးခဲ့တာလား တစ်ခုခုတော့သူတို့မိသားစုမှာ ဟနေခဲ့သေးသည်။

သူအိမ်နောက်ဖေးမီးဖိုချောင်ကိုဝင်လာတော့မေမေက ကြာဆံရယ် ဟင်းနုနွယ်ရွက်ရယ် တစ်ချို့ချို့သောတန်ဆာပလာတွေပါထည့်ပြီးနယ်ဖက်နေခဲ့သည်။ သူ့ကိုတွေ့တော့ အနည်းငယ်မျက်နှာလေးနွမ်းဖက်သွားသလို ခေါင်းဘေးငုံ့ချပစ်ရင်း

''ဆိုဂျူတွေကအဲ့မှာမဟုတ်ဘူး... သားငယ်...အောက်ဘက်ကအကန့်ထဲမှာ''

မေမေဟာသူ့ကိုကြည့်ပြီးပြောခဲ့တာမဟုတ်ပါဘူး။ သူအနည်းငယ်ဝမ်းနည်းစိတ်တွေဖြစ်လာခဲ့သေးပြီး သူကျောင်းသားတွေအပေါ်စိတ်ရှည်ခဲ့သလောက် သူ့မိသားစုအပေါ်ဆို သူစိမ်းကားခဲ့မိတာများလား။

ရှာတွေ့ခဲ့တဲ့ဆိုဂျူတစ်ဖာကိုသာ သယ်ပြီးအိမ်ရှေ့ကိုထွက်လာလိုက်တော့သည်။ သိပ်တော့မစိမ်းတဲ့ လူတစ်ယောက်က မင်ယောင်းကိုလက်တွဲပြီး အထဲဝင်လာဖို့ပြင်နေတဲ့ မြင်ကွင်းများကြောင့် အတွေးတွေသည်လွန်ခဲ့သောနှစ်အချို့ခန့်သို့ပြန်ရောက်ခဲ့ပြန်ပါ၏။
.
.

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now