Put your head on my shoulder

211 31 24
                                    


လူသိတွေအား နမ်ဂျွန့်ဘက်က သေချာစွာတောင်းပန်ပြီး မင်္ဂလာပွဲသည် ဤကဲ့သို့နိဂုန်းချုပ်ခဲ့ရ၏။ စီးပွားရေးလုပ်ငန်းတူတွေအား မေမေ့မျက်နှာပျက်ရမည်စိုး၍ ကျေနပ်အောင်တော့သူ့ဘက်ကပြောခဲ့ပေမယ့် အထူးတလည်တောင်းပန်ရမည့်သူထဲတော့ ဟိုဆော့ကိုထည့်တွက်ရလိမ့်ဦးမည်။ ဆေးသမားကောင်ဘာတွေအဆန်းထွင်ချင်နေမှန်းမသိပေမယ့် သူ့ဘက်ကနည်းနည်းတော့ပါဝါပြထားနိုင်မှတော်ရာကျဦးမည်။

ပွဲထဲကလူတစ်ချို့ ကုန်လုနီးပါးဖြစ်တော့မှ နမ်ဂျွန်အိမ်တော်ထဲပြန်ဝင်လာသည်။ ပုံစံတွေသည်တစ်ခါမျှမမြင်ဖူးလောက်မဲ့ မာချိုးမှု့တွေနှင့်။ ဒေါသထွက်ရခြင်းကမင်္ဂလာပွဲပျက်ရသည်ကြောင့်တော့မဟုတ် စိတ်ရူးဖောက်ပြီးသူစိမ်းတစ်ယာက်ကိုသွားနမ်းခဲ့ခြင်းကြောင့်။

သူက ဂျေကေ့ကိုဆို သူစိမ်းနဲ့အသားသေးသေးလေးအစ အထိခံဖို့မပြောနဲ့ ''ဂျေကေကစတိုင်လ်မိုက်တယ်နော်...တော်တော်ကြည့်ကောင်းတာပဲ''လို့ ပြောမိခဲ့ဖူးတဲ့ဆွေမျိုးတစ်ယောက်ကိုတောင် ကုန်းကောက်စရာမရှိတော့အောင်
ဘဝပြောင်းပေးခဲ့တဲ့လူစားမျိုး။

ဒီလောက်အထိကာကွယ်ထားပြီး ဂျေကေ့အရိပ်ကအစ မော်မကြည့်ရဲအောင်ထားထားခဲ့ပေမယ့် လူဆိုးကောင်က ခုန်ဆင်းချင်နေပြန်တော့ ဒီ့ထပ်တင်းကြပ်မှတော်ရာကျမည်။

''ကောင်လေးရော...!!''

''အခန်းထဲမှာ ထည့်ထားတယ် ဆရာလေး!!''

ဘယ်ပုံနဲ့ကိုင်တွယ်ရမလဲ သူအဖြေတော့ကြိုထုတ်လာခဲ့ပြီးပြီ။ ဒီမင်္ဂလာပွဲကိုအဖက်ဖက်ကအတိုက်အခိုက်ကြားထဲကနေ ဂျေကေ့မျက်နှာပဲကြည့်ပြီးစီစဉ်ခဲ့ရတာကို အချည်းနှီးဖြစ်သွားရလောက်အောင်ဖျက်လိုဖျက်ဆီး လုပ်သွားတဲ့အရူးစိတ်တွေကိုပုံစံတော့ပြန်ပြောင်းပစ်မှရမည်။

''ဆရာလေး...ဂျေကေကအခန်းထဲ တစ်ယောက်မှဝင်မလာနဲ့တဲ့ ''

အခန်းရှေ့ကဝန်ထမ်းတစ်ယောက်က ပြာပြာသလဲဟန့်တားလိုက်တဲ့အခါ သူဟက်ခနဲရီချလိုက်သည်။ ဒီပုံစံအတိုင်းဆို အနေအထားတစ်ခုအထိဂျေကေ့ပုံစံတွေပြောင်းနေလောက်ပြီဟုလည်းသူယူဆမိပါ၏။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now