တံခါးပေါက်တစ်ခု

88 4 6
                                    

မနက်ခင်းနိုးထလာကတည်းက စိတ်ကကြည်လင်စွာပါ။ နွေးထွေးခဲ့တဲ့ကိုယ်လေးကတော့ ငြိမ်သက်နေခဲ့ပြီ။ဒီလို ချစ်စရာသိပ်ကောင်းလွန်းတဲ့မာနခဲလေးက သူဌေးပါ့ခ်ဆိုတာကျိန်ပြောရင်တောင်ယုံကြပါဦးမလား။
လေးလေးပင်ပင်ကိုယ်လေးကို သူသိမ်းကြုံးပြီးအားနဲ့တဖန်ဖြစ်ညှစ်မိလိုက်သေးတော့ 'အိပ်နေတုန်း'ဆိုပြီးတင်တင်စီးစီး ပြန်ပြောလိုက်ပါသေး၏။

ရင်ခုန်ရာလေးကိုအပိုင်အနေနဲ့သိမ်းယူမိခဲ့ပြီလို့ပြန်တွေးမိရင် ရင်ဘက်တွေဗိုက်တွေထဲ လိပ်ပြာအကောင်တစ်သန်းလောက်မြူးတူးကုန်ပြီ။ ဘယ်လောက်အထိသဘောကျခဲ့လည်းမေးရင်း ပြောမပြတက်အောင်ပါပဲ။ ဘယ်မျှ ဘယ်၍ချစ်ကြောင်းဖွင့်ပြောလို့မရ ဖွင့်ဟပြလို့မရ ရင်ခုန်ရာလေးကိုတွေးမိရင် ရင်ခုန်လာရလို့ပဲပြောပြနိုင်ဦးမည်။

''ကိုယ့်ဘဝမှာ တစ်ခါမှ ဒီလောက်ထိမပျော်ခဲ့ရဖူးဘူးထင်တာပဲ ....ညကအကြောင်းပြန်တွေးမိပြီး....''

''ကျစ်...အိပ်တုန်းလို့ဆို''

ပြောနေတဲ့စကားတွေတိခနဲရပ်တန့်သွားရသည်။  ဟိုထိဒီကပ် ဆံပင်နားလေးခပ်ဖွဖွနမ်းနေလိုက်ပြီး ဒါတောင်ငြိမ်ပြီးခံနေသေးတယ်ဆိုတော့ သူတစ်ဆက်တည်းသဘောကျရပြန်သည်။ ယောက်ျားလေးနှစ်ယောက်က ချစ်လို့မရဘူးလေ ဆိုပြီးပြောခဲ့ဖူးတဲ့သူတွေပါပဲ။ သူရော ရင်ခုန်ရာလေးရော ခါးခါးသီးသီးငြင်းခဲ့ဖူးတဲ့ဖြစ်ရပ်တွေရှိခဲ့ဖူးသေးတာကို။

''ရှေ့လျောက် ဘယ်လိုအတားအဆီးမျိုးကိုမဆို ကိုယ့်ရဲ့ပါ့ခ်ကိုမထိခိုက်စေရဘူး...''

''...ခင်ဗျားနဲ့တွေ့ဆုံလိုက်ကတည်းက ငါ့ဘဝကထိခိုက်နေပြီ''

အိပ်မှုန်စုတ်ဝါးအသံလေးနဲ့ပက်ခနဲပြန်လှမ်းပြီးရန်တွေ့လိုက်သေးတဲ့ ပါ့ခ်ရဲ့
နှဖူးလေးကိုခပ်ဖွဖွလေးနမ်းပြီး ရဲတင်းဖို့နှစ်သိမ့်ပေးလိုက်၏။
ဟုတ်တော့လည်းဟုတ်သည်။ဒါတွေက အမှန်တရားတွေမို့သူစိတ်မကောင်းဖြစ်ရပြန်၏။ဘာလို့များဒီချစ်ခြင်းတွေနဲ့ကြုံဆုံနေရလဲ။ ရေစက်တွေလားဖူးစာတွေလား သို့မဟုတ်ကျိန်စာတွေလား ဘာနေနေရင်ဆိုင်ဖို့သတ္တိတွေကရောဘယ်ကရောက်လာခဲ့တာလဲ။ အပိုအလုပ်မလုပ်တတ်တဲ့သူကရော ဘာလို့ဒီလိုစိတ်တွေပြောင်းလဲသွားရတာလဲ။ ချစ်ခြင်းတရားက ဒေါသစွတ်နေတဲ့ အညိုရောင်မျက်ဝန်းလေးနဲ့စတင်ခဲ့တာပါလား။သိပ်တန်ဖိုးကြီးလိုက်တာ။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now