လွတ်မြောက်ခြင်းပန်းချီကား

194 28 23
                                    

.
.
''ယောက်ျားနှစ်ယောက်ပဲ...မုန်းစရာကောင်းလိုက်တာ....!''

''ကယ်လ်ဗင်...''

''ဒီနားကနာလာတာ... ဂျွန်စမ်းကြည့်ပါဦး''

ဘာတွေကြောင့်ဖြစ်နေပါတယ်ဆိုပြီး ကယ်လ်ဗင်ကအတည်ပြုစေချင်နေပုံပါ။ တုန်ရီနေတဲ့လက်တစ်စုံက သူ့လက်ပေါ်မှာအုပ်မိုးထားပြီး တဒိန်းဒိန်းခုန်နေတဲ့နှလုံးသားအပေါ်စမ်းကြည့်ပါဆိုတော့... အော်...ကယ်လ်ဗင်ဂျုန်းက လူသတ်လက်နတ်မလိုဘဲ လစ်လျူရှု့ခြင်းတွေနဲ့ သူ့ကိုသတ်နေခဲ့တာပဲ။

''အစ်ကိုမဟုတ်လား... ကယ်လ်ဗင်...အဲ့တာကြောင့်ဒီလိုခံစားလိုက်ရတာ...''

''မဟုတ်တာ...မဟုတ်တာဂျွန်ရာ...ကိုကို့ကို ကျွန်တော်ကတစ်ခါလေးတောင်အစ်ကိုအနေနဲ့မသတ်မှတ်ဖူးဘူး...''

''ဒါချစ်နေတာ ဂျွန်...ကျွန်တော်ကိုကို့ကိုချစ်နေတာ...''

''ဒါပေမယ်...ကျစ်..ဒါပေမယ့်....မြင်တဲ့အတိုင်းပဲသူကပိုင်ရှင်နဲ့လေ''

နမ်းရှုံ့နေသည့် မြင်ကွင်းသည်ရှင်းရှင်းလင်းလင်းပင် ဖြစ်သွားခဲ့ပြီး။လတ်တလောမယုံနိုင်စရာဖြစ်ရပ်တွေကို သူကိုယ်တိုင်လည်းမနည်းလိုက်မီအောင်ကြိုးစားယူနေရသည်။

''ပိုင်ရှင်ရှိရင် ဖယ်ပေးရတယ်ဂျုန်း....ဒါလူ့စည်းမျည်းတွေပဲ...''

ဂျွန်နသန်က
ထိုစကားလေးတစ်ခွန်းပြောလိုက်ရုံပါပဲ။
သူဒါလေးပြောခဲ့သည်ကိုပင် ကယ်လ်ဗင်ဘက်က ငိုကြွေးခြင်းတွေနှင့်စတင်လိုက်ပြီ။

ချစ်ရသူကတခြားလူအပေါ်စိတ်ရောက်နေတာကို ဖြောင်းဖြနေရတာလောက် ငရဲကျတာမျိုးရှိပါဦးမလား။ကယ်လ်ဗင်ဂျုန်းက သူ့အပေါ်ကိုတော့ လစ်လျူရှု့နိုင်လိုက်တာများ။

''လုလို့တော့ရတယ်မဟုတ်လား...''

''ကယ်လ်ဗင်...ပိုင်ရှင်နဲ့ပါဆို.. သူ့မှာချစ်ရမဲ့လူရှိပြီးသား ...ဒီလိုတွေမလုပ်ပါနဲ့လား...ကယ်လ်ဗင်ကလူကောင်းလေ ဒါယုတ်မာတဲ့ဘက်ရောက်တော့မှာ''

သူ့ရဲ့ထိန်းထားတဲ့ဒေါသတွေပေါက်မထွက်ခင် ချုပ်တည်းထားရသည်ကိုတော့ကယ်လ်ဗင်ကသိမယ်မထင်။ ဂျွန်နသန်ဆိုတာ လိုချင်တာရှိရင် သူ့လက်ခုတ်ထဲကရေလို အာဏာနဲ့သိမ်းယူလို့ရနိုင်တဲ့အခြေအနေပေမယ့် ရောဂါသည်လေးနဲ့မှ အထိအခိုက်မခံ လေသံမာမာတောင်မပြောရက်ဘဲ ထိခိုက်မိမှာစိုးလို့။ သူဒီလောက်အထိ တန်ဖိုးထားခဲ့ရတာတောင် ကယ်လ်ဗင်ဆိုတာယုတ်ယုတ်မာမာနဲ့ကို ပေးနေတဲ့အချစ်တွေကိုလစ်လျူရှု့ပြီး သူ့အတွက်မဟုတ်ခဲ့တဲ့အချစ်ကိုကျတော့ လိုလိုချင်ချင်မက်မက်မောမောနဲ့။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now