ပေါလ်ကအိန်ဂျယ်လ်လေးမို့...

237 24 44
                                    


နီးနီးကပ်ကပ်မျက်ဝန်းတွေကိုမြင်ရသည်မို့ ထိုမျှလောက်လှတဲ့မျက်ဝန်းမျိုးသူ မမြင်ဖူး ။မြင်ဖူးချင်လည်းမြင်ဖူးလိမ့်မည် ဒါကသူ့အတွက် ကြံဖန်သဘောကျနေမိတဲ့ လုပ်ကြံဇာတ်တွေမို့ပါ။ ဆွဲဆောင်မှု့မရှိတဲ့နှုတ်ခမ်းပေါ်ကမှဲ့လေးက သူ့ကိုရူးခါရချေရဲ့ဆို ပေါလ်ကတော့မူမမှန်တာသေချာနေပြန်ပြီ။

''ကောင်းပြီလေ''ဟုပေါလ်ဆိုကာ စက်ဘီးဘားတန်းပေါ်တက်ရန်ပြင်သည့်အခါ အီသန်သည်လည်း မယုံမကြည်ဟက်ခနဲရီမိသည်။
ပြီးနောက်အီသန်သည်စက်ဘီးပေါ်ရှည်မြောမြောအရပ်နဲ့တက်ခွလျက် ခြေထောက်တွေကမြေပြင်ပေါ်ထောက်ထားကာနေသည်။
ထိုအခါပေါလ်ကလက်ကိုင်ဘက်ကိုတော့မဟုတ်အတွင်းဘက်ရှေ့တိုးပြီး လက်ကိုင်တွေကိုကိုင်ကာ ဘားတန်းပေါ်ဆွေ့ခနဲဘေးတစောင်းထိုင်ချလိုက်တော့သည်။

ခန္ဓာကိုယ်တွေသည်နီးနီးကပ်ကပ်ထိကပ်လုလျက် အီသန်စက်ဘီးစနင်းသည်အခါ ကိုယ်ချင်းထိကပ်သွားတော့သည်။ ရင်ခုန်သံတွေသည်လည်းဆူညံလျက် တစ်ချက်ချက်လည်ပင်းနားကအသက်ရှူငွေ့သည်ပေါလ်ဘဝတွေပျက်စီးသလိုခံစားနေရ၏။

အကြောင်းပြချက်တစ်ခုဖန်တီးပြီး ရင်ခုန်ရာနောက်လိုက်ကြည့်မိသည်။ အဖြေတွေတွေ့လိုတွေ့ညားစွန့်စားချင်သည်။ ဖြေရှင်းရခက်ခဲမဲ့ပုစ္ဆာတွေထဲကတစ်ခုဆိုတာ သေချာပေမယ့် အခုသူကြုံတွေ့နေရတာကတော့ ဖြေရှင်းရခက်ခဲမဲ့ပုစ္ဆာထက် အဖြေမရှိတဲ့ပုစ္ဆာဆိုပိုမှန်လိမ့်မည်။ အမှားတွေနဲ့စတင်ထားတဲ့အရာတစ်ခုက စလယ်ဆုံးမှားယွင်းသွားမည်ဆိုတာ သူမသိတာတော့မဟုတ်။ သို့သော်ညား ရင်ခုန်ရသည့်အကြောင်းပြချက်လေးတစ်ခုကြောင့်သာသူဒီလောက်ထိလက်တည့်စမ်းကြည့်မိခြင်းပင်။

''မရောက်သေးဘူးလား!!ခင်ဗျားငါ့ကိုဘယ်ကိုခေါ်ချလာတာလဲ''

''ကျွန်တော့ကိုယုံပါပေါလ်!! ''

''မစ္စတာထည့်ခေါ်စမ်း!!ခင်ဗျားကဘာအဆင့်အတန်းရှိနေတာမို့ငါ့ကိုနာမည်တပ်ခေါ်နေရတာလဲ...''

အရှေ့ကမာန်နဲ့မဲနေသော်လည်း ပေါလ်ကမည်မျှတောင်ချစ်ဖို့ကောင်းလိုက်မှန်း ပြောစရာတွေပျောက်ရှခဲ့သည်မို့ အီသန်ပြုံးရီနေယုံအပြင်မတက်နိုင်ခဲ့သည်။သူသည်လည်းရင်ဘက်ထဲဗြောင်းဆန်နေခဲ့သည်မဟုတ်လား။ ရိုင်းစိုင်းပါစေဦး သည်းခံနိုင်သည်ဆိုတာထက်နာစရာအချင်းအရာတစ်ခုမဟုတ်တော့သည်အတွက် ပေါလ်နှုတ်ကထွက်သမျှချိုလှသည်။ ပေါလ်ရိုင်းစိုင်းသမျှ ယခုတွင်သူအတွက်တော့ချစ်စရာအတိ။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now