အိပ်မက်တစ်စ

101 9 4
                                    

ဂျီမင်ရှေ့ကသွားနေတဲ့ဟိုဆော့က လမ်းလျောက်လိုက် နောက်လှည့်ကြည့်ရင်းကားစောင့်လိုက်နှင့် ပျမ်းမျှတစ်နာရီဝန်းကျင်ရှိလောက်မည်။
ထိုအနေအထားအရ နှစ်ယောက်စလုံးက စကားတစ်ခွန်းမှပြောထားပုံလည်းမရသလို ကျောင်းဆရာက သူမတူအောင် အေးစက်စက် တည်တည်ငြိမ်ငြိမ်။

ဂျီမင်သည် ကျောင်းဆရာအနောက်လှည့်ကြည့်မဲ့အချိန်ကိုစောင့်ပြီးမျက်နှာတွေအမိအရလိုက်ဖမ်းကြည့်သည်။

စိတ်မကောင်းဖြစ်သွားတာလား သူပြောဆိုတာလွန်သွားခဲ့လို့များလား သူထားခဲ့မယ်ဆိုပြီးပြောလိုက်မိလို့လား သို့လောသို့လောအတွေးတွေက အနောက်မှာတစ်ယောက်တည်းအဖြေထုတ်ဆဲ။ သူဒီလိုမဟုတ်ခဲ့ပါဘူး ကျောင်းဆရာနဲ့တွေ့မှ သူ့စိတ်တွေက ထွေနေခဲ့တာ ။

''အချိန်ကတဖြည်းဖြည်းမှောင်တဲ့ဘက်ရောက်တော့မှာ...ဂျီမင်လမ်းလျောက်ရတာညောင်းနေပြီလား... ''

''ညောင်းနေပြီ... ခင်ဗျားရော ရရဲ့လား''

ဒီတစ်ခွန်းကိုအချိန်အကြာကြီးနေမှဟိုဆော့ဘက်က စပြောတော့ ဂျီမင်အမိအရပြန်ဖြေတာ လျင်လျင်မြန်မြန်ပဲမို့ ဟိုဆော့ဘက်ကထူးဆန်းစွာလှမ်းကြည့်သည်။
ဆောင်းရာသီမို့ နေ့တာတိုသည်။ထို့ကြောင့်ပင် အချိန်ကစောစောစီးစီးကို အုံ့ဆိုင်းကျနေသေးသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကအေးစိမ့်နေရတဲ့ကြား ကျောင်းဆရာရဲ့ တိတ်ဆိတ်ခြင်းက အကြောင်းမဲ့သူ့အတွက် ပိုလို့နေရဆိုးခဲ့သည်။

''ဟုတ်လား... ဒီဘက်ကျတော့ မြို့ပြနဲ့နည်းနည်းအလှမ်းဝေးတော့ ကားကြုံလိုက်ဖို့ကရှားသွားပြီ...နားလက်စနဲ့ပဲ ခနထိုင်စောင့်ကြည့်ကြတာပေါ့...လာ ပါ့ခ်ကဒီနေရာမှာလာထိုင်နေ''

ဟိုဆော့ကပြောပြောဆိုဆိုနဲ့ မြေခပ်မို့မို့လေးပေါ်သူ့အိတ်ထဲကဖတ်လက်စစာအုပ်ကိုခုပေးလိုက်ပြီး သူဌေးပါ့ခ်ကိုထိုင်စေဖို့အဆင်သင့်လုပ်ပေးလိုက်သည်။ပြီးတော့ ကားလမ်းပေါ်တက်ပြီးအခြေအနေပြန်စစ်သည်။လမ်းသည်ရှင်းရှင်းလင်းလင်းကိုပင်။
တစ်စီးတစ်လေဖြတ်သွားတဲ့ကားကို အမိအရလှမ်းတားခဲ့လည်း သူသူကိုယ်ကိုယ်ခရီးတစ်ခုမှာ ရှုတ်ရှုတ်ရှက်ရှက်မခေါ်ချင်တဲ့သူတွေပဲမို့ ကားရပ်ပေးဖို့ဆိုတာဝေးစွ။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now