ချစ်ခြင်းမေတ္တာတွေဟာစစ်မှန်ခဲ့ပါတယ်

96 7 19
                                    

အနီရောင်ဇာပါးပါးလက်အိတ်လေးဝတ်ထားတဲ့ လက်ချောင်းလှလှလေးဟာ ကျစ်ကျစ်ပါအောင်ဆုတ်ထွေးထားပြီး အဆောက်အဦးရဲ့တစ်နေရာကနေလှမ်းကြည့်နေခဲ့ခြင်းဖြစ်ပြီး ရုတ်တရက်မထိန်းနိုင်တော့တဲ့အဆုံးရှိုင့်သံလေးထွက်လာခဲ့ရသည်။ သူမ မစ္စတာပေါလ်ကို ဆက်တိုက်စောင့်ကြည့်နေခဲ့တာ အချိန်တစ်ခုကြာနေပါပြီ။ သူမလက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူဟာ လိင်တူချစ်ကြိုက်သူဖြစ်နေခဲ့မှန်း ဒီနေ့မှာသက်သေနဲ့တွေ့လိုက်ရတဲ့အတွက် ဆောက်တည်ရာမရ သူမပြေးထွက်လာမိခဲ့သည်။

''မေ......!!''

''မေ...ဘာဖြစ်တာတုန်း...''

အနောက်က လိုက်လာခဲ့တဲ့မိဘတွေကို သူမရှက်ရှက်နဲ့ဘယ်လိုပြောပြရမှန်းမသိ။ သူမပြောပြလိုက်ရင်ရော မစ္စတာဟာသူမကိုချစ်ဦးမှာတဲ့လား။ သူမမပြောပြခဲ့ရင်ရော မစ္စတာဟာသူမကိုလက်ထပ်ခဲ့ပါဦးမလား။

အတွေးတွေဟာ သူမအတွက်လမ်းပျောက်စရာတွေချည်းပါပဲ။

လောလောလတ်လတ် လာပေးထားတဲ့မျက်စိရှေ့က မင်္ဂလာဝတ်စုံတွေကိုသူမရုတ်တရက်ဆွဲယူလိုက်ကာ ကတ်ကြေးနဲ့ထိုးခွဲလိုက်မိသည်။ မင်္ဂလာဝတ်စုံတွေသည်ပင် အစိတ်စိတ်အမွှာမွှာ။ငယ်ရွယ်လွန်းတဲ့သူမရဲ့အပျိုစင်ဘဝကိုတောင် သူ့ဆီမှာစိတ်မရှိနေတဲ့ မစ္စတာ့ဆီ ပေးပစ်ဖို့အထိ တွေးတောခဲ့တာကို မစ္စတာကတော့ ဒီလိုလုပ်ရက်ခဲ့တာလား။ လှပလွန်းတဲ့အမျိုးသားတစ်ယောက်မို့ အမျိုးသမီးတွေနဲ့ရှုပ်ထွေးပွေလီနေတယ်လို့ထင်နေခဲ့တာကို အခုဟာကရှုပ်ခဲ့တာတောင်အဆင့်အတန်းမဲ့အပ်ချုပ်သမားတစ်ယောက်နဲ့တဲ့။ ပေါလ်က အချစ်မှာကျိန်စာမိနေခဲ့တာများလား။

''ဘာဖြစ်တာတုန်း....ဘာလို့ရုတ်တရက်ကြီး သိက္ခာမဲ့ဒီလိုတွေလုပ်နေရတာလဲ sweetheart ...သမီးလေး....ဒါမင်္ဂလာဝတ်စုံတွေမဟုတ်လား...''

အမျိုးသမီးကြီးက ဒါတွေရပ်တန့်သွားစေဖို့ဟန့်တားလိုက်တဲ့အခါ သူမအံကြိတ်ကာနေသည်။ဒေါသထွက်နေမှု့ကသူမအသားတွေပါတဆက်ဆက်တုန်လာတဲ့အထိပါပဲ။

''...ပေါလ်...ဒီအချိန်ကြီးဘယ်ကနေပြန်လာတာလဲ!!''

သူမအသံတစ်ခုကြောင့် အခန်းထဲကအပြင်ကို ဒေါသတကြီး ပြေးထွက်ကြည့်မိတဲ့အခါ ညှိုးငယ်နေတဲ့မျက်နှာနုနုလေးနဲ့မစ္စတာဟာ သူမကိုလှမ်းကြည့်လိုက်ပါသေးသည်။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now