ကျွန်တော့ရဲ့ပေါလ်...

291 32 77
                                    

လှေကားထစ်တွေကို အဆင့်ကျော်ခွရင်း အီသန်ခြေထောက်နှင့်မြေပြင်မထိတော့သည်အထိကြွရွနေခဲ့သည်။ဖြစ်စဉ်တွေသည် အစအဆုံးပြန်ပြီးခေါင်းထဲဝင်လာလျက် ခါးသေးသေးလေးနားရောက်လျှင် ပြုံးမိသည်။ လက်သေးသေးပုပုတိုတိုလေးနားရောက်လျှင် ရင်ဘက်တွေဖိမိရသည်။
ဂုတ်ပိုးနားလေးကမွှေးညှင်းလေးကိုအသာထိကပ်မိရင် နှလုံးခုန်နှုန်းရပ်တန့်လုမည်။ ထိုမျှလောက် မစ္စတာပေါလ်ပါ့ခ်က အလှကြီးလှခဲ့သည်မို့ အီသန်ကိုယ်တိုင်ပင်မယုံမကြည်ဖြစ်နေရသည်။
ထိုအလှမျိုးလေးကိုထိမိဖူးသည်မို့ သူကံကောင်းသည်ဟုပင်မှတ်ချက်ချရဦးမည်။ စော်စော်ကားကားရိုင်းရိုင်းစိုင်းစိုင်းလေးပေမယ့်ဒါတွေကပဲ ပေါလ်ပါ့ခ်ရဲ့ဆွဲဆောင်မှု့မျိုးပါပဲဟု။

သတိထားမိချိန်တွင် ခြံအပြင်သို့ရောက်နေပြီး စိတ်တွေသည်အတောမသတ်နိုင်ဘဲရှိနေလျက် ထိုနေရာကနေပြီး အီသန်တစ်နေရာကိုလှမ်းငေးကြည့်နေပြန်သည်။ ရေစက်ဆိုးနဲ့တွေ့ဆုံရပေမယ့် ရေစက်ဆိုးကိုပဲကျေးဇူးတင်မိလိုက်ချင်သလို။ ရိုင်းစိုင်းမောက်မာနေတာကိုကချစ်စရာအတိဆို အီသန်ရူးနေတာအသေအချာပင်ဖြစ်ရမည်။

''လှမ်းကြည့်လိုက်... ဒါဆိုပြန်တော့မယ် ကျွန်တော့ရဲ့ပေါလ်''

မြိုင်ဆိုင်နေသည့်အိမ်တော်ကြီးကနေ တောက်ပမှု့လေးကိုထပ်မံတွေ့နေရသလို ငေးကြည့်ရပြန်ပြီး
အီသန်သည် နှုတ်က ခပ်တိုးတိုးလေးရွတ်ရုံရွတ်နေသည်။
အသိတော့မကပ် ပါးစပ်ကထွက်ချင်ရာထွက်နေခဲ့ပြီး
အကြည့်တွေကတော့ ပြတင်းပေါက်က အိန်ဂျယ်လ်လေးတစ်ယောက်ကိုသာ အကြည့်ပို့ထားသည်။

''ဟင်....!!''

အန်ကယ်လ်ကြီးအခန်းပြင်ထွက်သွားသည့်အခါ ပေါလ်သည်
ဘာရယ်မဟုတ် စိတ်တွေထိန်းချုပ်မရတော့သည်ကြောင့်
ငြိမ်ဆိမ်အောင်နေကြည့်သော်လည်းမရတော့သည်မို့ ဖွင့်ရက်ရှိနေသေးသည့်ပြတင်းပေါက်နား မတ်တပ်ရပ်ကာအသက်ဝဝရှူနေရသည်။ သို့သော် သူ့ပြတင်းပေါက်ကိုငေးကြည့်နေပြန်တဲ့လူကြောင့် ပေါလ်ရင်ဘက်တစ်နေရာဖိချမိသည်။ သေချာပေါက်ကို သူ့အခန်းကိုငေးမောကာကြည့်နေတဲ့အတွက် ပေါလ်အံ့သြနေသည့်ပုံစံတွေနှင့်။ အမြင်မမှားဘူးဆို သူပြုံးသွားသေးသည်။ လှလှပပကိုပြုံးရင်းမော့ကြည့်နေပြီး ခနအကြာကျောပေးပြီးထွက်သွားသည်။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now