January 6,2022 ဘူဆန်မြို့.
.ကြီးမားတဲ့ကမ်းလှမ်းချက်ကို မနက်စောစောဟိုတယ်ရဲ့မလှမ်းမကမ်းနားမှာ သက်သေထူရင်းကျောင်းဆရာတစ်ယောက် ငြိမ်ငြိမ်လေးရပ်စောင့်နေလိုက်သည်။
ရင်ခုန်ရာလေးဟာ တင်တင်စီးစီး ဟိုတယ်အပြင်ဘက်မှာစောင့်နေဆိုတဲ့စကားတစ်ခွန်းနဲ့ သူဆိုတာနာခံတက်တဲ့လူဖြစ်လာခဲ့ပြီ။ ရင်ခုန်ရာလေးရဲ့အခွင့်အရေးပေးမှု့ကို လက်လွှတ်လိုက်ရရင်သူ့လောက်မိုက်မဲတဲ့သူဆိုတာရှိမယ်တောင်မထင်ဘူး။ ကျောင်းဆရာလား ရိုသေတန်မဲ့တဲ့လုပ်ရပ်တွေလား ရင်ခုန်ရာလေးနဲ့သာဆို သူဆိုတာ ဆယ်ကျော်သက်လူပျိုပေါက်လေးတွေလို စိတ်လှုပ်ရှားလွန်းနေလို့ ကျောင်းဆရာတွေဘာတွေလည်းတွေးမနေနိုင်တော့ဘူး။ဘာတွေပဲလုပ်လုပ် သိက္ခာတွေကျမယ်ဆိုပြီးတင်းခံခဲ့တဲ့ကာလတစ်လျောက်လုံးကို အညိုရောင်မျက်ဝန်းလေးနဲ့ငေးကြည့်လိုက်ခဲ့ကတည်းက သူဆိုတာ ရင်ခုန်ရာလေးရှိတဲ့အရပ်မှာပဲ သိသိသာသာသိက္ခာအကျခံချင်နေခဲ့တာ။
ယုတ္တိမရှိချင်စရာအချစ်မျိုးပါ။ မြင်မြင်ချင်းစွဲလန်းသွားရလောက်တဲ့အထိဆို ပိုတောင်ယုတ္တိမရှိချင်စရာ။ ဒါဆိုရင်လည်း လှပလွန်းတဲ့ယောက်ျားလှလှလေးကို မမြင်ဖူးသေးလို့ဆိုပြီးသူပြန်တောင်ချေပလိုက်ဦးမလားပဲ။
''တက်!!''
ဘေးနားထိုးရပ်လာတဲ့ကားပေါ် ဟိုဆော့တက်ခဲ့လိုက်ပြီး သူ့ဆီမှာပါလာတဲ့ ကိုယ်တိုင်ဖျော်ကော်ဖီနှစ်ဘူးနှင့်မုန့်တစ်ချို့ကိုဂျီမင်ကသိသိသာသာမျက်စိရောက်နေခဲ့သေးသည်။ ဘေးလွယ်အိတ်ထဲအပိုအင်္ကျီတစ်စုံရယ်နှင့်စာအုပ်တစ်အုပ် ထိုမျှသာပါတော့အိတ်ပြားပြားကပ်ကပ်ကိုပင် ကားနောက်ခန်းကြားထဲလှမ်းပို့လိုက်သေးပြီး။
''မနက်ကတည်းက ကော်ဖီထဖျော်လာတာ! အပူခံခွက်တွေမဟုတ်တော့ အေးတော့အေးနေပြီ... ဒါပေမယ့်မုန့်တော့ကောင်းပါသေးတယ်... ဂျီမင်စားချင်သေးလား''
''ငါမနက်ခင်းပိုင်းစားလေ့မရှိဘူး!!''
ဟုတ်လားဆိုသည့်စကားနှင့် ဟိုဆော့ကပါလာတဲ့မုန့်တွေကိုအရသာခံကာစားနေလိုက်သည်။မနက်ခင်းပိုင်းစားလေ့မရှိတာပဲဖြစ်ဖြစ် သူကျွေးတဲ့မုန့်မစားချင်တာပဲဖြစ်ဖြစ် ဘာမှဒရာမာခင်းနေစရာမလိုပါဘူး သူကိုယ်တိုင်တောင်ကားထဲရောက်နေနှင့်ပြီပဲကို။
YOU ARE READING
𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|
Fanfictionစောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1) စောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1)