safety zone

212 26 35
                                    

.
1923ခုနှစ် အောက်တိုဘာ ၁၃ရက်။

သတင်းစာရဲ့ခေါင်းပိုင်းထိပ်မှာ မစ္စတာပေါလ်ပါ့ခ်ရဲ့အောင်မြင်မှု့ဟာ ဂုဏ်ယူစွာဖြင့်ပင်ပါလာတက်ပြီး မင်္ဂလာပွဲကဓာတ်ပုံတစ်ချို့သည်ဟာလည်းလိုက်ဖက်ညီစွာ လန်ဒန်သတင်းစာတိုင်းလိုလိုပါလာတက်သေးသည်။

ဂုဏ်သရေရှိအဆင့်တန်းတူညီစွာ လက်ထပ်ပွဲဟာ အုပ်အော်သောင်းနင်းဖြစ်သွားသည်အထိ လန်ဒန်တစ်မြို့လုံးစိတ်ဝင်စားခဲ့ကြသေးသည်။

jazzအဆိုကျော်မစ္စတာပေါလ်ပါ့ခ်နှင့်သူ၏ဇနီးသည်ဖြစ်သူ မစ္စစ်မေတို့ဟာ မည်မျှပင်လိုက်ဖက်ညီကြောင်းနှစ်ယောက်တွဲယှဥ်ရပ်နေရုံဖြင့်ပင် လူတွေမျက်စိကျစရာဖြစ်ရပြီး ဘုရားပေးတဲ့စုံတွဲတဖြစ် သတင်းစာတွေရဲ့ခေါင်းစဥ်တွေဟာအမျိုးမျိုးသောဖြင့် သုံးနှစ်တိုင်ယခုအထိပါလာတက်ဆဲ။

မည်မျှပင်ဇာတ်လမ်းလေးတွေရှိခဲ့ပါတယ်ဆိုဦး အပေါ်ယံအမြင်သာအရေးကြီးဆုံးပေမို့
မစ္စတာပေါလ်ပါ့ခ်ဆိုတာ သူ့နေရာနှင့်သူပြန်ထားခဲ့နိုင်ပါ၏။

''လန်ဒန်တစ်မြို့လုံး ခန်းမရှေ့ရောက်နေသလားမှတ်ရတယ်...''

''ဒီနေ့က မစ္စတာပေါလ်ရဲ့မွေးနေ့မဟုတ်လား.... တော်တော်ကြာမှပြန်နားထောင်ရတဲ့ ဖျော်ဖြေမှု့ပဲ''

''ဒီတစ်ခေါက်ပွဲတော့ တက်ဖြစ်မှာပါနော်...အရင်လိုရောက်မလာတာမျိုးဆို ဘယ်လိုလုပ်မလဲ ဒါလင်''

''သတင်းသမားတွေတောင် လက်မှတ်မရလို့ စျေးကြီးပေးပြီးဝယ်ခဲ့ရတယ်တဲ့''

''အို...အီတလီကနေတောင်လာခဲ့ရတာလား...''

''..မစ္စတာပေါလ်ပါ့ခ်တို့ဇနီးမောင်နှံရဲ့ သတင်းတွေက အံ့မခန်းပါပဲ''

တစ်ယောက်တစ်ပေါက်ဖြင့် လန်ဒန်ရဲ့တစ်နေရာမှာပွဲတော်လိုစည်ကားနေသေးလျက်။
ဝတ်ကောင်းစားလှတွေဖြင့် ပွဲအခန်းအနားကိုရောက်လာကြတဲ့သူတွေဟာ ဂုဏ်သရေရှိအဆင့်အတန်းမြင့်တွေချည်းပဲမို့ ထိုနေရာသည်ပင် တော်ရုံလူဝင်နိုင်ဖို့ရာမလွယ်ကူ။

မစ္စတာပေါလ်ပါ့ခ်ရဲ့ အိမ်ထောင်သက်သုံးနှစ်အကြာမှ ပြန်လည်ဖျော်ဖြေတဲ့ ပွဲပေမို့ လူကြိတ်ကြိတ်တိုးဖြစ်ခဲ့ရသည်မှာ အံသြစရာတော့ရှိနိုင်မယ်မထင်။
.
.
.
''...မစ္စတာ...မစ္စတာပေါလ်...အိပ်ပျော်နေတာလား!''

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now