ညသည် စိတ်ကူးယဥ်စရာဖြစ်သည်

295 31 25
                                    


ပေါလ်သည်ကုတင်ပေါ်မှာတင် ခွေခေါက်ပြီးအသက်ကိုပုံမှန်ပြန်ရှူနိုင်ဖို့ ငြိမ်သက်စွာနေနေရပြီး အချိန်ယူနေပုံရသည်။

မယုံကြည်နိုင်စွာ သူ့နှုတ်ခမ်းတွေကိုပြန်ထိကိုင်ကြည့်လိုက်၏။
အခုထိတောင်စိုစွတ်နေတုန်းပဲမို့ သူ့ကိုယ်သင်းနံ့လေးရော ကိုယ်မှာစွဲငြိနေသလိုခံစားရသည်ကြောင့် ပေါလ်တစ်ယောက် ဝတ်ထားတဲ့အင်္ကျီတွေကို သတိမထားမိလိုကျပါဘဲ ရှူရှိုက်နေမိပြန်သည်။

ဘာတွေကြောင့်ရင်ဘက်တွေကထိန်းမနိုင်သိမ်းမနိုင် ခုန်နေမှန်းမသိပေမယ့် သူဟာအခုမှပထမဆုံး မရင်းနှီးတဲ့ရင်ခုန်သံတစ်ချို့ခံစားမိခြင်းဖြစ်မည်။
တစ်ဖက်ကိုရှက်လွန်းလို့မောင်းထုတ်မိခဲ့ပေမယ့် အထိအတွေ့တစ်ခုတည်းနဲ့တင် ကမ္ဘာပျက်သလိုခံစားလိုက်ရတာမျိုးက
ရှက်ဖို့ကောင်းတဲ့ကိစ္စရပ်တွေပါပဲ။ ယောက်ျားချင်းမို့ပိုတောင်အရှက်မဲ့ခဲ့သေးသည်။

''မစ္စတာပေါလ်...!! ''

ကုတင်ပေါ်လှဲနေရင်းက တံခါးနှစ်ချက်လောက်ခေါက်ကာဝင်လာသည့်
အန်ကယ်လ်ကြီးသည် ခပ်တုန်တုန်လေသံဖြင့်ဆိုသည့်အခါ ပေါလ်မျက်နှာတင်းတင်းဖြင့်ပြန်လှမ်းကြည့်သည်။

''ဘာတုန်း!!''

''ဟို...မစ္စတာပေါလ်နဲ့စစ်တုရင်ကစားဖို့ မစ္စမေက အခုပဲစိန်ခေါ်ထားတယ်တဲ့''

''သိပြီ... ငါခနနေလိုက်လာခဲ့မယ်!!''

ခပ်မာမာလေသံတွေအသွင်နဲ့ ပေါလ်ရဲ့မျက်နှာထားတွေသည်တင်းတင်းမာမာပါပဲ။ ပေါလ်ပါ့ခ်ဆိုတာ ဘယ်အချိန်အကြည့်ကြည့်မာန်မာနအပြည့်နဲ့ယောက်ျားတစ်ယောက်ပုံစံမျိုးပဲဖြစ်နေရမည်ဟု ကိုယ်တိုင်ပုံစံခွက်ချထားခဲ့သည်။

ပေါလ်သည် ညဝတ်အင်္ကျီအပေါ်က အနီရောင်ကတ္တီပါဝတ်ရုံရှည်ကိုလွှားကာ အပျော်အပြက် စိန်ခေါ်ထားသည့်စစ်တုရင်ပွဲဆီသွားရန်ပြင်လိုက်သည်။
.
.

''ဟားဟား...မိန်းမလှလေးမေကြောင့် အလျော့ပေးရတော့မယ်ထင်တယ်ဗျာ...''

ပေါလ်စကားကြောင့် စစ်တုရင်ကစားနေသည်ကိုစိတ်ဝင်တစားကြည့်နေကြတဲ့ မိသားစုတစ်ချို့နဲ့ လေဒီမေတို့သားအမိနှစ်ယောက်ကပါ သဘောကျမဆုံးရယ်မောကြသည်။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Donde viven las historias. Descúbrelo ahora