အနမ်းတစ်ခုဖန်တီးမိခဲ့ခြင်း

372 36 16
                                    


အစိုးရရုံးရှေ့ရောက်ဖို့ဆို သိပ်မလိုတော့ဘဲ
မလှမ်းမကမ်းမှာတင်မြင်နေရပြီဖြစ်၏။
လန်ဒန်၏ဘူတာလမ်းသည် ခရီးသည်ရှင်းလင်းသည့်အချိန်ကရှားသည်မို့ တစ်ယောက်စနှစ်ယောက်စ ထိုစကားဝိုင်းကို စူးစမ်းနေကြပြီး ပိုစိတ်ဝင်တစားရှိနေကြသည်။

သူသည်ဘယ်သူဘယ်ဝါရယ်မှန်းမသိ ဒေါသကြောင့်
အကြွေစေ့တစ်ချို့ဖြင့်အားပါပါပေါက်ပြီးကာမှ
ထိုယောက်ျားငယ်၏ ပါးတစ်ဖက်တွင်သိသိသာသာစီးကျလာသည့်သွေးစတွေကြောင့် လွန်သွားပြီဟုတော့စိတ်ကတွေးမိလိုက်သေး၏။ သူသည်ထိုမျှလောက် ဖြစ်ပျက်သွားဖို့ရာမရည်ရွယ်ခဲ့။

''How dare you?''

leatherလက်အိတ်တွေ ဝတ်ထားသည့်ထိုလက်ဖြင့်ပါးတစ်ဖက်ကိုဖိဖုံးလျက်
ထိုယောက်ျားငယ်မျက်ထောက်နီဖြင့် သူ့အားအကြည့်ပို့ကာ သိသိသာသာကိုပင်တုန်ရီနေတဲ့လက်ချောင်းလေးတွေကြောင့် သူတွေဝေမိပြန်သည်။
သူဆိုတာဘယ်တုန်းကမှ လူတစ်ယောက်အသားနာအောင်လုပ်မိဖို့မပြောနဲ့ လေသံမာနဲ့တောင်မဆိုဖူးတာမို့
ဒီဖြစ်စဉ်တွေကြောင့် သူ့အမှားမကင်းတော့ဘူးဟုဆုံးဖြတ်မိသည်။ သူထိုအမျိုးသားငယ်အပေါ်မှားခဲ့တာတော့အမှန်ပါ။

''ဟား...ကိုကို!! မလုပ်ပါနဲ့... ကျွန်တော့ဘက်ကပဲတောင်းပန်ပါတယ် မစ္စတာပေါလ်!!''

ကိုးရီးယားဒေသိယစကားဖြင့် ထိုယောက်ျားငယ်ကို ဂျုန်းပြောတော့ သူနားမလည်စွာဂျုန်းအားကြည့်၏။

''ကိုကို.. အဲ့တာ မစ္စတာပေါလ်ပါ့ခ် ကိုကိုရဲ့!ဘယ်လိုလုပ်လိုက်တာလဲဗျာ...''

ပေါလ်ပါ့ခ်အကြောင်း ဂျုန်းခနခနပြောဖူးလို့ သူသိသည်။
ထိုသူက လန်ဒန်မှာအခြေချနေထိုင်ပြီး ကိုးရီးယားနွယ်ဖွား jazz အဆိုကျော်ဖြစ်ပြီး
သူ၏ဓာတ်ပြားချပ်တွေ စက်ရုံမှာခနခနဖွင့်တက်တဲ့အတွက် သူဆိုတာမမြင်ဖူးရင်တောင်နာမည်ပြောရုံဖြင့် ကလေးလူငယ်အကုန်သိသည့် အောင်မြင်တဲ့အဆိုကျော် ပညာရှင်ပါပဲ။

''အန်ကယ်လ်ဘက်ကပဲတောင်းပန်ပါတယ်ကွယ်...
မစ္စတာပေါလ်ကလည်း ကောင်လေးထိခိုက်သွားတယ်ထင်လို့ ငွေကြေးပေးမိတာနေမှာပါ ''

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Donde viven las historias. Descúbrelo ahora