Chapter 7

4.6K 991 80
                                    

ZAWGYI

Ch7-ဒီမှာလမ်းသရဲတစ်ကောင်လိုက်တွယ်ကပ်နေတယ်{ရှိုက်ငို}

သူတို့အမှောင်ဖုံးတဲ့လကို အောင်အောင်မြင်မြင်သတ်လိုက်ပြီးနောက် ယွဲ့ရန်ရဲ့စိတ်အခြေအနေက တိမ်ထူထပ်တာကနေ နေသာတဲ့ဆီပြောင်းသွားသည်။ သူနဲ့ကျန်းရှောင်းက ဒုတိယအဆင့်ပွဲတွေကို ဆက်ကစားသည်။ စောင့်နေရင်းမှာ ယွဲ့ရန်က သီချင်းတစ်ပုဒ်ညည်းလိုက်ပေမယ့် နှစ်ကြောင်းလောက်ညည်းပြီးနောက် သူ့ပါးစပ်သူပြန်ပိတ်သွားသည်။

သူ့ညီငယ်လေးက အပြင်ပိုင်းမှာမာနကြီးအထက်စီးဆန်ပြီး အတွင်းပိုင်းမှာတော့ ကြင်နာတတ်တယ်ဆိုတဲ့ ချင်ရှို့ကျယ်ပြောစကားကို ကျန်းရှောင်းသတိရသွားတာကြောင့် သူ့ပါတနာက သူ့ရဲ့ကလေးဆန်မှုတစ်ဖက်ခြမ်းကို မပြသချင်တာမို့ သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်တယ်လို့ ကျန်းရှောင်းခန့်မှန်းလိုက်ုသည်။

"မင်းဘာလို့ရပ်လိုက်တာလဲ"

ယွဲ့ရန် : "ပွဲစတော့မယ်လေ"

သူ့အသံကအလွန်တည်ငြိမ်နေပေမယ့် အဆုံးနားမှာတော့ အဟုန်ကအနည်းငယ်မြင့်သွားသည်။ ပျော်ရွှင်မှုအချို့က သိသိသာသာကို စိမ့်ထွက်နေ၏။

ကျန်းရှောင်းက အကြောင်းအရင်းမရှိပါဘဲ ပြုံးရယ်လိုက်ကာ မေးလိုက်သည်
" မင်းဒီဂိမ်းကိုမဆော့ဖြစ်တာ ကြာပြီဆို ဟုတ်လား?"

ယွဲ့ရန်ကပြန်ဖြေလိုက်၏ "ဟုတ်တယ်"

ကျန်းရှောင်းက အနောက်ကနေအသာလေးမှိန်းလိုက်ကာမေးလိုက်သည်
"ဘယ်လောက်ကြာပြီလဲ?"

"သုံးနှစ်"

"သုံးနှစ်အတွင်း မင်းဂိမ်းကိုတစ်ခါမှမထိခဲ့ဖူးလား?"

"ဟုတ်တယ် ကျွန်တော်က ကျောင်းဆောင်မှာနေတာလေ"

သုံးနှစ်အတွင်း ဂိမ်းကိုပထမဆုံးအကြိမ်ကစားခြင်း

ဆင့်ခေါ်သူလေးဒီနေ့ပြသခဲ့တာက ရှင်းလင်းစွာကိုပဲ သူ့ခွန်အားအမှန်မဟုတ်သေးဘူးပေါ့?

နည်းနည်းတော့ထူးဆန်းတယ်။ ဒီနေ့က သူတို့ပထမဆုံးအကြိမ်တွေ့ဆုံတာဆိုပေမယ့် ဒီဆင့်ခေါ်သူလေးနဲ့ အချိန်ဖြုန်းလေလေ ပိုပြီးကျေနပ်ဖို့ကောင်းလေလေလို့ ကျန်းရှောင်းခံစားရသည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now