Chapter 32

3.7K 831 27
                                    

ZAWGYI

Ch 32 – အား! မုန်တိုင်း တိုက်ရိုက်ထုတ်လွှင့်နေပြီ!
___________________

ခုချိန်လေယာဉ်ပေါ်ရှိနေမှာမို့ ကျန်းရှောင်းက သဘာဝကျစွာပင် အော့ဖ်လိုင်းဖြစ်နေလေသည်။

နေမင်းနက်က အနည်းငယ်ဝမ်းနည်းကြေကွဲမိပေမဲ့ နောက်ဆုံး၌ ကြယ်လေးပြန်ရောက်လာပြီဆိုကတည်းက အနည်းဆုံးတော့ သူတို့တွေနောင်ကျ အတူတူထပ်ကစားလို့ရနိုင်သေးတာကြောင့် သူစိတ်လျော့လိုက်၏။

ကြည်လင်နေမင်းဖြူက ဂျူပီတာကြယ်တာရာရဲ့နောက်ဆုံးသောအခြေအနေတွေအကြောင်း နေမင်းနက်ကိုပြောပြနေသည်အား အခွင့်အရေးရယူလျက် ယွဲ့ရန် သူ့ဖုန်းကိုလျင်မြန်စွာပင်ထုတ်ကာ ကျန်းရှောင်းထံ WeChatမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည် : [ခင်ဗျားဒါကိုမြင်မြင်ချင်း ကျွန်တော့်ကိုဆက်သွယ်ပေးပါ!]

နည်းနည်းလောက်ထပ်တွေးပြီးနောက် သူစိတ်သက်သာရာမရသေးပေ။

၎င်းနောက် သူနောက်ထပ်မက်ဆေ့ခ်ျတစ်စောင်ထပ်ပို့လိုက်၏ : [ကျွန်တော်ကလွဲပြီး ဂိမ်းထဲကလူတိုင်းကိုလျစ်လျူရှုထားလိုက်။ အထူးသဖြင့် အမှောင်ဖုံးတဲ့လနဲ့ကျန်သူတွေ!!!]

သူပေးပို့သည်အားနှိပ်ပြီးတော့မှပဲ သူ့နှလုံးသားက ပို၍စိတ်သက်သာရာရသွားတော့သည်။

သူမက်ဆေ့ခ်ျပို့နေတဲ့အချိန်အတွင်း၌ နေမင်းနက်က ကြည်လင်နေမင်းဖြူ၏အကျဉ်းချုပ်ရှင်းပြမှုကနေ ဂျူပီတာကြယ်တာရာရဲ့ရည်ရွယ်ချက်အား သိရှိသွားလေသည်။ သူပွစိပွစိပြောလိုက်သည်
“ အမှောင်ဖုံးတဲ့လက ရုတ်တရက်ကြီး ငါ့ကိုဆာဗာသစ်ဆီလာဖို့ပြောတဲ့အချိန် အညှီနံ့တစ်ခုခုရနေတာ၊ ဒီတော့ ဒါတွေအားလုံးကသူ့ကြောင့်ပေါ့”

အမှောင်ဖုံးတဲ့လက အပြုံးတစ်ပွင့်နှင့်အတူပြောလာသည်
“လူတစ်ယောက်ပိုလာတယ်ဆိုတာက အကြံဥာဏ်တွေအတွက် ဦးနှောက်တစ်ခုတိုးလာတယ်လို့ ဆိုလိုတာပဲ”

သူတို့တွေက နှစ်ပေါင်းများစွာကြာအောင် သူငယ်ချင်းတွေဖြစ်ခဲ့ကြတာ။ သူတို့၏နက်ရှိုင်းသောသူငယ်ချင်းဆက်ဆံရေးနှင့်အတူ သူတို့မပြောနိုင်တဲ့အရာမရှိပေ။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now