Chapter 40

3.8K 795 43
                                    

ZAWGYI

Chapter 40 – ဒီနေ့ကစပြီး ဆင့်ခေါ်သူလေးက သူ့အမြင်အောက်မှာ ရှိနေတော့မယ်

___________________

ကျန်းရှောင်းက တစ်ခဏလောက် သူ့အမူအရာကို မထိန်းထားနိုင်ခဲ့။

သူ သိပ်မဝေးတဲ့နေရာက သေဆုံးပြီးခန္ဓာကိုယ်ကို တိတ်တဆိတ်တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ သူ့စိတ်အား သူမစုစည်းရသေးခင် ယွဲ့ရန်ထံမှ နောက်ထပ်မက်ဆေ့ခ်ျတွေ သူလက်ခံရရှိလိုက်သည်။

{Private} ကြွေလွင့်တော့မဲ့ကြယ် : ဒါကို လျို့ဝှက်ချက်အနေနဲ့ ထားထားနော်။ ကျွန်တော့်ဝမ်းကွဲခုထိမသိသေးဘူး။

{Private} မုန်တိုင်း : ဘာလို့ကိုယ့်ကိုပြောပြတာလဲ

{Private} ကြွေလွင့်တော့မဲ့ကြယ် : ကျွန်တော်နောက်မှရှင်းပြမယ်

ဘာကြောင့်လဲဆို ပါးက သူ့ရေခဲမုန့်နှင့်ပြန်လာပြီလေ။

ယွဲ့ရန် သီးသန့်စကားပြောခန်းဝင်းဒိုးအားပိတ်ကာ သူ့ကုသသူကာရိုက်တာကို ယွဲ့ရန်ရှေ့မှာ အရှေ့အနောက်ရွေ့လျားနေပြီး သူ့(ယွဲ့ရန်)ပြန်စာအားစောင့်နေသည့် အမှောင်ဖုံးတဲ့လဆီ ပြန်သွားလိုက်သည်။

{All} ကြွေလွင့်တော့မဲ့ကြယ် : မင်းငါ့ကိုရိုက်ချင်တယ်ဆိုရင်လဲ ငါ့ကိုရိုက်လေ

{All} အမှောင်ဖုံးတဲ့လ : ဒါပေမဲ့ ဒါကငါတို့ဆက်ဆံရေးကို ထိခိုက်နာကျင်စေလိမ့်မယ် [ပြုံးပြ]

{All} ကြွေလွင့်တော့မဲ့ကြယ် : ဒါဆို မင်းအဲ့မှာပဲရပ်နေပြီး ငါ့ကိုရိုက်ခွင့်ပေး

{All} အမှောင်ဖုံးတဲ့လ : မရဘူး

{All} ကြွေလွင့်တော့မဲ့ကြယ် : အနားယူတာကိုသုံးပြီး ငါ့ကိုရိုက်ခွင့်ပေး

{All} အမှောင်ဖုံးတဲ့လ : မရဘူး

{All} ကြွေလွင့်တော့မဲ့ကြယ် : ငါရပ်နေပြီး မင်းကိုရိုက်ခွင့်ပေးမယ်

{All} အမှောင်ဖုံးတဲ့လ : မင်းငါ့ကိုအဲ့လိုလုပ်ခွင့်ပြုမှာလား?

{All} ကြွေလွင့်တော့မဲ့ကြယ် :ဒီတစ်ခေါက်တော့ မရဘူး မပြောတော့ဘူးလား?

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now