Chapter 33

3.9K 823 64
                                    

ZAWGYI

Ch 33 – မင်းတို့ကောင်တွေ ဘာလို့ဘာမှမပြောကြတာလဲ?
__________________________________

ကျန်းရှောင်း ပထမဆုံးလုပ်သည့်အရာကတော့ ချင်ရှို့ကျယ်အား သွားရှာခြင်းပင်။

ချင်ရှို့ကျယ်က သူ၏အရံကောင့်ဖြစ်သည့် ငိုကြွေးနေသောတံတိုင်းအကောင့်ထံ ဝင်ခါစပဲရှိသေး၏။ မုန်တိုင်းက ယခုညတိုက်ရိုက်ထုတ်လွှင့်မှုရှိတာကြောင့် နေမင်းဖြူက rankပွဲစဉ်တစ်ခုအတွက် သူ(မုန်တိုင်း)နှင့်အတူပါဝင်ခဲ့သည်။ ထို့ကြောင့် ချင်ရှို့ကျယ်လည်း ထုတ်လွှင့်မှုအား သွားကြည့်ခဲ့ပြီး ယခုမုန်တိုင်းက သူ၏ထုတ်လွှင့်မှုအား ပိတ်သိမ်းလိုက်ပြီဖြစ်ရာ သူ၏ဆရာဖြစ်သူ ဆာဗာသစ်ထံသို့ ပြန်လာတော့မှာကို သူသိတာကြောင့် လက်ရှိအချိန် သူ၏အရံအကောင့်ထံ သူဝင်ရောက်လာရခြင်းပင်။

ကျန်းရှောင်း၏WeChatမက်ဆေ့ခ်ျကို လက်ခံရရှိလိုက်တဲ့အချိန် သူအတန်ငယ်အံ့အားသင့်သွားတာမို့ သူပြန်ဖြေလိုက်သည် : [အယ်လ်ဖာ?]

[ကျန်းရှောင်း : ဟုတ်တယ်၊ သူဘယ်သူမှန်း မင်းသိလား]

[ချင်ရှို့ကျယ် : ရန်ရန့်မှာ ရင်းနှီးတဲ့အိုမီဂါသူငယ်ချင်းနှစ်ယောက်ရှိတယ်လို့ပဲ ငါသိထားတာ]

[ကျန်းရှောင်း : ဒါဆို အဲ့အယ်လ်ဖာက အတန်းဖော်လား]

[ချင်ရှို့ကျယ် : ဖြစ်နိုင်တယ်၊ ငါမင်းအတွက် စစ်ဆေးပေးမယ်]

သို့ပေမဲ့ သူချက်ချင်းလက်ငင်းမမေးလိုက်ပေ။

ကျန်းရှောင်းက ဒီသူငယ်ချင်းအကြောင်းကို သိပြီး သိပ်မကြာခင် အကယ်၍ ချင်ရှို့ကျယ်က သူ့ဝမ်းကွဲအား ထိုသူငယ်ချင်းဟုခေါ်သူအကြောင်း မေးလိုက်မည်ဆိုလျှင် ၎င်းက သူတို့၏ရည်ရွယ်ချက်အား အရမ်းသိသာသွားစေလိမ့်မည်။ ‘ခံစားချက်’ ရေးရာကဏ္ဍမှာ ယွဲ့ရန်မည်မျှပင်တုံးအရိုးစင်းနေပါစေ၊ တစ်ခုခုမှားယွင်းနေမှန်းတော့ သူသေချာပေါက်ပြောနိုင်ပေလိမ့်မည်။

ထို့ကြောင့် ချင်ရှို့ကျယ်အနေဖြင့် တစ်ခဏလောက်ကြာအောင် ကစားပြီးမှ သူ့ဝမ်းကွဲအား သီးသန့်စကားစပြောရန် စီစဉ်လိုက်၏။ အဖွင့်စကားအနေဖြင့် သူဆက်စပ်ရာအကြောင်းအရာတစ်ခုရွေးချယ်လိုက်သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now