Chapter 38

3.5K 751 27
                                    

ZAWGYI

Chapter 38 - ငါတို့ကြယ်လေးပြန်ရောက်လာမှုအတွက် ဂုဏ်ပြုပါတယ်
________________________

{Horn} သိုင်းပညာမှာအထွတ်အထိပ် : ကြီးမြတ်တဲ့ကြွေလွင့်တော့မဲ့ကြယ်ရေ၊ ကျေးဇူးပြုလို့ ဒီကိုလာကြည့်ပြီး ငါ့ရဲ့သိချင်စိတ်လေးကို ကျေနပ်အောင်လုပ်ပေးပါအုံး [ဝမ်းနည်း] [ဝမ်းနည်း] [ဝမ်းနည်း]

ဂျူပီတာကြယ်တာရာက enterခလုတ်အားနှိပ်လိုက်ပြီး သူ့မော်နီတာအား ကျေနပ်တင်းတိမ်သောမျက်နှာဖြင့် ပြုံးကြည့်လိုက်သည်။

ဒီရက်တွေမှာ ထိုဖန်တွေက သူ့အားနောက်တစ်ကြိမ်တိုက်ခိုက်ဖို့သာ အော်ဟစ်နေခဲ့ပြီး သူ့အားအခြားအခွင့်အရေးမပေးခဲ့ပေမဲ့ သူကိုယ်တိုင်အရံအကောင့်တစ်ခုဝယ်ယူကာ ညစ်တီးညစ်ပတ်ကစားတော့သည်။ ယခု သူလှုပ်ရှားရန်အသင့်ဖြစ်နေကာ ကစားသမားတွေရဲ့စိတ်အခြေအနေအား အခြားတစ်ယောက်ဆီရွေ့ပေးလိုက်၏။ ကြွေလွင့်တော့မဲ့ကြယ်က ဆက်လက်တိတ်ဆိတ်နေနိုင်မယ်လို့ သူမယုံပေ။

ကြွေလွင့်တော့မဲ့ကြယ်သာ ထွက်လာပြီး တိုက်ခိုက်သရွေ့ A----သတ်ဖြတ်သူ၏ကစားပုံအား လေ့လာရန် သူအခွင့်အရေးရယူနိုင်သည်။ ဒီနည်းလမ်းဖြင့် နောက်ထပ်မကျေပွဲကျရင် သူ့မှာပိုပြီးယုံကြည်မှုရှိလာပေလိမ့်မည်။

ဒီရက်အတွင်း သူ၏လေ့လာမှုအရ ကြွေလွင့်တော့မဲ့ကြယ်က A----သတ်ဖြတ်သူထက် နိမ့်ကျပြီးရှုံးနိမ့်နိုင်ခြေရှိကြောင်း သူပြောနိုင်သည်။ သူတစ်ကြိမ်ရှုံးသွားကတည်းက သူကြွေလွင့်တော့မဲ့ကြယ်ကိုလည်း ရှုံးနိမ့်သွားစေချင်နေတာပင်။ တစ်လက်စတည်း သူလူတွေရဲ့အာရုံစိုက်မှုကိုလည်း လမ်းကြောင်းပြောင်းပေးနိုင်၏။ ကျောက်တုံးတစ်တုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။

ပိုပြီး ဆူညံပွက်လောရိုက်လာသောworld chatအား သူကြည့်နေရင်း သူ့ကျေနပ်သောအပြုံးက ပိုမိုကျယ်ပြန့်လာကာ ကြွေလွင့်တော့မဲ့ကြယ်တုံ့ပြန်လာမှာအား စိတ်ရှည်ရှည်စောင့်ဆိုင်းနေလိုက်သည်။

မုန်တိုင်းဗဟိုရှိလူနှစ်ယောက်ကတော့ arenaခန်းထဲမှာပင်။

သူတို့တွေ တန်ပြန်အစီအစဉ်အား ဆွေးနွေးနေခြင်းဖြစ်ကြောင်း ကျန်းရှောင်းသိပေသည်။ အခန်းနံပါတ်အားမေးပြီးနောက် သူအခန်းထဲဝင်ဝင်ချင်း နေမင်းဖြူ၏အသံအားကြားလိုက်ရသည်
" ဒါက အဲ့ခွေးကောင်လုပ်နေတာပဲဖြစ်ရမယ်!"

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now