Chapter 35

3.8K 779 56
                                    

ZAWGYI

Chapter 35 – ငါမင်းကိုခွင့်လွှတ်ပေးလိုက်မယ်၊ ကြက်ပေါက်
__________________________________

သူ့ခြင်္သေ့အား ခွန်အားတိုးပွားစေရန် ယွဲ့ရန်မှာ ရေဂုဏ်သတ္တိရှိပစ္စည်းအများအပြား စုဆောင်းခဲ့ရသည်။ သူ၏ အခြားသောဂုဏ်သတ္တိရှိပစ္စည်းကောင်းအားလုံးနီးပါးအသုံးပြုခဲ့သော်ငြား အဆုံးမှာတော့ မည်သည့်အရာပဲဖြစ်နေပါစေ၊ ကြက်ပေါက်စရဲ့အစာအိမ်ထဲမှာပင် အားလုံးအဆုံးသတ်သွားတော့သည်။

သူ လက်သည်တရားခံအား အရှင်လတ်လတ်ဝါးစားချင်တဲ့ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေမိသည်။

ကျန်းရှောင်းက လူငယ်လေးဆီမှ မည်သည့်လှုပ်ရှားမှုကိုမှ မမြင်တော့ သူအစပြုကာမေးမြန်းလိုက်၏။

{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : မင်းပစ္စည်းတွေ သုံးပြီးပြီလား?

ယွဲ့ရန် ထိုအကြောင်းအားမပြောချင်ပေ။

{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : မင်းပစ္စည်းတွေသုံးလိုက်ပေမဲ့ မှန်ကန်တဲ့ဒြပ်စင်ကိုခုထိမရသေးဘူးလား?

ယွဲ့ရန်တိတ်ဆိတ်နေဆဲ။

ကျန်းရှောင်း မျက်မှောင်ကြုတ်လိုက်၏။

{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : မင်းရှိနေသေးရဲ့လား?

{Private} A----သတ်ဖြတ်သူ : ကျွန်တော်မနက်ဖြန်မှ သန့်စင်တော့မယ်။ နောက်ကျနေပြီ ဝမ်အန်း

{Private} သဏ္ဌာန်မဲ့ခွဲဖြာခြင်း : ?

ဆင့်ခေါ်သူလေး လက်ရှိရပ်နေရာနေရာမှ ပျောက်ကွယ်မသွားခင် ကျန်းရှောင်းခမျာ အမေးသင်္ကေတလေးတစ်ခုသာ ပို့ဖို့အချိန်ရလိုက်သည်။

တစ်ခုခုမှားယွင်းနေမှန်း ခံစားမိတာမို့ သူ့ဖုန်းအားထုတ်ယူကာ WeChatမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်၏ : [မင်းအဆင်ပြေရဲ့လား]

[ခေါင်းမာသောယွဲ့ရန် : အင်း ’night ]

ထို ’night က ‘စကားဆက်မပြောချင်ဘူး’ ဆိုတာရဲ့ သွယ်ဝိုက်ပြောဆိုမှုမှန်း ကျန်းရှောင်းမြင်နေရသည်။ တစ်ခုခုမှားနေပြီမှန်း သူသိလိုက်၏။ သန့်စင်မှုအတောအတွင်း အမှားတစ်ခုခုဖြစ်သွားတာဖြစ်လိမ့်မယ်ဟု ခန့်မှန်းမိတော့ နောက်ထပ်အချက်အလက်တွေအတွက် ယွဲ့ရန်အား သူမနက်ဖြန်ကျမှ မေးရုံသာပဲရှိတော့သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now