Chapter 24 {Unicode}

4K 733 18
                                    

Ch 24 - ဆာဗာသစ်မှာ စွမ်းအားကြီးတဲ့Supportဆင့်ခေါ်သူတစ်ယောက် ပေါ်လာတယ်


စစ်ကူတွေရောက်လာကတည်းက  ကိစ္စတွေက ခပ်မြန်မြန်ပဲ ထိန်းချုပ်မှုကနေလွတ်ထွက်သွားသည်။

ပထမဦးဆုံး နတ်ဘုရားသုံးပါးက ဟွန်းတွေသုံးခဲ့ကြပြီးနောက် ပါဝင်ခဲ့တဲ့အဖွဲ့တွေအားလုံး voice chatထဲမှာ တွေ့ဆုံကာ အဖြူရောင်Koiခေါင်းဆောင်က ကိစ္စတွေအား အောက်ခြေကနေ သိရှိသွားပြီး ဂိုဏ်းထဲကနေ အဖွဲ့သားလေးယောက်ကိုထုတ်ပယ်တာနှင့်အဆုံးသတ်သွား၏ _ ဂိုဏ်းထဲမှာ ဒီလောက်အချိန်အတော်ကြာအတူရှိခဲ့တာမို့ ကိစ္စတွေက ဒီထိရောက်သွားချိန် ဂိုဏ်းသားတွေအကုန်ဝမ်းနည်းနေကြသည်။ သို့ပေမဲ့ သူတို့ စစ်မှန်စွာဖြင့် ရသစုံမခံစားနိုင်သေးခင်မှာ အနာဂတ်ကောင်းကင်ဘုံမုခ်ဦးကပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် voice chatကပါထွက်သွားသည်။ သူတို့မှာ သူ့ကိုဂိုဏ်းထဲဆက်နေရန် တိုက်တွန်းဖို့အချိန်လေးတောင်မရလိုက်ဘူး။
အသံစကားပြောခန်းက တစ်ဖန်ပေါက်ကွဲကုန်တော့သည်။

“မဟုတ်တာ သူကဘာလို့ထွက်သွားရတာလဲ? သူ့အပြစ်မဟုတ်ဘူးလေ”

“ငါတို့သူ့ကိုအပြစ်တင်မှာကို သူကြောက်နေတာလဲဖြစ်နိုင်တာပဲ” တစ်စုံတစ်ယောက်က မှန်းဆလာသည်။

“တကယ်လို့ သူ့အတွက်သာမဟုတ်ဘူးဆိုရင် မိုးလေးနဲ့ကျန်သူတွေက လျို့ဝှက်ကြံစည်ဖို့ ဆွဲဆောင်ခံရမှာမဟုတ်ဘူး။ အနာဂတ်ကျ သူတို့နဲ့ဆက်ဆံရေးကောင်းခဲ့သူတွေက ကသိကအောက်ဖြစ်စရာတွေဖန်တီးမှာစိုးလို့ထင်တယ်”

“ငါတို့ဂိုဏ်းထဲက လူအများစုမှာ ကောင်းမွန်တဲ့သုံးဖက်မြင်အမြင်တွေရှိပါတယ်။ ဒီအတွက်ငါတို့သူ့ကိုအပြစ်မတင်ပါဘူး။ ခေါင်းဆောင်ရေ ကျေးဇူးပြုပြီး သူ့ကိုပြန်ခေါ်ပေးပါအုံး”

“အမှန်ပဲ ငါစခရင်ရှော့တွေကိုမြင်တုန်းက ရိုင်းပျမိသွားတယ်။ ငါသူ့ကိုတောင်းပန်ရအုံးမယ်”

ကျန်းရှောင်းငြင်းပယ်လိုက်သည်
“သူ့ကိုသွားခွင့်ပြုလိုက်ပါ”

သူတို့ခေါင်းဆောင်ကို အရင်ဆုံးကြိုးစားကြည့်ခိုင်းစေချင်တာကြောင့် မည်သူကမှ ထိုသို့မလုပ်ချင်ပေ။ သို့သော် သူ့အဖြေအား သူတို့ကြားလိုက်ရချိန် ခပ်မြန်မြန်ပဲ အခြားခေါင်းစဉ်တစ်ခုပြောင်းလိုက်ကြ၏။

“ဟေး…ခေါင်းဆောင် ရှင်ဘာလို့သူနဲ့ ဟန်ဆောင်ရတာလဲ?”

“မင်းတို့တွေက စုံတွဲအစစ်မဟုတ်ပေမဲ့ သူအိုမီဂါဖြစ်တာကတော့ အမှန်ပဲမဟုတ်လား?”

“ခေါင်းဆောင် မင်းသူ့ကိုစိတ်ဝင်စားနေတာလား မဝင်စားဘူးဆိုရင် ငါတို့ကိုအခွင့်အရေးလေးတစ်ခုပေးပါ!”

“ဟုတ်တယ်”

“နေပါအုံး သူကစင်ဂယ်လ်လို့ ဆိုလိုတာလား?”

ကျန်းရှောင်းတည်တည်ငြိမ်ငြိမ်တုံ့ပြန်လိုက်သည်
“ငါမသိဘူး”

သူတို့ရဲ့အတင်းအဖျင်းတွေကို သူဆက်နားမထားချင်တော့တာကြောင့် ထိုအခန်းထဲမှထွက်ကာ ကျပန်းအခန်းငယ်ထဲjoinလိုက်၏။ ထို့နောက် သူ့ဖုန်းထုတ်ကာ ချင်ရှို့ကျယ်ဆီမက်ဆေ့ချ်ပို့လို့ ယွဲ့ရန်အကြောင်းမေးလိုက်သည်။

[ချင်ရှို့ကျယ် ခပ်မြန်မြန်ပြန်ဖြေလာသည် : ငါသူ့ကိုနာမည်ပြောင်းကူပွန်ဝယ်ပေးလိုက်တယ်။ သူ မကစားခင် နာမည်ပြောင်းချင်နေလို့]

ကျန်းရှောင်း စိတ်သက်သာရာရသွား၏။

သူတို့က ဂိမ်းထဲမှာ အချင်းချင်း သူငယ်ချင်းတွေအနေနဲ့ အပ်ထားတာမို့ ယွဲ့ရန်က သူ့ကာရိုက်တာကိုလုံးဝပြောင်းလဲလိုက်ရင်တောင်မှ ယွဲ့ရန်ကကျန်းရှောင်းအား မရှင်းပစ်နိုင်ပေ။ သို့ပေမဲ့ တရားခံတွေအား သုတ်သင်ဖယ်ရှားခြင်းနဲ့ ဆင့်ခေါ်သူလေးက ဂိုဏ်းထဲမှလူတိုင်းရဲ့စွပ်စွဲခြင်းအား ခံခဲ့ရပုံတို့ကို ပြန်တွေးမိသွားရာ သူရိုးရှင်းတဲ့နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်၏ : [သူအဆင်ပြေရဲ့လား]

[ချင်ရှို့ကျယ် : အင်း သူအဆင်ပြေပါတယ်။ တကယ်တော့ သူကငါ့ဘေးမှာတင်။ မင်းစိတ်ပူတယ်ဆို ငါတို့ဗီဒီယိုကောလ်ပြောလို့ရတယ်]

[ကျန်းရှောင်း : မလိုဘူး]

ချင်ရှို့ကျယ်က အဖြေကိုမျှော်လင့်ထားပြီးသားဖြစ်တာမို့ ဘာမှမဖြစ်သွားပေ။

သူ WeChatကိုပိတ်ကာ ဖုန်းကိုလော့ခ်ပြန်ခတ်လိုက်သည်။ သူ့ဝမ်းကွဲညီလေးဘက်လှည့်ပြီး
“မင်းရဲ့အရင်ယောက်ျားက မင်းအကြောင်းမေးနေတယ်။ မင်းဘယ်အချိန် လိုင်းပြန်တက်မှာလဲ?”

ယွဲ့ရန်ပြန်ဖြေလိုက်၏
“မနက်ဖြန် မနက်စောစော”

ဘာလို့လဲဆိုတော့ မနက်စောစောမှာ ကစားသမားတွေ အတော်လေးနည်းပါးတာကြောင့်ပင်။ တောင်ကြားလိုနေရာမျိုးတွေဆို ပိုလို့တောင်လူသူကင်းမဲ့သေး၏။ အသိအကျွမ်းတွေနဲ့တွေ့ဖို့ သူ့အတွက် အခွင့်အရေးပိုနည်းပါးပေသည်။ ၎င်းက သူ့နာမည်နဲ့အသွင်အပြင်ကိုပြောင်းလဲရန် ပြီးပြည့်စုံသောအချိန်ပင်။

ချင်ရှို့ကျယ်ခေါင်းညိတ်လိုက်၏။ သူဖုန်းကို စားပွဲပေါ်ပြန်ပစ်တင်ပြီးပြီးချင်း ရုတ်ခြည်းတစ်စုံတစ်ရာကိုသတိရသွားကာ လော့ခ်ပြန်ဖြည်လိုက်ပြီး ရှာဖွေလှန်လှောလို့ ကျန်းရှောင်းပုံတစ်ပုံအားနှိပ်လိုက်သည်။
“ကြည့်အုံး ဒါက မင်းယောက်ျားဟောင်းလေ”

ယွဲ့ရန် သိလိုစိတ်ဖြင့်လှမ်းကြည့်လိုက်သည်။

ဓာတ်ပုံထဲမှအမျိုးသားက အေးစက်ပြီး ချဉ်းကပ်ရခက်ခဲပုံပေါ်ပေမဲ့ အရမ်းခံ့ညားပေသည်။ သူက သူတို့*ကျောင်းမြက်လေးထက်တောင် ဆယ်ဆလောက်ပိုချောမောခံ့ညား၏။

[*ကျောင်းရဲ့အချောဆုံးသူ၊ အများအားဖြင့် အမျိုးသားကိုရည်ညွှန်းသည်။ မိန်းကလေးတွေကိုဆို ကျောင်းပန်းလေးဘာညာပေါ့]

ချင်ရှို့ကျယ်က အပြုံးလေးဖြင့်စနောက်လိုက်သည်
“ကြည့်ပါလား ငါမင်းခြေထောက်ကိုမဆွဲထားဘူးနော်။ သူက အရမ်းကိုချောတယ်မလား?”

“အမှန်ပါပဲ” ယွဲ့ရန် စိတ်ရင်းမှန်ဖြင့် သဘောတူလိုက်၏
“ဒါပေမဲ့ သူဘယ်လောက်ချောနေပါစေ ကျွန်တော်နဲ့မှမဆိုင်တာ”

ချင်ရှို့ကျယ်မျက်ခုံးပင့်ပြီး
“မင်းမှာ သဘောကျရတဲ့သူရှိနေပြီလား?”

ယွဲ့ရန် မပွင့်တပွင့်ပြောလိုက်၏
“မရှိဘူး”

သူ့ဝမ်းကွဲအား ပါးစပ်ပိတ်ရန်အတွက် သစ်သီးစိတ်ပန်းကန်ပြားကို တွန်းပို့လိုက်သည်။

“ဆရာဝန်ပြောတာကတော့ ကျွန်တော့်ဘဝမှာ အယ်လ်ဖာmateတစ်ယောက်ကို ရှာနိုင်မှာမဟုတ်တော့ဘူးတဲ့”

ချင်ရှို့ကျယ်ရှော့ခ်ရသွားရင်း မတ်မတ်ထိုင်မိသွားသည်။
“မင်းဘာကိုဆိုလိုတာလဲ”

ယွဲ့ရန် သူ့ဝမ်းကွဲအား သူ့ရဲ့သန္ဓေပြောင်းpheromoneအကြောင်း အသေးစိတ်ပြောပြလိုက်သည်။

ကိစ္စတစ်ရပ်လုံးကို ယုံကြည်ဖို့အင်မတန်ခက်ခဲလှသည်။ ချင်ရှို့ကျယ်က ထိုသန္ဓေပြောင်းpheromoneလို့ခေါ်တဲ့အရာအကြောင်း ရှာဖွေဖော်ထုတ်ဖို့ကြိုးစားကြည့်ပေမဲ့ မကြာခင်လက်လျော့လိုက်ရ၏ ။ ဘာကြောင့်လဲဆိုတော့ ဆွေမျိုးနီးစပ်တွေအနေနဲ့ အချင်းချင်းရဲ့pheromoneတွေက သူတို့အကဲဖြတ်မှုကို ဟန့်တားလိမ့်မည်မဟုတ်ပေ __ သူတို့အား သွေးဖြင့်ဆက်နွယ်ထားတာကြောင့်။ သူ့ညီငယ်လေးရဲ့ခေါင်းအား ပုတ်ပေးခြင်းဖြင့်သာ သူနှစ်သိမ့်ပေးနိုင်သည်။

“မင်း အယ်လ်ဖာကိုရှာဖို့မလိုပါဘူး၊ သမုဒ္ဒရာထဲမှာ ငါးတွေပေါမှပေါပဲ”

ယွဲ့ရန်ကြားဖြတ်ပြောလိုက်သည်
“အစ်ကိုရောပဲ”

သူ့ညီငယ်လေးရဲ့တွေးပေးတတ်မှုကြောင့် သူကြောင်အသွားပြီး ပြုံးလိုက်၏
“ငါအဆင်ပြေပါတယ်”

ယွဲ့ရန် ၎င်းအား အတော်လေးသံသယရှိ၏။

သူသိထားတာအရဆို လီဟွားယွီယွီက သူ့ဝမ်းကွဲလိုက်ပိုးပန်းတဲ့ပထမဆုံးသူပင်။ သို့တစေ သူကျရှုံးသွားတော့ စိတ်ပျက်မှုနည်းနည်းလေးတောင် မခံစားရဘူးလား?

ချင်ရှို့ကျယ် ခေါင်းထပ်ညိတ်လာပြန်သည်
“ငါအဆင်ပြေမှာပါ”

သူ့ဝမ်းကွဲလေးကို ကြည့်လိုက်ရင်း ဒီအချိန်ကာလအတွင်း ရန်ရန့်ရဲ့ကြိုးစားမှုက အချည်းနှီးဖြစ်သွားရုံသာမက အုပ်စုလိုက်အကွက်ဆင်ခံရမှုအဖြစ်ပါ ရောက်သွားပုံအား သူတွေးမိသွားသည်။ သူမနေနိုင်တော့ဘဲ ချစ်လှစွာသောသူ့ဝမ်းကွဲလေးရဲ့ခေါင်းအား ထပ်ပုတ်ပေးလိုက်ကာ
“ဒါတွေအကုန်ငါ့အမှားတွေပါ။ ငါ့အနာဂတ်ပစ်မှတ်အတွက် ငါပိုပြီးတော့စဉ်းစားတွေးတောပါ့မယ်”

သူ့ဝမ်းကွဲက ကောင်းမွန်တဲ့စိတ်အခြေအနေမှာ ရှိမနေမှန်း ယွဲ့ရန်ခန့်မှန်းမိတာမို့ နှစ်သိမ့်တဲ့စကားလုံးအနည်းငယ်ပြောပြီးနောက် သူဒီခေါင်းစဉ်အား ဆက်မသွားတော့ပေ။ သူ့လက်တော့ပ်အားပိတ်ကာ ကြည့်စရာcollectionထဲမှ ရုပ်ရှင်ဇာတ်ကားတစ်ကားရွေးထုတ်လိုက်၏။ ၎င်းက သင့်တင့်လျောက်ပတ်စွာ လက်ခံနိုင်ပြီး ကြည့်ပျော်ရှုပျော်ရှိသည်။ ချင်ရှို့ကျယ်လည်း ဆက်ကစားချင်စိတ်မရှိတာကြောင့် သူ့လက်ပ်တော့ပ်ကိုပိတ်ပြီး ရုပ်ရှင်ညလေးအား ဝင်ရောက်လိုက်ကြသည်။

သူတို့နှစ်ယောက်လုံး ဂိမ်းထဲမှထွက်သွားပေမဲ့ စာကြည့်ခန်းထဲရှိတစ်ယောက်သောသူကတော့ ဆက်ကစားနေတုန်းပင်။

ညစာစားနေချိန်အတွင်း ယွဲ့ရှီကျုံးက ဂိမ်းနဲ့ပတ်သက်လို့ မေးခွန်းအနည်းငယ်မေးခဲ့သည်။ သူ့သားက ဆာဗာအသစ်မှာ ကစားနေမှန်း သူသိခဲ့တာမို့ သူ့စာကြည့်ခန်းကိုပြန်ရောက်တဲ့အချိန် ဆာဗာသစ်မှာ အကောင့်သစ်တစ်ခုဖွင့်လိုက်သည်။ အခု လယ်ဗယ်လ်6ကိုရောက်သွားပေမဲ့ သူဘာထိန်းချုပ်မှုကိုမှမဆုပ်ကိုင်နိုင်သေးပေ။ ဒီဂိမ်းကခက်လွန်းလှသည်။

ကြောက်လန့်တကြားတုန်ယင်သွားရင်း သူအားနည်းတဲ့မွန်းစတားတစ်ကောင်အား သတ်လိုက်သည်။ သူဖြည်းညင်းစွာအသက်ရှူထုတ်လိုက်ပြီး လက်ရှိအချိန်တော့ ရှုပ်ယှက်ခတ်နေတဲ့questတွေအား စိတ်ထဲထားမနေတော့ဘဲ ထိုအစား သူ့နံဘေးရှိ တောင်စောင်းကိုသွားကာ ရှုခင်းတွေခံစားလိုက်ပြီး သူ့သားမက်ဖြစ်နိုင်ခြေရှိတဲ့သူရဲ့IDနဲ့အတူ သူ့သားရဲ့ကာရိုက်တာIDကိုပါ ရိုက်ရှာရင်း သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှုတွေပို့လိုက်၏။

ဆယ်မိနစ်ကြာပြီးနောက်  သူ့တောင်းခံမှုတွေဆီမှ ဘာတုံ့ပြန်မှုမှရှိမလာချေ။

လှပတဲ့ရှုခင်းကို ကြည့်ရှုနေရင်း သူ့ဘဝအား စိတ်အေးလက်အေးတွေးတောနေကာ စဦးသူမစ်ရှင်တွေ စတင်ဖို့လုံလောက်နေပြီလို့ သူ့ကိုယ်သူအားပေးလိုက်၏။ ထို့နောက် ဟွန်းမက်ဆေ့ချ်တစ်ခုက ရုတ်ခြည်းပေါ်ပေါက်လာသည်။

{Horn} ဆယ်ကောင်မြောက်ဖီးနစ် : အဖြူရောင်Koiအဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက်အသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ အဲ့ဒါက ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ငါ့ရဲ့ခွင့်ပြုချက်မပါဘဲ ငါ့ဂိုဏ်းအရာရှိ၊ ပြန်လည်မွေးဖွားလာတဲ့ဖီးနစ်ရဲ့ဆုံးဖြတ်ချက်မှန်း တွေ့ရှိလိုက်ရတယ်။ လက်ရှိမှာတော့ ပြန်လည်မွေးဖွားလာတဲ့ဖီးနစ်နဲ့ ချစ်ရသူအတွက်အချိုဓာတ်လေးတို့ကို ငါတို့ဂိုဏ်းကနေထုတ်ပယ်လိုက်ပြီ။ သူတို့ကငါ့ကြီးကြပ်မှုမှာမဟုတ်တော့ဘူး။ ငါ့အနေနဲ့ အဖြူရောင်Koiဂုဏ်းကို တောင်းပန်ပါတယ်

{Horn} မှေးမှိန်သွားလေသော ရင်ထဲကစကားသံများ : တောင်းပန်မှုကို လက်ခံတယ်

{Horn} အတင်းအဖျင်းချစ်သူ : ခဏလောက်နေပါအုံး၊ အဖြူရောင်Koiရဲ့အရာရှိရေ မသွားပါနဲ့အုံး! ဘာလို့နတ်ဘုရားသုံးပါးက မင်းတို့ဘက်မှာရပ်တည်လဲဆိုတာကို ငါတို့ကိုပြောပြနိုင်မလား?

{Horn} မှေးမှိန်သွားလေသော ရင်ထဲကစကားသံများ : ဘာလို့လဲဆိုတော့ ငါတို့ဂိုဏ်းခေါင်းဆောင်ရဲ့ဆွဲဆောင်မှုလယ်ဗယ်လ်က အရမ်းကိုမြင့်နေလို့လေ

{Horn} အတင်းအဖျင်းချစ်သူ : …မင်းအတည်ကြီးပြောနေတာလား?

{Horn} မှေးမှိန်သွားလေသော ရင်ထဲကစကားသံများ : အမှန်ပါပဲ [လေထဲမှအနမ်းပေး]

{Horn} မမှောင်စမ်းနဲ့ : ပုံတစ်ပုံလောက်ချထားခဲ့ပါ [သွားရည်ယို]

နောက်မှပါလာတဲ့ကစားသမားတွေကလည်း ချက်ချင်းပင် ပုံတစ်ပုံစတင်တောင်းနေသော်ငြား အချိန်အကြာကြီး ဟွန်းကိုသုံးပြီးတာတောင် အဖြူရောင်Koiအရာရှိထံမှ မက်ဆေ့ချ်တို့ထပ်မရောက်လာတော့ချေ။

လူတိုင်းရဲ့အာရုံတွေက ယနေ့ညဖြစ်ခဲ့တဲ့အရာတွေဆီ ပြန်ရောက်သွား၏။ ဘာတွေဖြစ်သွားကြမှန်း သူတို့သိချင်နေကြသည်။ အများကြီးစုံစမ်းပြီးနောက် တစ်စုံတစ်ယောက်က နောက်ဆုံး၌ အတင်းအဖျင်းသမားတွေအား အဖြေတစ်ခုပေးလာသည်။

{Horn} ဒိုးနတ် : ငါသိပြီ ဒီသတင်းတွေက ယုံလို့ရတယ်။ အဖြူရောင်Koiရဲ့ခေါင်းဆောင်က တစ်ချိန်လုံး သူ့မိန်းမနဲ့ချစ်ကြည်နူးနေတာမလား? ဂိုဏ်းထဲကသူ့ကိုခိုးကြွေနေတဲ့သူအချို့က ဒါကိုသည်းမခံနိုင်ဘူးလေ။ သူတို့က ဖီးနစ်အက္ခရာဂိုဏ်းရဲ့အရာရှိနဲ့ပေါင်းကြံပြီး ဇနီးဖြစ်သူကို အခြားဂိုဏ်းကစပိုင်အနေနဲ့ ချောက်ချဖို့ သက်သေမှားတွေအတွဲလိုက်ကြီးဖန်တီးခဲ့တယ်လေ။ အဲ့နောက်တော့ သူတို့ခေါင်းဆောင်က လွှမ်းမိုးခြယ်လှယ်စွာနဲ့ သူတို့ကိုကိုင်တွယ်ခဲ့တာပဲ။ ပြောတာတော့ ဇနီးဖြစ်သူက အသည်းကွဲပြီး ဂိုဏ်းထဲကနေထွက်သွားတယ်တဲ့

{World} အရာအားလုံးကို အပြည့်ပြန်ဆပ်မယ် : အိုး…

{World} မမှောင်စမ်းနဲ့ : ဒီတော့ အဲ့လိုပေါ့…

{World} အတင်းအဖျင်းချစ်သူ : ဒါပေမဲ့ ဒီလိုအရာမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ နတ်ဘုရားသုံးပါးလုံး သူ့ဘက်မှာရပ်တာက ဘာကြောင့်မို့လဲ?

{World} ဒိုးနတ် : ငါကြားတာတော့ အဖြူရောင်Koiရဲ့ခေါင်းဆောင်က ဂျီးနီးယပ်စ်shotcallerတစ်ယောက်တဲ့။ ဂိုဏ်းကြီးတော်တော်များများက သူ့ကိုသိမ်းသွင်းချင်နေကြတာ

{World} အတင်းအဖျင်းချစ်သူ : shotcallerတစ်ယောက်က ကြီးမြတ်တဲ့နတ်ဘုရားသုံးပါးလုံး သူ့ဘက်မှာတစုတစည်းတည်းရပ်တည်အောင် လုပ်နိုင်တယ်ပေါ့? မင်းငါ့ကိုလာနောက်နေတာလား?

{World} ပုလဲနို့လက်ဖက်ရည်လေး : ပြီးတော့ မင်နတ်ဘုရားက ဒီအတွက် ကိုယ်လုံးတီးပုံထုတ်ပေးဖို့တောင် ဆန္ဒရှိနေသေးတယ် [လက်ပေါ်မေးတင်လျက်]

{World} ကြောင်စာ : ငါသိပြီ ငါသိပြီ။ ဂိုဏ်းခေါင်းဆောင်ရဲ့မိန်းမက လနတ်ဘုရားရဲ့တပည့်လေ!

{World} ဒိုးနတ် : မဟုတ်ဘူး သတိရစမ်းပါ၊ သူငြင်းလိုက်တယ်လေ

{World} ဓမ္မတေး : သူ သီးသန့်လေးလက်ခံထားတယ်ဆိုရင်ရော? အရင်က ငါလနတ်ဘုရားနဲ့အဲ့စုံတွဲလေးကို arenaမှာမြင်ဖူးတယ်~

{World} အိပ်ရာခင်းထဲမှာပဲခေါင်းအပ်ထားမယ် : အဲ့ဒါဆို မဖြစ်နိုင်တာတော့မဟုတ်ဘူး…

ပိုပိုသောလူတွေ ဆွေးနွေးမှုထဲဝင်ရောက်လာတဲ့အချိန် ရုတ်တရက်ဆိုသလို ဟွန်းမက်ဆေ့ချ်အသစ်တစ်စောင်ပေါ်လာသည်။

ကလဲ့စားချေမှု တစ်စွန်းတစ်စနဲ့ ဒီအချစ်-အမုန်းဆက်ဆံရေးဟာ ဘယ်ကနေရောက်လာမှန်း မည်သူမှမသိကြပေ။ မထမဆုံးအကြည့်နဲ့တင် ၎င်းက ဖောက်ပြန်တဲ့ဇာတ်လမ်းပင်။ လေးယောက်မြောက်နဲ့ငါးယောက်မြောက်က တတိယလူကိုရှာဖွေခဲ့ကြပြီး တတိယလူကို အတူတကွချစ်မိသွားတာနဲ့အဆုံးသတ်သွားကြသည်။ ဒါ့ကြောင့် သူတို့တွေက ဆန်ကုန်မြေလေးကောင်ကို စွန့်ပစ်ပြီး တတိယလူရဲ့အာရုံစိုက်မှုအတွက် စတင်ယှဉ်ပြိုင်ကြ၏…လူတိုင်းက ချက်ချင်းပင် ကွာစေ့တစ်အိတ်ဆွဲထုတ်ကာ ပွဲကြည့်ရင်း ဖြစ်နိုင်သမျှဆရာတပည့်သီအိုရီတွေ ထုတ်ကြတော့သည်။

[Cora : သူတို့ရဲ့ဒရမ်မာပွဲတွေ အိုင်လေးလဲနားမလည်ပါ]

ယွဲ့ရှီကျုံးက questတစ်ခုလုပ်နေစဉ် world chatကိုဖတ်နေရင်း အလွန်ကိုစိတ်ပျက်လက်ပျက်ဖြစ်လာရသည်။

ဒီအပြစ်လွှဲချစွပ်စွဲတာတွေ၊ များပြားလှတဲ့အချစ်ရေးအချစ်ရာကိစ္စတွေနဲ့ အမှောင်ဖုံးတဲ့လရဲ့တပည့်က ထွက်သွားရန်အတင်းအကျပ်ဖိအားပေးခံရတာတို့အား မြင်လိုက်ရတော့…ဒီနေ့ခေတ်လူငယ်တွေက အရမ်းကြောက်ဖို့ကောင်းတာပဲ။ ရန်ရန်များ ဂိမ်းထဲမှာ အနိုင်ကျင့်ခံနေရလောက်လား?

မဖြစ်သေးဘူး သူပိုပြီးသန်မာရမယ်

သူအသက်ပြင်းပြင်းရှူကာ အဆင့်တက်ရန် စတင်ကြိုးကြိုးစားစားဆော့တော့၏။ အတော်လေးနောက်ကျတဲ့အထိတိုင်အောင် သူအိပ်ရာမဝင်ခဲ့သေးပေ။

ယွဲ့ရန်ကတော့ ရုပ်ရှင်ကြည့်ပြီးနောက် အိပ်ရာဝင်လိုက်၏။

နောက်တစ်နေ့မှာ သူမနက်ခုနှစ်နာရီ၌ အိပ်ရာထပြီး ဂိမ်းကစားမှုကိုစတင်လိုက်သည်။

မနေ့ညက သူလုပ်ခဲ့တဲ့ ကြီးမားသောပွက်လောရိုက်သွားမှုကြောင့်လည်းဖြစ်နိုင်သလို ဒါမှမဟုတ် သူဂိုဏ်းထဲကနေထွက်သွားတာကြောင့်လည်း ဖြစ်နိုင်ပေသည် သူလိုင်းတက်တက်ချင်း သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုတွေနဲ့ တရစပ်ထိုးနှက်ခံရတော့၏။ သူ အားလုံးကိုငြင်းပယ်လိုက်သည်။ သူပထမဦးဆုံး နာမည်ပြောင်းကူပွန်အားသုံးကာ “နတ်ဘုရား သတ်ဖြတ်သူ”ဆိုပြီး စကားလုံးနှစ်လုံးရိုက်ထည့်လိုက်ပြီးနောက် “အတည်ပြုသည်”အားနှိပ်လိုက်သည်။

[ဤကာရိုက်တာIDသည် တည်ရှိနေပြီးသားဖြစ်ပါသည်]

စိတ်အခြေအနေကောင်းနေတော့ သူ၎င်းအားဖျက်ကာ “လအားသတ်ဖြတ်ခြင်း”လို့ ရိုက်နှိပ်လိုက်သည်။

[ဤကာရိုက်တာIDသည် တည်ရှိနေပြီးသားဖြစ်ပါသည်]

သတ်ဖြတ်ခြင်း နတ်ဘုရား __ [ဤကာရိုက်တာIDသည် တည်ရှိနေပြီးသားဖြစ်ပါသည်]

အစုလိုက်အပြုံလိုက်သတ်ဖြတ်သူ__ [ဤကာရိုက်တာIDသည် တည်ရှိနေပြီးသားဖြစ်ပါသည်]

သတ်ဖြတ်ခြင်း ကြယ် __ [ဤကာရိုက်တာIDသည် တည်ရှိနေပြီးသားဖြစ်ပါသည်]

……

ငါလူး! နာမည်တစ်ခုပေးရတာက ဒီလောက်တောင်ခက်တာလားဟ!

အံကြိတ်ရင်း သူထပ်ခါထပ်ခါကြိုးစားလိုက်သည်။ သူ မျှော်လင့်ချက်တွေအားလုံးကို လက်လျော့ပြီး ကြုံရာနာမည်တစ်ခုရွေးထုတ်ရန် အဘိဓာန်ယူလို့ ပထမစာမျက်နှာကိုလှန်လှန်ချင်းမှာပဲ သူ့စားပွဲခုံပေါ်ရှိ စစ်ဆေးချက်မှတ်တမ်းကို ရုတ်တရက်ဆိုသလို မြင်လိုက်ရ၏။ အတန်ငယ်တွေဝေနေမိရင်း သူအောက်ပါတို့အား ရိုက်နှိပ်လိုက်သည် : A---- သတ်ဖြတ်သူ

[ဂုဏ်ယူပါတယ် သင့်ရဲ့ကာရိုက်တာIDကိုအောင်အောင်မြင်မြင်ပြောင်းလဲနိုင်ခဲ့ပါပြီ!]

[Cora : ကိုယ့်ဘာသာပဲကွက်လပ်ဖြည့်လိုက်ကြပါ(ᗒᗣᗕ)՞]

သူကျေနပ်သွားရင်း အသွင်အပြင်ကူပွန်အားသုံးကာ သူ့ကာရိုက်တာရဲ့မျက်နှာကို “ချစ်စရာလေး”အဖြစ်မှ “ခပ်ချေချေ”ပုံစံပြောင်းလိုက်သည်။ ထို့နောက် သူအဆင်အယင်ပစ္စည်းအသစ်တွေဝယ်လိုက်၏။ သူ့ကင်မရာအား လှည့်ကာ သူ့ကာရိုက်တာကိုရှုထောင့်တိုင်းကနေ အကဲဖြတ်လိုက်သည်။ သူပိုပြီးစစ်ဆေးလေလေ သူ့ပုံစံသစ်ကို ပိုပြီးကြိုက်မိလေလေပင်။ နောက်ဆုံးမှာတော့ သူဂိမ်းကို အစစ်အမှန်ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ပြီ။

သူအားဖြည့်မှုတစ်ခုလုပ်ရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် အဓိကမြို့တော်အားပြေးကာ ခြင်္သေ့ယဉ်ပါးစေဖို့အတွက် စွန့်ပစ်ခံနယ်မြေဆီ နေရာကူးပြောင်းလိုက်သည်။

အကယ်၍ ဆင့်ခေါ်သူတစ်ယောက်က သူတို့ရဲ့ဆဋ္ဌမမြောက်သားရဲဝိဉာဉ်ကိုယဉ်ပါးချင်တယ်ဆိုရင် သားရဲရဲ့စိတ်ဝိဉာဉ်ကိုရရှိဖို့လိုလေ၏။ စိတ်ဝိဉာဉ်မှာ အချိန်တစ်ခုရှိပြီး အချိန်ပြီးဆုံးသွားတာနဲ့ သားရဲစိတ်ဝိဉာဉ်ဟာပျောက်ကွယ်သွားတတ်သည်။ ထို့ကြောင့် ယခင်ကနေ ခုထိ သူ့ထံ၌ သူသန့်စင်ထားသောပုံပျက်နေတဲ့ကြက်ဖြူလေးမှတစ်ပါး အခြားသားရဲမရှိပေ။ သို့တစေ ဒီနေ့ကတော့ အဲ့နေ့ပဲ။

စွန့်ပစ်နယ်မြေရှိ ခြင်္သေ့က ဆင့်ခေါ်သူများစွာအတွက် ယဉ်ပါးအောင်လုပ်ရန် ကျော်ကြားသောမွန်းစတားတစ်ကောင်ဖြစ်သည်။ ၎င်းက လက်ရှိကြွေလွင့်တော့မဲ့ကြယ်သုံးနေတဲ့တစ်ခုလည်းဖြစ်၏။

Update အကြီးစားပြုလုပ်ပြီးနောက် ထုတ်လုပ်မှုကို ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သော်ငြား ခြင်္သေ့ကို အခြေခံအုတ်မြစ်အနေနဲ့ သုံးလို့ရနိုင်ဆဲပင်။ ပေါင်းထည့်ထားတဲ့ပစ္စည်းတွေက လုံလောက်အောင်ကောင်းမွန်နေသရွေ့ သန့်စင်မှုမှရရှိလာမဲ့သားရဲဝိဉာဉ်ဟာလည်း အရမ်းကြီးမဆိုးရွားလောက်ပေ။

တစ်ခုတည်းသောကိစ္စကတော့ ခြင်္သေ့တစ်ကောင်ကိုသတ်ဖို့က မလွယ်ကူတာပင်။ ဆင့်ခေါ်သူအများစုက ဒီအတွက် ပါတီဖွဲ့လေ့ရှိသည်။ သူတကယ်ကိုပဲ ကြုံရာကျပန်းတွေနဲ့ ပါတီမဖွဲ့ချင်ပေ။ ကံကောင်းစွာနဲ့ သူဆေးရည်များစွာပြင်ဆင်ထားခဲ့၏။ သူ့စကေးနဲ့ဆို ဧရာမခြင်္သေ့ရဲ့သွေးဘားတန်းကို လျော့ချနိုင်လောက်ပေသည်။

ချင်ရှို့ကျယ်အိပ်ရာနိုးပြီး သူ့အခန်းထဲဝင်တဲ့အချိန် ခြင်္သေ့တစ်ကောင်က ကောင်းကင်ကိုခုန်တက်ဟစ်အော်ပြီးနောက် မြေပြင်ဆီပြန်ကျကာသေဆုံးသွားကြောင်း မြင်လိုက်ရသည်။ အဲ့နောက် သူ့ဝမ်းကွဲညီလေးက “ဆင့်ခေါ်သန့်စင်မှု”ဝင်းဒိုးအား ဖွင့်ကာ ခင်္သြေ့စိတ်ဝိဉာဉ်ကို အခင်းအကျင်းထဲထည့်ပြီး များပြားလှတဲ့ရှားပါးပစ္စည်းတွေပါထည့်ကာ “အတည်ပြုသည်”အား နှိပ်လိုက်သည်။

အဖြူရောင်အလင်းတန်းက ဖြည်းဖြည်းချင်းလွင့်ပြယ်သွားချိန် ရဲစွမ်းသတ္တိအပြည့်နဲ့သားရဲအမျိုးအစားဟာ အခင်းအကျင်းအလယ်မှာပေါ်ပေါက်လာ၏။ ၎င်းကိုယ်လုံးက အဖြူရောင်ဖြစ်ပြီး သူ့လည်ဆံမွေးနဲ့ခြေသည်းလက်သည်းလေးခုက ခရမ်းရောင်ခပ်ဖျော့ဖျော့သန်းနေကာ လျှပ်စစ်စွမ်းအားရှိ သားရဲအမျိုးအစားရဲ့ လက္ခဏာရပ်ပင်။

သူပြုံးလိုက်ပြီး
“အိုး မဆိုးဘူးပဲ”

ယွဲ့ရန် “အမ်း”လို့ ပြန်ဖြေလိုက်ရင်း သူ့ခန္ဓာကိုယ်နဲ့စိတ်ဝိဉာဉ်တစ်လျှောက်လုံး ပေါ့ပါးသွား၏။

လုံလောက်အောင် သေချာနေပါပြီ၊ နာမည်အသစ်တစ်ခုက စတင်မှုအသစ်တစ်ခုကို ဆိုလိုတာပဲ။ သူနောက်ဆုံးတော့ ကြက်ဖြူလေးပေါ် မကျေမနပ်ဖြစ်နေတာအား ကျော်လွှားနိုင်ခဲ့လေပြီ။

ချင်ရှို့ကျယ်မေးလိုက်၏
“မင်း ဒါကိုစမ်းသပ်ကြည့်ချင်လား”

ယွဲ့ရန်လည်း တူညီတဲ့အရာကိုပဲတွေးနေသည်ဖြစ်ရာ အနီးဆုံးarenaဝင်ပေါက်အား သွားလိုက်ပြီး အထဲဝင်လိုက်၏။

ဒီအချိန်ကာလအတွင်း ကစားသမားအနည်းငယ်က အွန်လိုင်းဖြစ်နေသည်။ သူယှဉ်တွဲမခံရခင် မိနစ်ဝက်လောက်စောင့်လိုက်ရ၏။ သူစနစ်မှမက်ဆေ့ချ်အားဖတ်ကာ ကြောင်အသွားသည်။
“ဂျူပီတာကြယ်တာရာ?”

ဂျူပီတာကြယ်တာရာအား သူသိသည်။

ဒီနှစ်တံခွန်စိုက်ပြိုင်ပွဲမှာ မုန်တိုင်းက ပထမနေရာအားပြန်ရသွားခဲ့ပြီး ဂျူပီတာကြယ်တာရာကတော့ ဒုတိယပင်။ ဒီနတ်ဘုရားအသစ်ဟာလည်း TSSMဆာဗာမှာ ကစားပေမဲ့ သူအကောင့်ဖျက်ပြီးတဲ့နောက်မှာမှ ဒီလူကဂိမ်းကိုစတင်ကစားခဲ့တာဖြစ်သည်။ ယနေ့မတိုင်ခင်အထိ သူတို့တွေ့ဆုံဖို့အခွင့်အရေးမရှိခဲ့ဖူးဘူး။

ချင်ရှို့ကျယ်လည်း အံ့အားသင့်သွား၏
“တစ်ဦးတည်းပဲလား?”

[Cora : ဒီမှာတစ်ဦးတည်းလားဆိုတာက ကြီးမြတ်တဲ့နတ်ဘုရားနဲ့ တစ်ယောက်တည်းပဲလားလို့မေးတာပါ]

ယွဲ့ရန်ပြောလိုက်သည်
“ကျွန်တော်မေးလိုက်အုံးမယ်”

သူarenaရဲ့အားလုံးစကားပြောခန်းတွင် စာမရိုက်နိုင်ခင်မှာပဲ ဟွန်းမက်ဆေ့ချ်အသစ်တစ်စောင်အား မြင်လိုက်ရသည်။

{Horn} အချစ်စစ်ကို နောင်တမရဘူး : အိုးမိုင်ဂေါ့! ငါဂျူပီတာကြယ်တာရာကို arenaမှာတွေ့ခဲ့တယ်၊ သူငါ့ကိုသတ်ဖို့ မိနစ်ဝက်ပဲအချိန်ယူလိုက်ရတယ်။ တူတူjoinချင်တဲ့ပွဲကြည့်ပရိတ်သတ်များရှိရင် မြန်မြန်သာလာခဲ့ပါ__!!!

ဆာဗာတစ်ခုလုံး ချက်ချင်းပင် ပေါက်ကွဲထွက်ကုန်၏။

{World} ဆောင်းဦးပြန်အလာ : ဟမ်???

{World} မဟာတံတိုင်းကို ထုမိတယ် : မနေ့က မင်နတ်ဘုရား၊ ဒီနေ့ကြယ်နတ်ဘုရား။ ဒီကြီးမြတ်တဲ့နတ်ဘုရားအားလုံး joinလာရအောင် ဒီဆာဗာသစ်ကြီးက ဘာဖြစ်သွားတာလဲ?

{World} ကာနေးရှင်းပန်းပွင့်လေး : ဒီဆာဗာက ဒုတိယTSSMဖြစ်လာတော့မှာလား?

{World} ဆောင်းဦးပြန်အလာ : ပထမဆုံးလူကို တောင်းပန်ပါတယ်၊ မင်းအမှန်ပြောနေတာလား?

{World} အချစ်စစ်ကို နောင်တမရဘူး : တကယ်ပြောတာ၊ arena အခန်းနံပါတ်က 154။ ပွဲကစတော့မယ် မြန်မြန်လာ!

ကစားသမားအားလုံး အလွန်ကိုစိတ်လှုပ်ရှားသွားကြရင်း ကြီးမြတ်တဲ့နတ်ဘုရားရဲ့ပြိုင်ပွဲကို ကြည့်ချင်ကြသူတွေက ပင်လယ်ရေလှိုင်းလိုမျိုး arenaခန်းထဲကို တိုးဝင်လာကြ၏။

သူတို့အခန်းထဲဝင်လိုက်တာနဲ့ ပြိုင်ဘက်ဖြစ်သူကလည်း တူညီတဲ့သံသယရှိနေတာကိုမြင်လိုက်ရသည်။

{All} A---- သတ်ဖြတ်သူ : တစ်ဦးတည်းလား?

{All} ဂျူပီတာကြယ်တာရာ : တစ်ဦးတည်းပါပဲ

{All} A---- သတ်ဖြတ်သူ : အိုး

{All} ဂျူပီတာကြယ်တာရာ : မင်းအရှုံးပေးတော့မှာလား? [ပြုံးပြ]

{All} A---- သတ်ဖြတ်သူ :နိုး

{All} ဂျူပီတာကြယ်တာရာ : [လက်မထောင်]

ပရိတ်သတ်တွေကလည်း တစ်ဖက်လူရဲ့သတ္တိအတွက် ဂျူပီတာကြယ်တာရာနဲ့ တူညီတဲ့အီမိုဂျီတွေပို့လာကြပြီးနောက် ပြိုင်ဘက်ဖြစ်သူက ဘယ်လောက်ခံမလဲဆိုတာကို ဆွေးနွေးနေကြ၏။

အခြားဘာအထွေအထူးမှမရှိဘူးဆိုရင် ဒီပွဲက သိပ်မကြာသင့်ဘူး။

နှစ်ဖက်လုံးက ဆင့်ခေါ်သူအားကစားကြတာဖြစ်သည်။ တစ်ယောက်က တိုက်စစ်အမျိုးအစားဖြစ်ပြီး ကျန်တစ်ယောက်က ထောက်ပံ့ပေးရတဲ့အမျိုးအစားပင်။ ဘယ်လိုတောင် ပျင်းစရာကောင်းလိုက်တဲ့ ယှဉ်တွဲမှုကြီးလဲ။

ထောက်ပံ့ဆင့်ခေါ်သူရဲ့သားရဲတွေဟာ တောက်ပတဲ့သဘောလက္ခဏာနဲ့အတူ သူတို့ကတောက်ပတဲ့လမ်းကြောင်းဆီ ဦးတည်ထားချိန် တိုက်စစ်ဆင့်ခေါ်သူကတော့ လုံးဝဆန့်ကျင်ဘက်ပင်။ သူတို့ရဲ့ဆင့်ခေါ်သားရဲတွေက အမှောင်လမ်းကိုလျှောက်လှမ်းကြသည်။

သူတို့စင်မြင့်ပေါ်တက်တက်ချင်း ဂျူပီတာကြယ်တာရာက သူ့လက်အားမြှောက်ကာ သူ့မြွေနက်အား ပေါ်ပေါက်လာစေသည်။ သူက ရန်သူအား အဆိပ်ဖြင့်သက်ရောက်စေဖို့ စီစဉ်ထားတာပင်။ ယွဲ့ရန်က အရှေ့ကိုခြေနှစ်လှမ်းတိုးလာသည်။ ပုန်းနေရမဲ့အစား သူကအချိန်ကိုအမိအရဖမ်းယူကာ အကွာအဝေးအားနီးကပ်စေလိုက်၏။

ဂျူပီတာကြယ်တာရာက ရယ်မောလိုက်သည်။

ပထမတုန်းက တစ်ဖက်ဆင့်ခေါ်သူက သူ့ရဲ့အရှုံးပေးရမဲ့အကြံပြုချက်ကို ငြင်းပယ်လိုက်ချိန် ထိုသူကအရည်အချင်းရှိတယ်လို့ သူထင်ခဲ့တာပင်။ အဝေးပစ်သမားဖြစ်ပါရက်နဲ့ သူ့မြွေကြီးအား လက်ဦးမှုရယူကာ အနီးကပ်တိုက်ခိုက်ချင်နေတဲ့ အပျံသင်စထောက်ပံ့သူနဲ့တိုက်ခိုက်ရလိမ့်မယ်လို့ သူထင်မထားဘူး…

ထိုအတွေးထွက်လာပြီးပြီးချင်း သူ့မြွေနက်က သူ့ရန်သူအား တင်းကျပ်စွာရစ်ပတ်လိုက်တာကိုမြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ A----သတ်ဖြတ်သူကလည်း သားရဲတစ်ကောင်ဆင့်ခေါ်လိုက်ရာ သူ့ဆီအရှိန်ဖြင့် ပြေးဝင်လာပြီး သူ့အားချက်ချင်းလက်ငင်းအေးခဲသွားစေသည်။

နှစ်ဖက်စလုံးက ချုပ်နှောင်မှုအကူအညီတွေဖြင့် စကေးတွေဖလှယ်လိုက်ကြသည်။

ခြားနားချက်ကတော့ ရေခဲသားရဲက damageမရှိသလောက်နီးပါးဖြင့် ပစ်မှတ်အားအေးခဲစေရုံသာရှိသည်။ တစ်ဖက်မှာတော့ မြွေနက်က သူ့ပစ်မှတ်အား ချည်နှောင်ကာ အဆိပ်မိစေသည်။ သို့ပေမဲ့…ချည်နှောင်ထားမှုက ကစားသမားအား လှုပ်ရှားတာကနေသာ ရပ်တန့်စေတဲ့ လူအုပ်ထိန်းချုပ်မှုတစ်ခုဖြစ်သည်။ ၎င်းက ကစားသမားတွေ စကေးသုံးဖို့တော့ ခွင့်ပြုထားဆဲပင်။ ထို့ကြောင့် မြွေနက်ရဲ့သရုပ်ပြမှုက ပစ်မှတ်ရဲ့ခြေထောက်နားကိုပဲ ရစ်ပတ်ထားပြီး စကေးအသုံးပြုရန်အတွက် အပေါ်ပိုင်းကိုတော့ လွတ်ကင်းခွင့်ပေးထားသည်။

ဒါက ယွဲ့ရန်ရှေ့ကိုပြေးသွားရတဲ့ အကြောင်းအရင်းလည်းဖြစ်သည်။ သူက ဂျူပီတာကြယ်တာရာကို သူ့ရဲ့သက်ရောက်နိုင်တဲ့အကွာအဝေးထဲ ခေါ်ချင်နေတာပင်။

တစ်ဖက်လူရဲ့ချည်နှောင်မှုကို ပြန်တွန်းလှန်ရန် သူ့အလင်းငှက်ကို ဆင့်ခေါ်နိုင်တယ်ဆိုတာမှန်ပေမဲ့ တကယ်လို့ သူအဲ့လိုလုပ်လိုက်ရင် ဂျူပီတာကြယ်တာရာက တိုက်ခိုက်မှုပိုမြင့်မားတဲ့သားရဲကို လွှတ်လိုက်လိမ့်မည်။ သူ့ရန်သူအား သူ့စွမ်းရည်အသုံးပြုခွင့်ပေးမှာထက်စာရင် အချိန်နဲ့အမျှ damageအချို့စားသုံးလိုက်တာက ပိုကောင်းပေသည်။

တစ်ချိန်တည်းမှာပဲ သူဆင့်ခေါ်သားရဲသုံးကောင်ကို ခေါ်ထုတ်လိုက်သည်၊ ဝံပုလွေဖြူ၊ ခြင်္သေ့ဖြူနဲ့ သားမွေးလုံးတို့ပင်။

သူအလျင်အမြန်ပင် သူ့ရဲ့အခြားအကူအညီနှစ်ခုအား buff(ဘက်ဖ်)ဖို့ နောက်ဆုံးသားရဲ(သားမွေးလုံး)ကို အသုံးပြုလိုက်သည်။ ထိုနှစ်ကောင်ကို ဘက်ဖ်ပြီးတာနဲ့ သူချက်ချင်းပဲ ဝံပုလွေဖြူနဲ့ခြင်္သေ့ဖြူတို့ကို ရန်သူဆီ ထိန်းချုပ်ကာလွှတ်လိုက်၏။ နှစ်ကောင်သားရဲ့အသန်မာဆုံးသော တိုက်ခိုက်မှုတွေအောက်မှာ ဂျူပီတာကြယ်တာရာဟာ ချက်ချင်းပင် သူ့သွေးတစ်ဝက်နီးပါးဆုံးရှုံးသွား၏။

ပရိတ်သတ်များ : “…”

ဟိုလီဖာ့ခ်!

သို့ပေမဲ့ ဒါကအဆုံးသတ်မဟုတ်သေးပေ။ သားမွေးလုံးရဲ့ဘက်ဖ်က အသက်ဝင်နေတုန်းပဲ။

ဒါက အရမ်းကိုပုံမှန်မဟုတ်တဲ့မြင်ကွင်းပဲ။ ၎င်းဘက်ဖ်က ဘက်ဖ်ခံထားရတဲ့ကစားသမားတွေ ဒါမှမဟုတ်ဆင့်ခေါ်သားရဲတွေက တိုက်ခိုက်မှုတစ်ခု သို့မဟုတ် စွမ်းရည်တစ်ခုကိုအောင်အောင်မြင်မြင်သုံးလိုက်ပြီးတဲ့နောက် ဘက်ဖ်ခံထားရတဲ့အရာပေါ် အရေးပါတဲ့တိုက်ခိုက်မှုအခွင့်အရေးဘက်ဖ်ပေးလာသည်။ သားမွေးလုံးက တစ်ဖန်ခုန်လာရာ နဂိုဘက်ဖ်ကို နှစ်ဆတိုးသွားစေ၏။

ယွဲ့ရန်ရဲ့apmက အလွန်မြန်လှသည်။

[apm – actions per minute. ဂိမ်းကစားတာဆိုတော့ လက်အမြန်နှုန်းပေါ့]

သားမွေးလုံးရဲ့ငါးစက္ကန့်အချိန်အတိုင်းအတာနဲ့အတူ သူ့အကူအညီနှစ်ကောင်အား ဘက်ဖ်ဖို့ ပထမဆုံးစက္ကန့်သုံးကာ ဂျူပီတာကြယ်တာရာအားတိုက်ခိုက်ရန် နောက်နှစ်စက္ကန့်သုံးပြီးနောက် ကျန်တဲ့နှစ်စက္ကန့်ကို ဆင့်ခေါ်သားရဲနှစ်ခုပတ်လည်မှာ လိုက်ခုန်နေအောင် သုံးလိုက်၏။

နှစ်ကောင်လုံးရဲ့အားအပြည့်ဆုံးတိုက်ခိုက်မှုတွေက cooldownဖြစ်နေပေမဲ့ ရိုးရှင်းတဲ့တိုက်ခိုက်မှုတစ်ခုတည်းကနေ ဖြစ်ပေါ်လာတဲ့damageက အရေးပါတိုက်ခိုက်မှုတစ်ခုလောက်တောင် မှတ်ယူလို့ရပေသည်။ ထို့ကြောင့် အခြားပေါက်ကွဲထွက်ဖွယ် အပြင်းအထန်တိုက်ခိုက်မှုအောက်မှာ သူ့ရန်သူရဲ့HPက တစ်ဖန်ကျဆင်းသွားပြန်၏။ ခဲထားတဲ့သက်ရောက်မှု ပြယ်သွားတဲ့တစ်ခဏမှာ ပြိုင်ဘက်ရဲ့HPတန်းက နှစ်ဆယ်ရာခိုင်နှုန်းအောက်တောင် နည်းနေပြီဖြစ်သည်။

ပွဲကြည့်ပရိတ်သတ်များ : “…”

ချင်ရှို့ကျယ် : “…”

မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမြတ်တဲ့နတ်ဘုရားက မသန်မစွမ်းဖြစ်အောင် အရိုက်ခံလိုက်ရပြီ!

ယွဲ့ရန်က သူ့လုပ်ဆောင်မှုကို အရမ်းကျေနပ်နေသည်။
“အဝေးပစ်သမားတွေကို ရိုက်ရတာအရမ်းလွယ်တာပဲဗျာ”

ချင်ရှို့ကျယ် : “…”

မင်းကိုယ်တိုင်ကရော အဝေးပစ်သမားမဟုတ်လို့လားကွ?!

ယွဲ့ရန်က သူ့ဝမ်းကွဲရဲ့တိတ်တဆိတ်ဝေဖန်မှုကို မသိဘဲ သူ့လက်ပ်တော့ပ်ဖန်သားပြင်ထက်မှာပဲ အာရုံစိုက်ထားကာ သူ့ရန်သူက ခုခံမှုသားရဲအားဆင့်ခေါ်ပြီး နောက်ကနေ တိုက်ခိုက်ပေးတဲ့အကူအညီသုံးခု တစ်ဆက်တည်းပါလာသည်။ တစ်ဖက်ဆင့်ခေါ်သူက တတ်နိုင်သမျှမြန်မြန် သူ့အားသတ်ပစ်ဖို့ စီစဉ်ထားကြောင်း သူသိသည်။

သူတည်ငြိမ်စွာပဲ သူ့အတွက်တိုက်ခိုက်မှုတွေကို ခုခံပေးရန် ဝက်ဝံဖြူအားဆင့်ခေါ်ပြီးနောက် ဝံပုလွေဖြူ၊ခြင်္သေ့ဖြူတို့နှင့် တစ်ဖက်လူဆီ ဦးဆောင်သွားလိုက်ပြီး ပခုံးထက်ဝယ်တော့ ဝက်ဝံကိုသယ်ဆောင်ထားလျက်ပေါ့။ မြင့်မားတဲ့HPပေါ်မှီခိုရင်း သူတို့ ဂျူပီတာကြယ်တာရာအား ကြီးမားတဲ့ခွန်အားတို့ဖြင့် အနိုင်ပိုင်းလိုက်သည်။

ဂျူပီတာကြယ်တာရာမှာ ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီးရှိပေသည်။ A---- သတ်ဖြတ်သူရဲ့နည်းဗျူဟာကို သိလိုက်တဲ့အခိုက်မှာ သူနေရာမှာတင်တောင့်ခဲသွား၏။

အခုသူ့ရဲ့နည်းပါးတဲ့HPနဲ့ ထိုအကောင်စုတ်မြောက်ကြွမြောက်ကြွဖြစ်နေတာကိုမြင်တော့ သူ့မျက်နှာက မြေပြင်ကိုထိနိုင်လောက်တဲ့အထိ နစ်မြုပ်သွားရသည်။

သို့တစေ အခြားလွတ်မြောက်ရန်နည်းလမ်းမရှိနိုင်တော့။ အစပိုင်းအဆင့်မှာ ကွာဟမှုက အရမ်းကိုများလွန်းသွားခဲ့သည်။ ဒါ့အပြင် A---- သတ်ဖြတ်သူရဲ့ဉာဏ်များတဲ့လှုပ်ရှားမှုကြောင့် သူမရှုံးခင် နောက်ထပ်တစ်မိနစ်သာလျှင် ထိန်းထားနိုင်ခဲ့၏။

ပွဲကြည့်ပရိတ်သတ်တွေလည်း တိတ်ဆိတ်နေလျက်။

နောက်ဆက်တွဲကတော့ arenaရဲ့အားလုံးစကားပြောခန်းဟာ ပေါက်ကွဲထွက်သွား၏။ မက်ဆေ့ချ်အားလုံးက ကွဲပြားတဲ့အရေအတွက်နဲ့ ‘!’တွေချည်းပင်။

ဟိုလီရှစ်! ကြီးမြတ်တဲ့နတ်ဘုရားရဲ့ တိုက်စစ်အမျိုးအစားဆင့်ခေါ်သူက ကြုံရာကျပန်းထောက်ပံ့ဆင့်ခေါ်သူတစ်ယောက်ကြောင့် ဖုန်ရှူလိုက်ရတယ်။ ဒါက အနှစ်ရှစ်ရာမှာ တစ်ကြိမ်သာဖြစ်တောင့်ဖြစ်ခဲအခွင့်အလမ်းပင်။ ဒီA---- သတ်ဖြတ်သူရဲ့ မူရင်းဇစ်မြစ်ကဘာလဲ?

ဂျူပီတာကြယ်တာရာက သူ့ကီးဘုတ်ကိုတောင် ရိုက်ချိုးမိလုနီးနီးပဲ။

သူ့ဒေါသတွေကို ပြန်သိမ်းကာ သူ့စတိုင်လ်ကိုပြန်မထိန်းသိမ်းနိုင်ခင် အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်းရှူသွင်းလိုက်ရသည်။

{All} ဂျူပီတာကြယ်တာရာ : [လက်မထောင်] နောက်တစ်ပွဲအတွက် အခန်းသစ်တစ်ခုထပ်ရှာကြမလား?

{All}ဒီA---- သတ်ဖြတ်သူ : နိုး နောက်မှပေါ့။ ငါသွားစားရတော့မယ်

ထိုစကားပြောပြီး ယွဲ့ရန်arenaစင်မြင့်ကနေ ထွက်ခွာကာ လိုင်းပေါ်ကနေဆင်းလိုက်၏။

ချင်ရှို့ကျယ်က သူနဲ့အတူ စားသောက်ဆိုင်တစ်ခုဆီသွားခဲ့ကြသည်။ စားသောက်ဆိုင်ဆီသွားနေတဲ့ လမ်းတစ်လျှောက်မှာ သူ့အရှေ့၌လမ်းလျှောက်နေတဲ့သူ့ဝမ်းကွဲအား သူစစ်ဆေးလိုက်သည်။

ယွဲ့ရန်က အနောက်ပြန်ကြည့်ကာ သူ့အားပဟေဠိဖြစ်တဲ့အမူအရာတစ်ခုပေးလာသည်။

ချင်ရှို့ကျယ်က အပြုံးတစ်ပွင့်နှင့်အတူ သူ့ခေါင်းအားပုတ်လိုက်သည်။

“ငါနောက်ဆုံးတော့ ‘ကြီးမြတ်တဲ့နတ်ဘုရားတစ်ပါးအနေနဲ့ မင်းရဲ့ကြီးမြတ်မှု’ ကို ခံစားနိုင်ခဲ့ပြီ။ ကျေးဇူးပြုပြီးတော့ မင်းရဲ့အားနည်းတဲ့ဝမ်းကွဲလေးကို carryလုပ်ပေးပါအုံး”

“…” ယွဲ့ရန် မင်သေသေဖြင့် ထိုလက်ကို လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။

ထိုအချိန်ဂိမ်းထဲမှာတော့ ကြည့်ရှုသူပင်လယ်ကြီးက ဆူပွက်နေတုန်းပင်။

ပြိုင်ပွဲအဆုံးမှာ ကစားသမားနှစ်ဦးလုံးထွက်ခွာသွားတာနဲ့ ကြည့်ရှုသူတွေကို အလိုအလျောက် အခန်းပြင်ကန်ထုတ်လိုက်တာကြောင့် သူတို့မှာworld chatကိုပြောင်းရွေ့လိုက်ရသည်။ ကစားသမားအနည်းငယ်က ပြိုင်ပွဲကိုသုံးသပ်ကြတော့၏။

{World} အချစ်စစ်ကို နောင်တမရဘူး : ကြယ်နတ်ဘုရားကြည့်ရတာ အကောင့်ကိုခုလေးတင်မှဝယ်ခဲ့သလိုပဲ။ သူ့ကိရိယာတွေက အမှိုက်သာသာဖြစ်နေပြီး သူ့မှာခြောက်ကောင်မြောက်သားရဲလဲမရှိဘူး။ A---- သတ်ဖြတ်သူက အလှပြကိရိယာတွေကိုသုံးခဲ့တာ၊ အဲ့တော့ သူ့မှာဘယ်လိုကိရိယာမျိုးရှိလဲဆိုတာ အကဲဖြတ်ဖို့ခဲယဉ်းတယ်။ ခြောက်ကောင်မြောက်သားရဲအနေနဲ့ သူ့မှာခင်္သြေ့ဖြူရှိတော့ သူကအသာစီးရနေတယ်ဆိုတာ အရှင်းကြီးလေ

{World} အတိတ် : အဲ့ဒါကိုထားလိုက်ပါ။ ဂျူပီတာကြယ်တာရာက အေးခဲစေတဲ့သက်ရောက်မှုနဲ့တိုက်ခိုက်ခံရမယ်လို့ ထင်မထားဘူးလေ၊ တစ်ဖက်လူမှာ ခြောက်ကောင်မြောက်သားရဲမရှိရင်တောင်မှ ကြယ်နတ်ဘုရားကို damageတွေအများကြီးထိသွားအုံးမှာပဲ

{World} အမှောင်ဆင့်ခေါ်သူ : ဒါပေမဲ့ ကြယ်နတ်ဘုရားရဲ့ကိရိယာတွေက နည်းနည်းပိုကောင်းနေမယ်ဆိုရင်၊ အပိုခုခံမှုတွေနဲ့အတူဆို၊ ခြောက်ကောင်မြောက်ကိုပြောမနေနဲ့ နောက်ပိုင်းပွဲစဉ်မှာ သူ့ရန်သူကို သူအနိုင်ပိုင်းနိုင်လောက်တယ်

{World} အတိတ် : ငါတော့အဲ့ဒါကိုမယုံဘူး။ ငါ့အမြင်အရ A----သတ်ဖြတ်သူက ကစားပွဲကိုပြောင်းပြန်လှန်ဖို့ ဂျူပီတာကြယ်တာရာကို ဘယ်တော့မှအခွင့်အရေးပေးမှာမဟုတ်တဲ့ ပရိုတစ်ယောက်ပဲ

နှစ်ဖက်စလုံးက သူတို့အတွေးတွေကို ကိုင်စွဲထားသည်။ အချိန်အတော်ကြာ စကားများကြပြီးနောက် သူတို့ထဲကမည်သူကမှ အခြားတစ်ယောက်ရဲ့သဘောထားကို နားမထောင်ကြေတော့ပေ။

ဒါက ကြည်လင်နေမင်းဖြူလိုင်းတက်လာတဲ့အချိန် မြင်လိုက်ရတဲ့အရာပင်။ သူကသူ့ရဲ့အယောင်ဆောင်ဇာတ်ကောင်ကို ကစားချင်တာမို့ အစာစားပြီးတက်လာခဲ့တာပင်။ World chatကြီးက ကြယ်နတ်ဘုရားအကြောင်း ဆွေးနွေးနေကြမယ်လို့ ဘယ်သူထင်ထားမှာလဲ၊ ဒါ့ကြောင့် သူဟွန်းမက်ဆေ့ချ်ဖြင့်မေးလိုက်သည်။

{Horn} ကြွေလွင့်တော့မဲ့ကြယ် : ???

{World} ကာနေရှင်းပန်းပွင့်လေး : ဂွတ်မောနင်း ကြယ်နတ်ဘုရား~

{World} ကြွေလွင့်တော့မဲ့ကြယ် : မောနင်း၊ လူတိုင်းဘာအကြောင်းပြောနေကြတာလဲ ငါဘာဖြစ်လို့လဲ?

{World} အတိတ် : [rofl] [rofl] [rofl] မင်းမဟုတ်ပါဘူး၊ ငါတို့တွေက ဂျူပီတာကြယ်တာရာအကြောင်းပြောနေကြတာပါ

{World} အမှောင်ဆင့်ခေါ်သူ : ဂျူပီတာကြယ်နတ်ဘုရားကလဲ ဒီဆာဗာကိုjoinလာတယ်လေ။ သူခုနကပဲ arenaပွဲတိုက်ပြီး ခုမနက်စာစားဖို့ afkဖြစ်သွားပြီထင်တယ်

ကြည်လင်နေမင်းဖြူ မျက်လုံးတို့ကျဉ်းမြောင်းသွားသည်။

အဲ့ခွေးကောင်က တကယ်ကြီးရောက်လာတာပဲ

အဲ့ချီးထုပ်ကောင်က အမြဲတမ်း ကြယ်လေးပေါ် ချနင်းချင်နေတာ။ ‘ကြွေလွင့်တော့မဲ့ကြယ် ပြန်လာပြီ’ဆိုတဲ့နေ့တည်းက သူက အမြဲတမ်း ဆာဗာသစ်ကို တိတ်တခိုးမျက်စိဒေါက်ထောက်ကြည့်နေခဲ့တာ။ မနေ့ညက နေမင်းနက်က ဘယ်နေရာကမှန်းမသိပေါ်လာတော့ နောက်မနက်ခင်းမှာ သူကထပ်ပြီးနည်းနည်းကြာအောင်စောင့်ဖို့တောင်စိတ်မရှည်တော့ဘဲ ဆာဗာအသစ်ကိုရောက်လာတော့တာပဲလေ။

အခုကြည်လင်နေမင်းဖြူက ထိုအကြောင်းကိုတွေးနေခဲ့သည်။ ယခုသူနဲ့အမှောင်ဖုံးတဲ့လ ဒီအခြေအနေထိရောက်သွားတာက အဲ့အသုံးမကျတဲ့ဂျူပီတာကြယ်စုတ်ကို ကျေးဇူးတင်ရမှာပဲ။

အခုသူတို့ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ တကယ်လို့ သူသာ ဂျူပီတာကြယ်တာရာကို သေသည်အထိမရိုက်နိုင်ဘူးဆိုရင် ဒီကာလအတွင်း သူတွေ့ကြုံခံစားခဲ့ရသမျှက သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်!

နေမင်းဖြူက သူ့လက်ဆစ်တွေကို တတောက်တောက်ခေါက်ရင်း ထိုစိတ်ရှုပ်စရာအရူးကောင် သေဖို့ဆုတောင်းလာရန်အတွက် ဘာလုပ်ရင်ကောင်းမလဲလို့ သူတိတ်တဆိတ်တွေးတောနေမိသည်။ ထိုအချိန်မှာ world chatတွင် အသစ်ပေါ်လာတဲ့စာတွေအား သူမြင်လိုက်ရ၏။ အခြားကစားသမားတွေက သူ့အားတိုက်ပွဲအကြောင်းရှင်းပြနေကြခြင်းပင်။

{Horn} ကြွေလွင့်တော့မဲ့ကြယ် : ??? သူက ဆင့်ခေါ်သူတစ်ယောက်ကို ရှုံးသွားတယ်?

{World} ဆောင်းဦးပြန်အလာ : ဟုတ်တယ် သူကမြေပြင်ပေါ်က အုတ်ကျိုးလိုပဲ

{World} အချစ်စစ်ကို နောင်တမရဘူး : အရှိအတိုင်းပြောရရင်တော့ သူက သူ့ရန်သူကိုအထင်သေးခဲ့မိပြီး ကိရိယာနဲ့ဆင့်ခေါ်သားရဲအရေအတွက် ကွာခြားမှုကနေ အများကြီးခံစားခဲ့ရတာပဲ

{World} ကြွေလွင့်တော့မဲ့ကြယ် : တစ်ယောက်ယောက်များ တိုက်ပွဲကို မှတ်တမ်းတင်ထားသေးလား?

{World} အချစ်စစ်ကို နောင်တမရဘူး : မတင်လိုက်ရဘူး၊ အရာအားလုံးဖြစ်ပျက်သွားတာက မြန်လွန်းတယ်လေ…

{World} မဟာတံတိုင်းကို ထုမိတယ် : အဲ့ဒါက ပျင်းစရာကောင်းတဲ့ပြိုင်ပွဲကြီးဖြစ်လိမ့်မယ်လို့ ငါတို့ထင်ထားခဲ့တာ…

ဗီဒီယိုမရှိလည်း ကိစ္စမရှိပေ။ ကြည်လင်နေမင်းဖြူက ဂျူပီတာကြယ်တာရာမျက်နှာပျက်သွားရတာကို ဝမ်းသာချင်ရုံသာဖြစ်တာမို့ ပျော်ရွှင်မှုဖြင့်စားပွဲခုံအားထုရိုက်လိုက်၏။

သူအလျင်အမြန်ပင် ဆင့်ခေါ်သူရဲ့IDအားမေးလိုက်၏။ ဆင့်ခေါ်သူရဲ့နာမည်က ‘A----သတ်ဖြတ်သူ’မှန်း သူသိသွားတာနဲ့ နာမည်ကိုရှာကာ သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှုအားပို့လိုက်သည်။ ထို့နောက် သူ့ဖုန်းထုတ်လို့ အမှောင်ဖုံးတဲ့လအား ခေါ်လိုက်၏။

အမှောင်ဖုံးတဲ့လက အိပ်ပျော်နေတုန်းပင်။ သူအိပ်ချင်မူးတူးဖြင့် ဖုန်းဖြေလာသည်
“ကိစ္စက အရေးကြီးတယ်ဆိုရင် ပိုကောင်းမယ်”

ကြည်လင်နေမင်းဖြူ ပြန်လည်မျှဝေလိုက်သည်။
“ဆာဗာသစ်မှာ စွမ်းအားကြီးတဲ့အထောက်အပံ့ဆင့်ခေါ်သူတစ်ယောက် အသစ်ပေါ်လာတယ်။ သူက ဂျူပီတာကြယ်တာရာကိုတောင် ဆိုးဆိုးဝါးဝါးရိုက်ပြီး အနိုင်ယူသွားသေးတယ်”

အမှောင်ဖုံးတဲ့လအနေနဲ့ သတင်းတွေအား စိတ်ထဲရောက်လာဖို့ စက္ကန့်အနည်းငယ်လောက်အချိန်ယူလိုက်ရပြီးနောက် အချက်အလက်ပမာဏကို ဖြည်းဖြည်းချင်း အစုခွဲကာ နောက်ဆုံးတော့လုံးဝနိုးသွားတော့သည်။
“ဂျူပီတာကြယ်တာရာက ဆာဗာသစ်မှာလား? အဲ့ဆင့်ခေါ်သူအသစ်က ကြယ်လေးလား?”

ကြည်လင်နေမင်းဖြူတုံ့ပြန်လိုက်၏
“ငါမသိဘူး သူအခုအွန်လိုင်းမဟုတ်ဘူးလေ။ ငါဒါကိုအခြားသူတွေရဲ့ပါးစပ်ကနေကြားခဲ့တာ”

ထိုအထောက်အပံ့ဆင့်ခေါ်သူက ကြယ်လေးဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိပေ၊ သူက အဲ့ချီးကောင်ဂျူပီတာကြယ်ကို ရိုက်နှက်ခဲ့တယ်လေ။ အခုကစပြီး သူတို့တွေက အကောင်းဆုံးသူငယ်ချင်းတွေပဲ!

ယွဲ့ရန်က ဂိမ်းထဲမှာဖြစ်ပျက်နေတဲ့အရာတွေကို လုံးလုံးသတိမမူမိပေ။

မနက်စာစားပြီးနောက် သူနဲ့သူ့ဝမ်းကွဲက ဟိုနားသည်နားလျှောက်ပတ်သွားပြီး ဖရဲသီးတစ်လုံးဝယ်ခဲ့လိုက်သည်။ ထို့နောက် သူတို့အိမ်ပြန်ကာ အွန်လိုင်းတက်လိုက်၏ __ မြောက်များစွာသော သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှုတွေက သူ့အားစောင့်ကြိုနေကာ ၎င်းကာရိုက်တာIDတွေထဲမှ တစ်ခုကတော့ အရမ်းကိုမျက်စိဖမ်းစားဖွယ်ကောင်းနေသည်။ ‘ကြွေလွင့်တော့မဲ့ကြယ်’

သူအော်လိုက်မိ၏
“အယောင်ဆောင်ကောင်က ကျွန်တော့်ကို သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှု ပို့လာတယ်”

ချင်ရှို့ကျယ်က သူ့အရံအကောင့်ဆီ ဝင်လိုက်ပြီး အကြံပေးလိုက်သည်
“လက်ခံလိုက်၊ သူဘာလိုချင်လဲဆိုတာ ကြည့်ကြတာပေါ့”

ယွဲ့ရန်က “လက်ခံသည်”အားနှိပ်လိုက်သည်။ နောက်တစ်ခဏမှာ တစ်ဖက်လူဆီမှ မက်ဆေ့ချ်အသစ်တစ်စောင်ရောက်လာသည်။

{Private} ကြွေလွင့်တော့မဲ့ကြယ် : ဟယ်လို

{Private} A----သတ်ဖြတ်သူ : ဟယ်လို ကြီးမြတ်တဲ့နတ်ဘုရား၊ မင်းတစ်ခုခုလိုလို့လား?

{Private} ကြွေလွင့်တော့မဲ့ကြယ် : မင်း ဂျူပီတာကြယ်တာရာကို အနိုင်ရခဲ့တယ်လို့ ငါကြားခဲ့တယ်။ ငါနဲ့တူတူ arenaလုပ်ချင်လား?

{Private} A----သတ်ဖြတ်သူ : မလုပ်ချင်ဘူး၊ အားလုံးကကံကောင်းသွားလို့ပါ

{Private} ကြွေလွင့်တော့မဲ့ကြယ် : ဒါဆို မင်းအလုပ်များနေလား? ငါတို့အကျဉ်းတိုက်ဖြစ်စဉ်သွားလုပ်ရအောင်လေ

ယွဲ့ရန် သူ့ဝမ်းကွဲရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာကာ ပထမမေးခွန်းကို ဟုတ်တယ်လို့ဖြေလိုက်ပြီး ဖိတ်ခေါ်မှုအားငြင်းဆန်လိုက်သည်။ သို့ပေမဲ့ အခြားအချိန်မှာ လုပ်ဖို့အကြံပြုလာပြန်သည်။ သူတို့အချိန်သစ်တစ်ခုကို သဘောတူပြီးတာနဲ့ သူ့မျက်လုံးထောင့်ကနေ သူ့ဝမ်းကွဲနဲ့ကြွေလွင့်တော့မဲ့ကြယ်စကားပြောတာကို စောင့်ကြည့်နေလိုက်သည်။ သူ့ကာရိုက်တာကို ရေကန်ဆီရွေ့ကာ အော်တိုငါးမျှားထားခိုင်းပြီးနောက် သူ့ကုလားထိုင်အား သူ့ဝမ်းကွဲဘေးဆွဲလျက် သူတို့အကျဉ်းတိုက်ဖြစ်စဉ်လုပ်တာအား စောင့်ကြည့်နေလိုက်သည်။

ဖြစ်ချင်တော့ ယွဲ့ရှီကျုံးက တံခါးခေါက်ကာ ဖရဲသီးစိတ်ပန်းကန်ဖြင့်ဝင်လာသည်။ သူတို့နှစ်ယောက် ချင်ရှို့ကျယ်လက်ပ်တော့ပ်ရှေ့မှာ ထိုင်နေတာကို သူမြင်လိုက်ရ၏။

သူပန်းကန်ကို စားပွဲပေါ်တင်ကာ ဖန်သားပြင်အား သိလိုစိတ်ပြင်းစွာဖြင့်ကြည့်လိုက်သည်။ ရန်ရန်ရဲ့အာရုံစိုက်မှုကို ဖမ်းစားထားတာက သူကြားခဲ့ရတဲ့ဒဏ္ဍာရီလာraid bossဖြစ်မယ်လို့ သူတွေးထားခဲ့ပေမဲ့ ၎င်းက သီးသန့်စကားပြောခန်းဝင်းဒိုးတစ်ခုဖြစ်နေသည်။

ချင်ရှို့ကျယ်က စာမြန်မြန်ရိုက်နေရာ ကီးဘုတ်နှိပ်သံက ဒရမ်တီးသံလိုမျိုး ထွက်ပေါ်လာ၏။

{Private} ငိုကြွေးနေသောတံတိုင်း : ကြီးမြတ်တဲ့ကြွေလွင့်တော့မဲ့ကြယ်နဲ့ မြေအောက်အကျဉ်းတိုက်ဖြစ်စဉ်တူတူလုပ်ခွင့်ရတဲ့အတွက် ငါအရမ်းစိတ်လှုပ်ရှားလိုက်တာ!

{Private} ငိုကြွေးနေသောတံတိုင်း : ငါ့မျက်ရည်တွေကျဆင်းနေတာ မရပ်တန့်နိုင်တော့ဘူး။ ဒါကအိပ်မက်မဟုတ်မှန်း သေချာအောင် ငါ့ကိုယ်ငါဆွဲစိတ်လိုက်ရသေးတယ်

{Private} ငိုကြွေးနေသောတံတိုင်း : ဒီအခိုက်အတန့်ကစပြီး ငါမင်းကိုနောက်ထပ်သုံးနှစ်စောင့်ဖို့ ဆန္ဒရှိပါတယ်။ မဟုတ်ဘူး! ဆယ်နှစ်တောင်စောင့်နိုင်တယ်!

“…”  ယွဲ့ရှီကျုံးက သူ့တူမျက်နှာကို တိတ်တဆိတ်တစ်ချက်ကြည့်ကာ ခပ်မြန်မြန်ပြန်လှည့်ပြီး တံခါးပိတ်လိုက်သည်။

သူ့စာကြည့်ခန်းကို ပြန်ရောက်တော့ သူ့desktopပေါ်ရှိ ဂိမ်းiconကိုလေ့လာလိုက်သည်။ သူစီးကရက်မီးညှိလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းကာ ဖြည်းညင်းစွာပြန်ရှူထုတ်လိုက်၏။

Hero’s bound. သူဒီဂိမ်းကိုလုံးဝနားမလည်သေးဘူးပဲ

ကစားတဲ့သူတွေက သူ့မိသားစုဝင်တွေတောင် သူတို့ကိုမမှတ်မိတော့တဲ့အထိ သူတို့စရိုက်ကအဲ့လောက်တောင်ပြောင်းလဲသွားတာလား?

သို့ပေမဲ့ တကယ်လို့သူနားမလည်ဘူးဆိုရင်တောင် သူကစားဖို့လိုနေသေးသည်။

သူဂိမ်းထဲဝင်ပြီးတာနဲ့ သူ့သူငယ်ချင်းစာရင်းကိုဖွင့်ကာ သူ့ရဲ့သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှုကို ခုထိလက်မခံရသေးတာအား မြင်လိုက်ရသည်။ သူ သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှု အသစ်တစ်ခုထပ်ပို့ချင်စိတ်အား မထိန်းထားနိုင်တော့ပေမဲ့ စနစ်ကမဆိုင်းမတွပင် စာတစ်စောင်ပို့လာသည် : [ကစားသမား ‘အနာဂတ်ကောင်းကင်ဘုံမုခ်ဦး<’ သည် မတည်ရှိပါ]

ယွဲ့ရှီကျုံး : “???”

[Cora : စာလုံးရေက ပုံမှန်ထက်သုံးဆလောက်များတာနဲ့ အပျင်းတစ်ပြီး ကြာသွားတယ်ရယ် (。>﹏<。)♡]

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now