Chapter 51

3.5K 659 49
                                    

ZAWGYI

Chapter 51 – နတ်ဘုရားနှစ်ပါးက တစ်ပြိုင်တည်းပြောလာသည်, “__ဘာကြီး?”

_________________________

ယွဲ့ရန် ထိုပေါက်တတ်ကရစကားအပုံလိုက်ကြီးကို ငေးစိုက်ကြည့်ပြီး တစ်ခဏကြာသည်အထိ သူဘယ်နေရာကနေ စတင်လှောင်ပြောင်ရမလဲတောင် မသိတော့ပေ။ တစ်ဖက်လူက သူ့အတွေးတွေကို သိချင်ရုံသာဖြစ်မှန်း မြင်တော့ ကျန်းရှောင်းကို သွားရှာရန်သာ ဟင်းလင်းပြင်အား သူပြောလိုက်၏။

{Private} ဟင်းလင်းပြင် : သူအွန်လိုင်းမဟုတ်ဘူး

{Private} ကြွေလွင့်တော့မဲ့ကြယ် : WeChat

{Private} ဟင်းလင်းပြင် : ဒါပေမဲ့ ငါက ဒီကိစ္စအပေါ် မင်းရဲ့ထင်မြင်ချက်ကို လိုချင်တာ [ကြယ်ရောင်တောက်မျက်လုံးများ]

{Private} ကြွေလွင့်တော့မဲ့ကြယ် : ဒါဆို ငါတို့က သစ္စာဖောက်တွေကို ဖော်ထုတ်ချင်ရုံနဲ့ ဘာလို့ စုံတွဲအဖြစ် ဟန်ဆောင်ရတာလဲ

{Private} ဟင်းလင်းပြင် : ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်က စုံတွဲအကောင့်တွေကို တိုက်တိုက်ဆိုင်ဆိုင် ဝယ်ခဲ့မိလို့လေ။ စပိုင်ရုပ်ရှင်တွေထဲမှာ အယောင်ဆောင် ယောက်ျားနဲ့မိန်းမတွေ ဘယ်လောက်တောင်များလိုက်လဲ၊ အဲ့တော့ ဒါကယုတ္တိရှိတယ်လို့ ငါထင်တယ်

{Private} ကြွေလွင့်တော့မဲ့ကြယ် : ဒါပေမဲ့ အဆုံးမှာတော့ ငါတို့ဖော်ထုတ်ခဲ့သူတွေအားလုံးက အချစ်ပြိုင်ဘက်တွေချည်းပဲလေ

{Private} ဟင်းလင်းပြင် : သူတို့က အခြားသူတွေနဲ့ ပူးပေါင်းကြံစည်ခဲ့လေ

{Private} ကြွေလွင့်တော့မဲ့ကြယ် : ဒါဆို သူတို့ဘာလို့ဂိုဏ်းထဲကို ခိုးဝင်လာရတာလဲ

{Private} ဟင်းလင်းပြင် : လျို့ဝှက်အချက်အလက်တွေကို ခိုးယူဖို့

{Private} ကြွေလွင့်တော့မဲ့ကြယ် : မင်းယုံမှာလား

{Private} ဟင်းလင်းပြင် : …တကယ်တော့ မယုံဘူး

{Private} ကြွေလွင့်တော့မဲ့ကြယ် : အဟမ်း

{Private} ဟင်းလင်းပြင် : ဒါဆို သစ္စာဖောက်တွေကို ဖော်ထုတ်တာကနေ ပိုးပန်းသူတွေကို ဖော်ထုတ်တာအဖြစ်ပြောင်းရင်ရော

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now