Chapter 21

3.7K 797 18
                                    

ZAWGYI

Ch21 - ဒီနေ့သူတို့ရဲ့ပထမဆုံးငါးကိုမျှားမယ်
___________

ယွဲ့ရန်က သူ့ဝမ်းကွဲ သူ့"အိုင်ဒေါလ်"နဲ့ စကားပြောနေတာကိုကြည့်ရင်း အရာအားလုံးဟာအိပ်မက်တစ်ခုလိုခံစားနေမိသည်။

"ကျွန်တော်နားမလည်ဘူး။ သူကဘာလို့အစ်ကို့ကိုလက်ခံလိုက်တာလဲ? သူကအယောင်ဆောင်ဆိုတာ အစ်ကိုဖော်ထုတ်လိုက်မှာကိုသူမကြောက်ဘူးလား?"

"ဒါက သူ့ရဲ့လူဝင်ဆံ့တဲ့စရိုက်ကြောင့်ပဲ" ချင်ရှို့ကျယ်ရှင်းပြလိုက်၏
"သူပြန်လာပြီးကတည်းက သူ့ဖန်တွေနဲ့ဆို အရမ်းစိတ်ရှည်လာတယ်။ ငါက ဆာဗာတစ်ခုလုံးကို ဝန်ခံလိုက်တဲ့အချိန် သူမလွဲဧကန်တုံ့ပြန်ဖို့လိုတယ်လေ။ တကယ်လို့သူမတုံ့ပြန်ဘူးဆိုရင် သူနာမည်ကြီးနေတာတွေအားလုံးနဲ့ ဆန့်ကျင်နေလိမ့်မယ်"

ယွဲ့ရန်မေးခွန်းထုတ်လိုက်သည်
" အဲ့အစား သူပြန်ဖြေဖို့အတွက် ဘာလို့ဟွန်းကိုမသုံးတာလဲ?"

ချင်ရှို့ကျယ်ပြုံးဖြဲဖြဲရယ်လျက်
"ဘာလို့လဲဆိုတော့ ငါက ငါသူ့ကိုတွေ့လို့ရနိုင်မလားဆိုပြီးမေးလိုက်တာလေ အဲ့ဒါကြောင့် နောက်ဆုံးတော့ သူငါ့ကိုရှာရလိမ့်မယ်။ ငါက င့ါသီအိုရီမှန်မမှန် သူငယ်ချင်းဖြစ်ခွင့်တောင်းခံမှုပို့ပြီးစမ်းသပ်ကြည့်လိုက်တာ၊ သူကတကယ်ကြီးလက်ခံလိုက်တာပဲ"

ယွဲ့ရန်မေးလိုက်၏
"ဒါဆို အစ်ကိုဘာဆက်လုပ်မှာလဲ?"

ချင်ရှို့ကျယ် ကျည်ကျည်ကျာကျာပြောလိုက်သည်
" ငါသူ့ဖန်ကလပ်စထောင်ဖို့ ကူညီပေးမယ်လို့ သူ့ကိုပြောမှာ"

သူ ချစ်စရာဝမ်းကွဲလေးရဲ့ခေါင်းကို အပြုံးတစ်ပွင့်နှင့်ပွတ်သပ်လိုက်၏
" သူက သူ့ကျော်ကြားမှုကိုတည်ဆောက်နေတာ၊ အခုထိဖန်ကလပ်မရှိသေးဘူး။ အဲ့နောက် သူ့ဖန်တွေနဲ့ပတ်သက်ပြီး သူ့ကိုကူညီပေးမဲ့ အကြံဥာဏ်တွေ၊စွမ်းဆောင်ရည်တွေရှိတဲ့သူတစ်ယောက်ပေါ်လာတာ၊ပြီးတော့အဲ့လူက သူ့ကိုအများကြီးလေးစားအားကျနေသေးတယ်လေ။ သူငါ့ကိုတစ်ချက်လောက်ပဲကြည့်ပြီး ပစ်ထုတ်လိုက်မယ်လို့ထင်လား ဒါမှမဟုတ် ငါ့ကိုသူ့အနားခေါ်ထားမယ်လို့ထင်လား"

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now