Chapter 17

4.1K 893 54
                                    

ZAWGYI

Ch 17 – “အဲ့ဒါက မုန်တိုင်းပဲ” အမှောင်ဖုံးတဲ့လ မျှဝေလိုက်သည်
_________

ကြက်ဖြူလေးက ဝပြီးသေးငယ်သော်ငြားလည်း တိုက်ခိုက်ရေးအမျိုးအစားသားရဲမျိုးပင်။ သို့ပေမဲ့ ၎င်းရဲ့တိုက်ခိုက်မှုကမမြင့်မားဘဲ နုနယ်တဲ့ခုခံမှုနဲ့အတူ ၎င်းအားအလွယ်တကူသတ်ဖြတ်နိုင်ပေသည် __ ဒါက အဲ့ကောင်ကို ယွဲ့ရန်အထင်သေးရတဲ့အကြောင်းအရင်းတစ်ချက်ပင်။

သို့သော်ငြား ဒါက သူ့ရဲ့တိုက်ခိုက်မှုနှစ်ဆဖြစ်စေမဲ့အခွင့်အရေးကို တိုးတက်စေနိုင်တဲ့ အရေးပါတိုက်ခိုက်မှုbuffပေးတဲ့အချိန် တောက်ပထင်ပေါ်တတ်တဲ့သားရဲအမျိုးအစားပင်။

ဒီမျှော်လင့်ချက်နဲ့အတူ သူကျန်းရှောင်းနောက်လိုက်ကာ arenaဆီလိုက်သွားလိုက်သည်။ သူတို့ပထမဆုံးပြိုင်ဘက်နဲ့မျက်နှာချင်းဆိုင်တဲ့အချိန် သူကြက်ဖြူလေးကို အလျင်အမြန်buffလိုက်ပြီး သူတို့ရန်သူဆီလွှတ်ပေးလိုက်၏။

ကြက်ကလေးက ရူးနှမ်းနေတဲ့ငှက်ကလေးတစ်ကောင်လိုမျိုးပြေးသွားကာ သူ့အတောင်ပံလေးတွေကို တဖျတ်ဖျတ်လှုပ်ခါလျက် သူ့ပစ်မှတ်ကိုရက်စက်ကြမ်းကြုတ်စွာဆိတ်လိုက်သည်။ သွေးနှစ်ရာလျော့ကျသွား၏။

ယွဲ့ရန် : “…”

ငါလူး! ဒါက *မြေပဲdamageလေးလေ!
[*အလွန်နည်းပါးတဲ့damageကိုပြောချင်တာပါ]

သူ့ပစ်မှတ်က လုပ်ကြံသတ်ဖြတ်သူပင်။ မျက်စိတမှိတ်အတွင်းမှာ သတ်ဖြတ်သူက လှုပ်ရှားမှုနှစ်ခုနှင့်အတူ ပြန်လည်တုံ့ပြန်လာသည်။

ယွဲ့ရန်ရဲ့ဆင့်ခေါ်ကြက်ပေါက်လေးက ဝမ်းနည်းစွာတုန်ယင်သွားပြီး သေဆုံးပျောက်ကွယ်သွားသည်။

ယွဲ့ရန် : “…”

ငါဒီပွဲပြီးတာနဲ့ မင်းကိုစတူးဟင်းလုပ်ပစ်မယ်!

ဆင့်ခေါ်သူလေးက ငါးပူတင်းလေးတစ်ကောင်လို ပါးဖောင်းလိုက်၊ပိန်လိုက်လုပ်နေတာအား ကျန်းရှောင်းအမိအရဖမ်းယူမိသွားကာ သူ့အပြုံးကပိုနက်ရှိုင်းသွားရသည်။

“ နောက်ပြန်ဆုတ် မဟုတ်ရင် သူတို့မင်းကိုစက္ကန့်ပိုင်းအတွင်းသတ်ပစ်လိမ့်မယ်”

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now