Chapter 59 ☘︎ Unicode

3.5K 615 40
                                    

Chapter 59 – ယွဲ့ရန်ပြောလိုက်၏ : “ဒါက အကြံကောင်းမဟုတ်ဘူး”

______________________

ကိစ္စက သိပ်ပြီးနည်းပညာမမြင့်ပေ၊ အောက်ခြေအထိ စုံစမ်းရန် အလွန်ပင်လွယ်ကူ၏။

တက္ကသိုလ်က ဆုံးဖြတ်ထားသောအရေးယူမှုအား ကြေညာကာ ပါဝင်သည့်လူနှစ်ယောက်က အပြစ်ပေးခံရမှာဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်ကတော့ ဂိမ်းထဲတွင် ယွဲ့ရန်၏ဂုဏ်သတင်းအား အသေရေဖျက်ဖို့ရည်ရွယ်ခဲ့သည့်သစ်သီးရနံ့ပင်။ privateမက်ဆေ့ချ်ကို သူ့ဘာသာဖန်တီးထားခဲ့တာပင်__ ယွဲ့ရန်က နောက်ပိုင်းမှ ဤအရာကို ကျန်းရှောင်းဆီကနေ သိရှိခဲ့တာပင်။

အခြားပျောက်ကွယ်သွားသည့်roleplayerကတော့ ကျိုးကျယ်ယင်းပင်။ သူက သိပ်မကြာခင်ကမှ သတိပေးချက်တစ်ခုအား ပေးခံခဲ့ရပေမဲ့ တစ်ဖက်လှည့်ကာ ဒီလှည့်ကွက်ကို ဆွဲထုတ်လာခဲ့သည်တဲ့လေ? သူ၏နောက်ထပ်သတိပေးချက်က အများကြီးပိုလို့ပြင်းထန်ပေ၏။

အရင်တစ်ခေါက်နှင့်မတူဘဲ သူ့နာမည်က ကောလိပ်တစ်ခုလုံးကို လူသိရှင်ကြားဖွင့်ချခံလိုက်ရသည်။

သူ့အတန်းထဲမှ ကျိုးကျယ်ယင်း၏ကျော်ကြားမှုဟာ ရုတ်ခြည်းဆိုသလို ရေခဲမှတ်အောက်အထိ ကျဆင်းသွားရပြီး သူ့အခန်းဖော်တွေတောင်မှ သူ့အား အာရုံစိုက်ချင်စိတ်မရှိကြတော့ပေ။

အတန်းတစ်ခုလုံးရဲ့အာရုံစိုက်မှုကို ရရှိထားသည့်ယွဲ့ရန်နှင့် ဆန့်ကျင်ဘက်ပေါ့။

ဒီဇိုင်းနာတစ်ယောက်ဖြစ်သည့်အမေရှိတာမို့ သူတို့သာရထားပေါ်တက်နိုင်သရွေ့ ဒါက ဖက်ရှင်နယ်ပယ်ထဲဝင်ရောက်ဖို့ အမြန်ဆန်ဆုံးနည်းလမ်းပင်။ သူတို့ရဲ့လက်ရာသာ အကြိုက်ခံရဖို့ လုံလောက်အောင်ကံကောင်းနေမယ်ဆိုရင် သူတို့လက်ရာတွေအား ရှိုးပွဲတွင် တည့်တည့်မတ်မတ်ပြနိုင်ပေ၏။ ဒါက ကောင်းမွန်လှသည့်ဆွဲဆောင်မှုပင်။ သူတို့ ယွဲ့ရန်ကို မကြိုက်ရင်တောင်မှ အနည်းဆုံးတော့ သူ့အားမကောင်းပြောတဲ့ဘက်တွင် သူတို့ရှိမနေသင့်ပေ။ ထို့ကြောင့် ယွဲ့ရန်က ပထမဆုံးအကြိမ် ရေပန်းစားမှုပမာဏအနည်းငယ်ကို ရရှိခဲ့သည်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now