Chapter 26

3.7K 808 17
                                    

ZAWGYI

Ch 26 - ပြန်လည်ကြိုဆိုပါတယ် ညီအစ်ကိုရေ
_______________

ယနေ့က တနင်္လာနေ့ဖြစ်သည်။

ရက်သတ္တပတ်အသစ်တစ်ခုစတင်တာနဲ့အမျှ အဖွဲ့ဝင်ဆယ့်ငါးယောက်၊ နှစ်ဆယ်နဲ့ နှစ်ဆယ့်ငါးယောက်ဖြစ်စဉ်တွေရဲ့timerဟာ နောက်ဆုံးတော့ အသစ်တစ်ဖန်ပြန်လည်စတင်လေပြီ။ ယွဲ့ရန်ကတော့ သူ့ဝမ်းကွဲ၊ အမှောင်ဖုံးတဲ့လနဲ့ ကြွေလွင့်တော့မဲ့ကြယ်အတုကလွဲလို့ အခြားမည်သူ့ကိုမျှ မသိချေ။

လူစောင့်နေဆဲဖြစ်တာမို့ စောင့်နေစဉ်အတွင်း ယွဲ့ရန်က အမှောင်ဖုံးတဲ့လပို့ပေးတဲ့YYအသံခန်းဆီ ဝင်ရောက်လိုက်သည်။

အမှောင်ဖုံးတဲ့လက မြေအောက်အကျဉ်းတိုက်ဖြစ်စဉ်အတွက် ပြုလုပ်ထားသောအသံခန်းထဲမှာ စောင့်နေတာပင်။ ယွဲ့ရန်ဝင်ရောက်လာတာလည်းမြင်တော့ ဆင့်ခေါ်သူလေးကို သူ့အခန်းဆီရွေ့လိုက်ကာ အပြုံးတစ်ပွင့်နှင့်အတူမေးလိုက်သည်
“ငါပြောတာကြားရလား?”

ယွဲ့ရန်က သူ့မိုက်ခ်ကိုဖွင့်လိုက်ရင်း ပြန်ဖြေလိုက်၏
“အင်း”

အမှောင်ဖုံးတဲ့လက သူ့စစ်ဆေးမေးမြန်းမှုကို စတင်တော့သည်
“မင်းဒီဂိမ်းကိုကစားတာဘယ်လောက်ကြာပြီလဲ?”

ယွဲ့ရန် : “တော်တော်ကြာပြီ”

အမှောင်ဖုံးတဲ့လက အသံကနေတစ်ဆင့် ဒီလူကကြယ်လေးလားလို့ ကြိုးစားဖော်ထုတ်ကြည့်ပေမဲ့ အရာမရောက်ပေ။

အဆုံးမှာတော့ သူ့သူငယ်ချင်းရဲ့အသံကို သူနောက်ဆုံးကြားခဲ့ရတဲ့အကြိမ်က လွန်ခဲ့တဲ့သုံးနှစ်ကလေ။ လူပျိုဝင်စအရွယ်မှာ အသံကပြောင်းလဲတတ်တာကို ထည့်မပြောနဲ့ဦး။ တကယ်လို့ ဒါကအမှန်ပဲကြွေလွင့်တော့မဲ့ကြယ်ဖြစ်ရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူအသံကိုအသုံးပြုပြီး ခွဲခြားလို့မရနိုင်ပေ။

သူချီးမွမ်းလိုက်သည်
“ငါမင်းရဲ့စွမ်းဆောင်ရည်ကို ကြားခဲ့တယ်၊ နောက်ပိုင်း မင်းarenaပွဲစဉ်အချို့အတွက် ငါနဲ့တူတူjoinမလား?”

ယွဲ့ရန်မဆုံးဖြတ်ရသေးပေ
“ကြည့်ကြည့်တာပေါ့”

တိုတောင်းတဲ့တုံ့ပြန်မှုက အမှောင်ဖုံးတဲ့လရဲ့နှလုံးသားကို ထိသွားစေ၏။ ရိုးရှင်းပြီးထူးဆန်းတဲ့စကားပြောစတိုင်လ်က ကြယ်လေးနဲ့အရမ်းကိုတူတယ်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Where stories live. Discover now