နေရာတိုင်း၌ အမှောင်ထုက အများဆုံးကြီးစိုးထားသော ညလယ်တစ်ခုဖြစ်လေသည်။ကောင်းကင်ထက်တွင် လခြမ်းကွေးကွေးလေးပဲ တည်ရှိနေလေသည်။
ထို လခြမ်းကွေးကွေးလေးက ထုတ်လွှတ်နေသော မှိန်ပြပြ အလင်းရောင်သည် ကြီးမားကျယ်၀န်းသော ခြံ၀န်းတစ်ခုပေါ်၌လည်း ကျရောက်နေလေသည်။ထိုခြံ၀န်းကိုတော့ ခိုင်ခံသောသံဆူးကြိုးတွေနဲ့ ကာရံထားလေသည်။ခြံ၀န်းတံခါးကြီးရဲ့ အပေါ်နားတွင် လှပသော စာတန်းတစ်ခုဖြစ်တဲ့ " ပုဏ္ဏရိပ်စံအိမ် " ဟူသော ခြံ၀န်းကြီးရဲ့နာမည်အားရေးထိုးထားလေသည်။
ခြံ၀န်းထဲတွင် ခန်းနားလှပသော ရဲတိုက်ကြီးတဖွယ် စံအိမ်တော်ကြီးသည်လည်း ရင်သပ်ရှုမောဖွယ် လှပလွန်းလှသည်။ညင်းသဲ့သဲ့ လေပြေများတိုက်ခတ်မှုကြောင့် စံအိမ်ရဲ့နောက်ရှိ သက်တန်းရာချီရှိပြီဖြစ်တဲ့ သစ်ပင်ကြီးများဆီမှ အသံများထွက်ပေါ်လာလေသည်။ထိုအချိန် ငှက်ဆိုးတစ်ကောင်၏ စူးရှသောအသံကြီး ထွက်ပေါ်လာကာ ပတ်၀န်းကျင်တစ်ခုလုံးက အကြီးတန်စွာ ကြောက်စရာကောင်းသွားလေသည်။
စံအိမ်ကြီးတစ်ခုလုံးရဲ့ ပြတင်းပေါက်တွေပိတ်ထားကြပြီး မှောင်မဲနေပေမယ်လို့ တစ်ခုသောအခန်းတွင် မီးရောင်များထိန်ထိန်လင်းနေပြီး ပြတင်းပေါက်သည်လည်း ပွင့်နေလေသည်။
ထိုအခန်းက စံအိမ်ရဲ့မီးဖိုဆောင်ဖြစ်လေသည်။ မီးဖိုဆောင်ဟုမထင်ရအောင် အရာအားလုံးသည် သစ်လွင်တောက်ပနေသလို တန်းဖိုးကြီးပစ္စည်းများနဲ့သာ ဖွဲ့စည်းထားလေသည်။
မီးဖိုဆောင်ရဲ့ အလယ်ရှိ ကြီးမားသော စားပွဲပေါ်တွင် သောက်လက်စ ဖန်နဲ့ပြုလုပ်ထားသောအရက်အိုး တစ်ခုရှိလေသည်။ပြီးတော့ မီးဖိုဆောင်ရဲ့ ပြောင်လတ်နေသောအခင်းကြမ်းပြင်ပေါ်တွင် ဖန်ခွက်ကွဲစများပျံ့ကျဲနေသလို အရည်တစ်ချို့လည်းရှိနေသေး၏။ထိုအရာတွေနားတွင်တော့ သွေးစွန်းနေသော ဓားတစ်လက်လည်း ရှိနေလေသည်။
နောက်ထပ် အခင်းကြမ်းပြင်ပေါ်၌ အမျိုးသားငယ် တစ်ဦးလည်း ထိုင်နေလေသည်။လှပချောမောသော ထိုအမျိုးသားငယ်ရဲ့ စူးရှတောက်ပတဲ့ မျက်၀န်းတွေသည် နီရဲနေပြီးစွတ်စိုမှုအနည်းငယ်ရှိနေလေသည်။ဒါဟာ အရက်ကြောင့်လား ဒါမှမဟုတ် ငိုချင်သာကိုထိန်းသာ သာကြောင့်လားဆိုသာကတော့ ထိုသူကလွဲ၍ မည်သူမှသိနိူင်လိမ့်မည်မဟုတ်ပေ။
VOCÊ ESTÁ LENDO
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
