~~32~~

660 13 0
                                        

ချစ်သူနှစ်ဦးရဲ့ တိတ်တဆိတ် လမ်းခွဲမှုလေးကိုမှ  တွေ့လိုက်ရတဲ့ အိုက်ခမ်းပေါင် သည်လည်း ထိုလူနှစ်ဦးနဲ့ထပ်တူ မလျော့သော နာကျင်၀မ်းနည်းမှုအားခံစားသွားရပေလိမ့်မည်။

တမာသည် သူမအခန်းထဲသို့ရောက်သည်နှင့် အခန်းတံခါးအား လော့ချလိုက်သည်.....

ကျွန်မသည် အိပ်မက်ကနေလန့်နိုးလာသလိုဖြစ်သွားပြီး  ကျွန်မရှေ့က မြင်ကွင်းအား အကြောင်သား ကြည့်နေမိသည်။နှလုံးခုန်သံမြန်နေပြီး မောဟိုက်နုံချိနေမှုက ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံထားလေ၏။အခန်းရဲ့ ထောင့်လေးတွင် အရုပ်ကြိုးပျက်သလို ထိုင်နေတဲ့ တမာဆီမှ ငိုရှိုက်သံများက ကျွန်မ နားထဲတွင် ပဲ့တင်ထပ်နေသည်။ကျွန်မ တစ်ခုခုကိုတော့  လွှတ်သွားသည့်ပုံပါပဲ .......။

ကျွန်မ တမာ၀ိဉာဥ်ရှိရာ အနားတွင်ထိုင်လိုက်၏။ငိုရှိုက်သံများ တိမ်၀င်ပျောက်ကွယ်သွားခါမှ ကျွန်မ  နှုတ်ခမ်းများလှုပ်ရှားလာခဲ့သည်။

" ကိုယ်ချစ်ရတဲ့ သူဆီကနေ ကိုယ်ချစ်သလောက် အချစ်တွေ ပြန်မရတဲ့အခါ နာကျင်ရတက်ပါတယ် တမာရယ် ၊လက်လွှတ်ပေး လိုက်သာက မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါပဲ ကွယ်၊ ညီမလေး အချစ်တွေနဲ့ ထိုက်တန်တဲ့သူတစ်နေ့နေ့တော့ ပေါ်လာမှာပါ "

ခေါင်းငုံထားပြီး  ယှက်နွယ်ထားသော လက်ချောင်းလေးများကို ကြည့်ရင်း ကျွန်မ စကားပြောနေမိ၏။နှစ်သိမ့်ပေးမဲ့ စကားကောင်းကောင်းလေးတွေ ကျွန်မ မပြောတက်ပေ။ ကျွန်မ ကိုယ်တိုင်တောင်  အခုထိ လူတစ်ယောက်အပေါ် လက်လွှတ်ဖို့ ကိစ္စအား မစွမ်းသာသေးသည့်အတွက် ဖြစ်သည်။

" ကျေးဇူးပါပဲ မမနန်း  ၊ နောက်ထပ် လူတစ်ယောက်ကို ထပ်ချစ်ဖို့ကိုတော့ လန့်နေမိပြီ ညီမလေး နှလုံးသားကိုသာ သော့အထပ်ထပ်ခတ်ထားလိုက်တော့မယ် မမနန်းရယ်"

အပြုံးလေးတစ်ခု ပန်ဆင်ပြီးပြောနေတဲ့ တမာသည် နှုတ်ခမ်းများက ပြုံးနေပေမဲ့ မျက်၀န်းတွေမှာတော့  အရည်ကြည်ကလေးများ ရစ်တိုင်းနေဆဲပေ .....။

ကျွန်မလည်း မောင်ကို ချစ်နေတဲ့ ကျွန်မနှလုံးသားကြီးအား မောင့်ကို မချစ်တော့အောင် သော့အထပ်ထပ်ခတ်လိုက်ရင်ကောင်းမလား ဒါဆို ကျွန်မ မောင်အား လက်လွှတ်နိူင်လိမ့်မည် ထင်သည်.....။ခပ်ကြောင်ကြောင်အတွေးကြောင့် မပီမပြင်အပြုံးလေး  ကျွန်မ  မျက်နှာထက်   ဖြစ်ပေါ်သွားရသည်။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Donde viven las historias. Descúbrelo ahora