ဒါက ဘယ်လိုကံကြမ္မာလဲ ကျွန်မ မသေဘူးဆိုရင် ဘာလို့ ကျွန်မ၀ိဥာဥ်က တမာခန္ဓာကိုယ်ထဲ ရောက်နေရသာလဲ။ကျွန်မ အတွေးအမျိုးမျိုးကြောင့် ချာချာလည်နေ၏။
" နန်းကြာရိပ် တဲ့ ......"
မောင်အသံကြောင့် ကျွန်မ သတိပြန်ကပ်လာရ၏။
" နန်းက မင်းစောင့်ရှောက်ရမည့်လူနာပဲ တမာ "
မောင်က မွေ့ယာပေါ်မှာ လဲနေတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က လိမ္မော်ရောင်ဆံနွယ်များအား မောင့်လက်တွေနဲ့ ဖွဖွထိ ရင်း ပြောနေလေသည်။ရှင်းရိပ်မောင် စိတ်ထဲမှာ တွေးနေသာ!! သူ့ရဲ့ ချစ်ဇနီးလေးက လိမ္မော်ရောင်ဆံနွယ်တွေကို မြတ်နိုးလွန်းလှသည်!!လို့။
" အချိန်မှန် သွင်းရမည့်ဆေးတွေကို ဆရာ၀န်ကြီးတွေ ညွန်ကြားထားတဲ့ အချိန်မှာ မင်းက သွင်းပေးရမှာ တမာ"
မောင်ရဲ့ လက်တွေက ဆံနွယ်တွေဆီကနေ ဖြူဥ နေတဲ့ မျက်နှာထက်က စိမ်းဖန့်ဖန့် မျက်ခုံးလေးတွေကို ထိတွေ့နေပြန်ရင်း ဆက်ပြောနေပြန်သည်။သူ့အတွေးထဲမှာ !!သူရဲ့ဇနီးလေးက သူ့ဘေးမှာ တခြားမိန်းကလေးရှိနေရင် ဒီစိမ်းဖန့်ဖန့်မျက်ခုံးလေးက အလိုမကျစွာ တွန့်ချိုးသွားတက်သည် !! လို့။
" နန်း ရဲ့ တကိုယ် ရေသန့်ရှင်းရေးကအစ မင်းကိုယ်တိုင် ပြုလုပ်ပေးရမည် တမာ"
မောင်က ကျွန်မရဲ့ နှုတ်ခမ်းပါးတွေကို ကြင်နာစွာ ထိတွေ့နေပြန်သည်။သူတွေးမိတယ် !! ဒီနှုတ်ခမ်း ပါလေးတွေကနေ သူ့အား မခံချင်အောင် စနောက်တက်တဲ့စကားတွေလည်း ပြောခဲ့ဖူးသည် !! လို့။ ပြီးတော့.....ပြီးတော့ ဒီနှုတ်ခမ်းတွေကနေ သူ့အား အလိမ်အညာ စကားတွေကိုရော ပြောခဲ့ဖူးလေသည်။နန်း ရဲ့ မျက်နှာထက်က သူ့ရဲ့ လက်အား ယုတ်လိုက်ခါ သူ့ရဲ့ဘောင်းဘီဘေးထိုးထဲကို ထည့်လိုက်သည်။
ရှင်းရိပ်မောင်ရဲ့ မျက်၀န်းထဲ၌ အတိတ်ကပုံရိပ်များက ဇာတ်လမ်း ၊ဇာတ်ကွက်များတစ်ဖွယ် ပြန်ပေါ်လာသဖြင့် ပျော်ကြလုနီးပါး သူရဲ့ နှလုံးသားသည် ကျောဆိုင် ၊ ကျောက်သားများလို မာကျောသွားပြန်သည်။**နန်း က သူ့အပေါ် လိမ်ညာခဲ့တယ် အမှန်အတိုင်၀န်မခံခဲ့ဖူး ထိုကိစ္စနဲ့ပတ်သတ်ပြီး သူ နန်းကို ဘယ်တော့မှ ခွင့်လွှတ်နိူင်လိမ့်မည်မဟုတ်ပေ**။နန်းက သူရှေ့မှာဆို ဖြူစင်တဲ့ ယုန်သငယ်လေးလိုပဲ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ သိပ်ကြောက်ဖို့ကောင်းတဲ့ မိန်းကလေးဖြစ်နေခဲ့တယ် ဆိုသာ သူနောက်မှ သိခဲ့ရ၏။
ВЫ ЧИТАЕТЕ
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Любовные романыသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
