~3~

1K 22 0
                                        


ပိတ်ပိတ်မှောင်နေသော အခန်းထဲကို ကျွန်မ ရောက်နေပြန်ပြီဖြစ်သည်။အရာအားလုံးကို သဲကွဲစွာမမြင်ရပေ။မှောင်မဲတိတ်ဆိတ်နေသော ပတ်၀န်းကျင်ထဲမှာ ကျွန်မ ဟိုစမ်းဒီစမ်းနဲ့ လမ်းလျှောက်နေရလေသည်။မကြာခင် အေးစက်စက် အုတ်နံရံ ကို ကျွန်မရှာတွေ့တော့ အနည်းငယ်အားတက်သွားရသည်။ ထိုအုတ်နံရံကိုထိရင်း ကျွန်မ ခြေလှမ်းတွေကို ရှေ့ဆက်ခဲ့ရသည်။ဒါပေမဲ့ အချိန်အတော်ကြာ အုတ်နံရံ အဆုံးကိုရှာမတွေ့တော့ ကျွန်မ အနည်းငယ် စိုးထိတ်လာရသည်။

ထိုအချိန် ကျွန်မ နားထဲသို့ ငိုသံသဲ့သဲ့ကို ကြားလာရလေသည်။ပြီးတော့ အမှောင်ထုထဲသို့ ပြတင်းပေါက်ကလာသော အလင်း တန်း လိုမျိုးကို ကျွန်မ မြင်လိုက်ရသည်။အားတက်သွားကာ ကျွန်မ ခြေလှမ်းတွေကို သွက်သွက်လှမ်းခဲ့မိသည်။တဖြည်းဖြည်း ပီပြင်ထင်ရှားစွာမြင်လာရသည့်အခါ ထိုအလင်းတန်းအောက်မှာ ကောင်မလေးတစ်ယောက်ထိုင်ပြီး ငိုနေလေသည်ကို တွေ့လိုက်ရလေသည်။

" ဟေ့ ..... ဟေ့ " ငုံနေသော ကောင်မ လေးခေါင်းက ကျွန်မ ဘက်ကိုလှည့်လာစေဖို့ အသံပြုလိုက်မိသည်။ထိုအခါ ကောင်မလေးခေါင်းက ကျွန်မ ဘက်သို့လှည့်လာလေသည်။

မြင်လိုက်ရသော မျက်နှာလေးကြောင့် ကျွန်မ နောက်သို့ပင် ခြေတစ်လှမ်းဆုပ်လိုက်မိသည်။

ပြီးတော့ ကျွန်မ နှုတ်ခမ်းများက အထိမ်းအကွပ်မဲ့သော စကားသံထွက်လာလေသည်။

" တမာ ....... "

တမာရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေများရွဲရွဲစိုနေလေသည်။သူမရဲ့ မျက်နှာတစ်ခုလုံးက ဖြူဖျော့ဖျော့ဖြစ်နေပြီး ဆံနွယ်တွေဆီမှလည်း ရေများစီးကျနေလေသည်။ပြီးတော့ သူမရဲ့ ပြာနှမ်းနှမ်း နှုတ်ခမ်းများက ပွင့်ဟလာပြီး --

" ကယ်ပါ ........ ကျွန်မ ကို ကယ်ပေးပါ "

တမာရဲ့ စူးရှရှအော်သံများနှင့်အတူ ဘယ်ကရောက်လာမှန်းမသိသော ရေများ ရောက်လာကြလေသည်။ညီစို့စို့ အနံများနှင့်အတူ နောက်ကျိမဲပုတ်နေသော ရေများက နေရာအနှံရောက်လာကြလေသည်။

ကျွန်မ အသံရှုသံတွေ ပြင်းထန်လာပေမဲ့ ခြေထောက်တွေမှာ လေးလံသော ကျောက် ခဲများဆွဲထားသလို ထိုနေရာကနေ ရွေ့၍ မရတော့ပေ။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Où les histoires vivent. Découvrez maintenant