နာကျင်၍ မှူးနောက်နေသော ခေါင်းကြောင့်လဲရာကနေထဖို့ ကြိုးစားပေမဲ့ အချီးအနှီးသာ ဖြစ်နေ၏။ပူနွေးနွေးရေစီးကြောင်းလို့ ထင်လိုက်တဲ့ သွေးများက ခေါင်းမှတစ်ဆင့် လည်ပင်းဆီသို့ စီးကျလာလေသည်။ကျွန်မရဲ့ ရှေ့သို့ ခြေတစ်စုံရောက်လာသာ မြင်လိုက်ရပြီး ကျွန်မရဲ့ ဆံပင်များအား ဆောင့်ဆွဲခြင်း ခံလိုက်ရသည်။
" အ ....အ"
အသည်းခိုက်မတန့် နာကျင်လာရသဖြင့် ကျွန်မ မျက်ရည်များပင် ၀ဲလာရသည်။ထိုနောက် မှုန်၀ါး၀ါးကျွန်မ မြင်ကွင်းထဲသို့ နောက်ထပ်လူတစ်ယောက်၀င်လာခဲ့ပြီး
_ _ _
" ဖြန်း ..... "
ပြင်းထန်စွာ ကျရောက်လာတဲ့ ပါးပြင်ပေါ်သို့ ရိုက်ချက်ကြောင့် ကျွန်မ မျက်နှာပင် လည်ထွက်သွားရ၏။
" ဟားးးး ဟားးးး သခင်လေးသွေး ကလည်း ဒီလို အားနွဲ့တဲ့ မိန်းကလေးကို အသက်ခိုင်းလိမ့်မယ်လို့ ထင်ကိုမထင်ထားသာ ကွ ဟားးးးး ဟားးးး"
ယောကျ်ားလေးများ၏ ခပ်အုပ်အုပ်ရယ်သံများက နေရာအနှံပျံ့လွင့်သွားလေသည်။!!ဘယ်သူတွေလဲ ဘာလို့ ကျွန်မ ကို သတ်ချင်နေကြသာလဲ လို့ မေးချင်ပေမဲ့ နှုတ်ခမ်းများက အာစေးမိနေသလိုပေ။!!
" မမနန်း အားတင်းထားပါနော် ဘာမှမဖြစ်ရဘူးနော်အမ ၊ ညီမ လည်း သူတို့တွေကို ထိလို့မရလို့ ...... အမကို ကူညီလို့မရဖြစ်နေသာ"
တမာ အသံကြားတော့ အားရှိသလိုပေ။ သူမက ကျွန်မကို မကယ်နိူင်ဘူးဆိုသာသိပေမယ့်လို့ပေါ့......။
" ဒုတ် ....ဒုတ် .....ဒုတ်"
နောက်ထပ်ရာက်လာတဲ့ရိုက်ချက်တွေက ကျွန်မ နောက်ကျောဆီသို့ ဖြစ်လေသည်။နာကျင်လွန်းလှပါသည် ဘယ်သူမှ ကျွန်မကို လာရောက်မကယ်နိူင်ကြဘူးလား ။ကျွန်မ မျက်နှာသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီဖြစ်ပေမဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မ လမ်းမကြီးဆီ ကြည့်နေမိဆဲ .....။
" ဒိုင်း .... ဒိုင်း "
သေနတ်သံများထွက်ပေါ်လာလေသည်။ကျွန်မ ခန္ဓာကိုယ်ပေါ်က ရိုက်ချက်များသည်လည်း ရပ်တန့်သွားပြီ ဖြစ်သည်။အသိစိတ်လွှတ်မသွားခင် ကျွန်မနောက်ဆုံးမြင်လိုက်ရသည်က လမ်းမကြီးဆီကနေ ကျွန်မတို့ဆီ ပြေးလာသော လူးများ ပြီးတော့ ရင်းနှီးနေသော ပုံရိပ်လေးကိုလည်း မြင်လိုက်ရသည်။
DU LIEST GERADE
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romantikသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
