~6~

773 19 0
                                        

နေရောင်ခြည်လေးက တဖြည်းဖြည်းစူးရှတောက်ပလာသော အခါ ကျွန်မ တမာတို့ မြို့လေးရဲ့ စျေးထဲသို့ ပိုးပိုးနှင့်အတူ လိုက်ခဲ့လိုက်၏။ ကျေးလက်မြို့ပြတစ်ခု ဖြစ်ပေမဲ့လို့ စျေးတန်းလေးက စုံစုံလင်လင်ရှိလှသည်။တစ်ချိန်က ဒီလိုနေရာမျိုးတွေမှာ ကျွန်မ မသွားခဲ့ဖူးတဲ့အတွက် အရာရာက အသစ်အဆန်းတွေဖြစ်နေလေသည်။

" တမာ စားချင်သာရှိရင်ပြောလေ ပိုးပိုးချက်ကျွေးမယ် "

ကျွန်မ မျက်နှာမှာ အပြုံးလေးချိတ်ဆွဲပြီး --
" ရပါတယ် ပိုးပိုးရယ် ၊ ခြင်းထဲမှာတောင် ဒီလောက်စုံလင်နေပြီကို "

ထိုအခါ ပိုးပိုးတစ်ယောက် ခြင်းထဲက ဟင်းသီးဟင်းရွက်တွေကို ငုံကြည့်ရင်း --

" အဟိ ... ဟုတ်ပနော် တမာ၊တော်တော်လေးကို စုံလင်နေပြီပဲ ပိုက်ဆံအိတ်ထဲမှာတောင် ၅၀၀ပဲကျန်တော့သာ "

ပိုက်ဆံအိတ်ကို ခြင်းထဲကထုတ်ပြီး ပြုံးစိစိနဲ့ ပိုးပိုးက ကျွန်မ အားပြောနေလေသည်။ထိုအချိန် သူမတို့ဘေးကနေ လူတစ်ယောက် ဖြတ်ပြေးသွားပြီး ပိုးပိုးလက်ထဲက ပိုက်ဆံအိတ်အား ယူကာ ထွက်ပြေးသွားလေသည်။အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။

" ဟာ ဘယ်လိုလူလဲ သူများပိုက်ဆံကို အချောင်လိုချင်နေတယ် " ခါးပိုက်နိုက်နောက်ကို လိုက်ဖို့ပြင်နေသော ကျွန်မ လက်ကို ပိုးပိုးကဆွဲထားလေသည်။

" မလိုက်ပါနဲ့ တမာရယ် အဲလိုလူတွေဆီမှာ ဓားတွေဘာတွေပါနေရင် တမာပဲ ဒုက္ခရောက်နေအုံးမယ် ၊ ပြီးတော့ အိတ်ထဲမှာလည်း ဘယ်လောက်မှပါသွားသာ မဟုတ်ပါဖူး ဒီမှာက အခုလိုမျိုးတွေ ခဏခဏဖြစ်သာ သိရက်နဲ့ "

ကျွန်မ ရင်ထဲမှာ အလိပ်လိုက်တက်လာသောဒေါသတွေကို ပြန်မျိုချရင်း လက် သီးဆုပ်လိုက်မိသည်။

" ကျီ ..... ဒုန်း " ကျယ်လောင်သောအသံကြီးထွက် လာသလို လူတွေသည်လည်း စျေးတန်းအပြင်ဖက် လမ်းမကြီးဆီသို့ သွားနေကြ၏။ပိုးပိုး ခေါ် သာကြောင့် ကျွန်မ သည်လည်း ထိုလူတွေနောက် လိုက်သွားမိသည်။

စုပြုံနေသော လူများကြား တိုး​ေ၀ှ့ကာ မြင်လိုက်ရသော မြင်ကွင်းက သွေးပျက်စရာအတိဖြစ်လေသည်။ တော်တော်က ခါးပိုက်နှိုက်သည် ကုန်တင်ကားကြီးရဲ့ ဘီးများအောက် သူ့ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး ရောက်နေပြီး ကြီးမားသော သွေးအိုင်ကြီးထဲမှာ သေခါနီး အသက်လုနေရသလို ဆန့်ငင်ဆန့်ငင် ဖြစ်နေလေသည်။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Where stories live. Discover now