မှုန်၀ါး၀ါးပုံရိပ်လေးအား ပီပြင်ထင်ရှားစွာမြင်လိုက်ရချိန်မှာတော့ ကျွန်မ မျက်လုံးများ သာမာန်ထက် ပိုကျယ်သွားရလေသည်။မျက် တောင် မွှေးလေးများကို ပုတ်ခတ်ပုတ်ခတ်ပြုလုပ်၍ မြင်နေရသော ပုံရိပ်အား တကယ်ဟုတ်မဟုတ် ကျွန်မအတည်ပြုနေမိသည်။ရီေ၀ေ၀ မျက်၀န်းတွေနဲ့ ကျွန်မအား စိုက်ကြည့်နေသော ထိုပုံရိပ်သည် *တမာ* ဖြစ်နေလေသည်။
ထိုခဏတာအတွင်း အားပြင်းလှသောလေတွေနှင့်အတူ တမာသည် ရေတွင်းနားကနေ ကျွန်မဆီသို့ တရှိန်ထိုးရောက်လာလေသည်။အရှိန်ပြင်းပြင်း နှလုံးခုန်သံတွေကိုသာ ကျွန်မဆီကနေ ကြားနိူင်လိမ့်မည်။
" ရှင် ဘယ်သူလဲ ၊ ဘာလို့ ကျွန်မခန္ဓာကိုယ်ထဲကို ၀င်နေသာလဲ "
တမာသည် ကျွန်မ လက်မောင်းတွေကို ဖမ်းဆုပ်လာပေမဲ့ လေဟာနယ်ကိုသာ ထိတွေလိုက်ရသည်။တမာသည် မယုံနိူင်သလို အကြိမ်ကြိမ် ကျွန်မ လက်မောင်းတွေကို ဖမ်းဆုပ်လာသည့်တိုင် ဘာမှမထူးခြားလာပေ။
" ဘာ လဲ ..... ဘာလို့ .... ဘာ လို့ ကျွန်မ ခန္ဓာကိုယ်ကို ထိလို့မရသာလဲ ဘာ လို့ လဲ ....ဘာလို့လဲ ....."
ဒေါသ သံနှောနေသော တမာအသံလေးသည် တဖြည်းဖြည်း တိမ်၀င်လာပြီး ငိုသံလေးပါ ပါလာခဲ့၏။အခုမှ အသက်အောင့်ထားမိသာကို ကျွန်မ သတိရသွားပြီး လေကို အပြည့်အ၀ရှုသွင်းနေရသည်။
" အမ ... အမ တောင်းပန်ပါတယ် ညီမလေးရယ် .....အမ တမင်ရည်ရွယ်ပြီးညီမလေးခန္ဓာကိုယ်ထဲကို ၀င်ထားသာမဟုတ်ပါဘူး ယုံပေးပါနော် "
တမာက ကျွန်မအား မယုံသလို မျက်၀န်းတွေနဲ့ ကြည့်လာလေသည်။
" ဒါဆို ရှင်က ဘယ်သူလဲ ၊ ဘာလို့ ကျွန်မ ခန္ဓာကိုယ်ထဲကို ၀င်နေသာလဲ "
ကျွန်မ မြက်ခင်းပေါ်လဲနေရာကနေ ထကာလက်သီးကို မသိမသာ ဆုပ်လိုက်ပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
" အ မ..... အမက ပုဏ္ဏရိပ်စံအိမ်ရဲ့ ချွေးမကြီး နန်းကြာရိပ် ပါ ၊ အမ ဓားထိုးခံရပြီးနောက် သတိမေ့သွားပြီး သတိပြန်လည်လာချိန်မှာ ညီမလေး ခန္ဓာကိုယ်ထဲကို ရောက်နေပြီးပြီ ............. " ထိုမှစ၍ အခုချိန်ထိ ဖြစ်ပျက်ခဲ့သည်များကို တမာ အား ကျွန်မ ပြန်ပြောလိုက်၏။
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
