🎐21🎐

621 12 0
                                        


မွန်းတည့်နေလည် လေပြည်များက ယူဆောင်လာတဲ့ ပန်းရနံ့သင်းသင်းလေးသည် ပုဏ္ဏရိပ်စံအိမ်အတွင်း ထုံသင်းလို့နေလေသည်။မွှေးပျံ့ကြိုင်လှိုင်လှသော ဟင်းရနံ့များကလည်း စံအိမ်မီးဖိုခန်းအတွင်း ရှိ လူများအား ဖြားယောင်းညို့ငင်နေ၏။မြင်သာမြင်ရ မကျင်ရသော ထိုဟင်းလျာများအား စံအိမ်ရှိလူများ ကြည့်၍သာနေရ၏။အ ကြောင်းမှာ သူတို့သခင်လေး ထမင်းစားဖို့ခေါ်ထားတဲ့ လူက မရောက်သေးသာကြောင့်ဖြစ်သည်။

အငွေ့တထောင်းထောင်းထနေသော ဟင်းများ အနည်းငယ်အေးစက်စပြုခါမှ သူတို့သခင်လေးကမီးဖိုခန်းထဲသို့ ၀င်လာလေသည်။

" အားလုံးပဲ နေ့လည်စာ စားလို့ရပြီ"

" ဟဲ့ ! မြေးသူငယ်ချင်း ယုက မလာတော့ဘူးလား"

" ဟုတ် .... ညက တစ်ညလုံး၀မ်းလျောနေလို့ ဒီနေ့မနက် ဆေးရုံတင်ထားလိုက်ရတယ်တဲ့ ဖွား ရဲ့ "

ထိုစကားကိုပြောနေချိန် ရှင်းရိပ်မောင်သည် မသိစိတ်ရဲ့ လှုံဆော်မှုကြောင့် တမာ အားကြည့်လိုက်မိသည်။

လျှပ်တစ်ပျက် မျက်လုံးချင်းဆုံမိချိန် အပြစ်ကင်းစင်သောအပြုံးလေး ပြုံးပြလာသဖြင့်ဇွန်းကို ကိုင်ထားသော သူ့လက်များတင်းကြပ်သွားရလေသည်။ထိုအပြုံးသည် နန်း ဆီမှာ တစ်ခါတစ်လေတွေ့ရတက်တဲ့ အပြုံးမျိုးနဲ့ ဆင်တူလွန်းလှသာကြောင့်ဖြစ်၏။

" မနက်ဖြန် ယောမူကို မြေးကိုယ်တိုင် သွားကြိုရမယ်နော် ၊ အလုပ်ရှုပ်နေလို့ဆိုပြီး အကြောင်းမပြနဲ့ ကိုယ့်ညီမကိုယ်လည်း ဂရုစိုက်အုံး "

" ဟုတ်ကဲ့ပါ ဖွားရဲ့ ၊ မနက်ဖြန်ဆိုတော့ ညီမလေးပြန်လာသာ စေ့စပ်ပွဲအချိန်နဲ့ နီးကပ်လွန်းမနေဘူးလား ဖွား "

ဖွားက စားပွဲပေါ်ရှိ ရေဖန်ခွက်ထဲက ရေအားသောက်လို့ပြီးခါမှ စကားဆက်လေသည်။

"အင်း ..... ခွင့်က ဒီနေ့ကတည်းက ယူလို့မရဘူးတဲ့လေ ၊ မင်းယောက်ဖလောင်းနဲ့ အတူတူ သွားကြိုနော် ပြီးရင် သူတို့တွေကို တစ်ခါထဲ ညခါစေ့စပ်ပွဲအတွက် အ၀တ်အစားကအစ ပြင်ဖို့ ဆိုင်ကို ခေါ်သွားလိုက်"

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Donde viven las historias. Descúbrelo ahora