လွန်ခဲ့သော တစ်ပတ်က တမာ သည် ခွင့်နှင့် ဇာတိမြေကိုပြန်လာရင်း သူမပါသော ခရီးသည်သင် busကား မှောက်ပြီး ခေါင်းမှာဒဏ်ရာ အပြင်းအထန် ရခဲ့ခြင်းဖြစ်သည်။ပြီးတော့ ခြေထောက်ရော အနည်းငယ် ထိခိုက်သွားသေး၏။
တမာ က အေးချမ်းတည်ငြိမ် သော ကောင်မလေးဖြစ်ပုံပေါ်၏။အမြဲစိုးရိမ်ကြောင့်ကျ ပူလောင်တက်သော ကျွန်မသည် သူမကိုယ်ထဲရောက်ချိန်က စလို့ အေးချမ်းမှုကို ခံစား ရလေသည်။
မနက်စာ စားပြီးသွားသောအခါ ကျွန်မ အခန်းထဲသို့ ပြန်လာခဲ့လေသည်။အပြင်ထွက်ဖို့ လည်း စိတ်ကူးမရှိသေးပေ။
အခု တမာရဲ့ မေမေက ကျောလယ်ခန့်ထိရှိတဲ့ တမာ၏ နက်မှောင်နေသော ဆံနွယ်များကို ဖီးပေးနေလေသည်။
ကျွန်မ လက်ထဲက စက်၀ိုင်းသဏ္ဌာန် မှန်လေးကို ကြည့်မိလိုက်သည်။ မှန်ထဲမှာပေါ်လာသော အသက်၂၀အရွယ် ကောင်မ လေး၏ ပုံရိပ်လေးကို ကျွန်မ ကြည့်လိုက်ရင်း အပြုံးသေးသေးလေးဖြစ်သွားမိသည်။
တမာ က ကျွန်မရဲ့ ညို့အားပြင်းလွန်းတဲ့ လှပမှုမျိုး ရှိမနေပေမဲ့ သူမဆီမှာ ငယ်ရွယ်နုပျိုမှုနဲ့ မြင်သူတိုင်းရဲ့ ရင်ကို အေးချမ်းစေတဲ့ ခံစားချက်ကို ပေးနိူင်သော ချစ်ဖို့ကောင်းသော လှပမှုမျိုး ရှိနေလေသည်။
ကျွန်မ ရဲ့ လက်တွေက မျက်နှာလေးကို ဖွဖွထိလိုက်မိသည်။ မျက်နှာ၀ိုင်း၀ိုင်းလေး နဲ့ လိုက်ဖက်လှတဲ့ ပါးဖောင်းဖောင်းလေးများရှိပြီး ကြည်လင်နေတဲ့ မျက်၀န်းလေးတွေက မဲနက်နေတဲ့ မျက်တောင်မွှေးလေးများကြား မှာတင့်တယ်လှ၏။မျက်ခုံးမွှေးလေးမျာက ပါးလျနေပေမဲ့ *၃ရက်လမင်းကြီး* ကဲ့သို့ ရှိနေလေသည်။အသားအရည်က အနည်းငယ် ဖြူတည့်အထဲမပါပေမဲ့ စိုစိုပြေပြေရှိလှသည်။
" မေမေ အခု ဘယ်နှစ်လပိုင်းရှိပြီလဲဟင်"
" 7 လပိုင်းရောက်ပြီလေ သမီးရဲ့ "
" ရှင် "
ကျွန်မ မျက်နှာထက် နားမလည်မှုနဲ့ရှုပ်ထွေးမှုတွေ ရောယှက်သွားလေသည်။
ကျွန်မ ဓားထိုးခံရသည့်နေ့က ၂ လပိုင်း ၂၈ရက်နေ့ဆိုသာ သေချာပါသည်။ဘာလို့ဆိုတော့ ထိုနေ့က မောင်ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ ဖြစ်လေသည်။ဓားထိုးခံရပြီးနောက် မောင်ရဲ့ရင်ခွင်ထဲမှာ ကျွန်မ သတိမေ့သွားပြီး သတိရလာတော့ ဒီအိမ် ကို ကျွန်မ ရောက်နေပြီဖြစ်သည်။
VOUS LISEZ
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Roman d'amourသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
