သဲနုဖခင်က မည်သူအားရည်ရွယ်၍ ပြောလိုက်သည်မသိပေ။ဒါပေမဲ့ မည်သူတစ်ဦးမျှ ပြန်ပြောလာခြင်းရှိမနေခဲ့ပေ။
" ကျုပ်မှာ သက်သေပြစရာ ဘာမှရှိမနေပေမဲ့ ကိုယ့်အပြစ်ကို ၀င်ခံဖို့ မျှော်လင့်ပါတယ် ကဲ ရဲအုပ်မင်း ကျုပ် အချုပ်ထဲပြန်သွားချင်ပြီ"
သဲနု ဖခင်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်က လေထဲ၌ လွင့်ပျံ့လို့ သွားလေသည်။
" အ ဖေ ..... အ ဖေ ..... "
သဲနုတစ်ယောက် ထွက်သွားဖို့ပြင်နေသော ဖခင်လက်ကိုဆွဲကာ ငိုနေ၏။ဖခင်ဖြစ်သူကလည်း မျက်နှာမကောင်းစွာ နဲ့ ပြောလာလေသည်။
" သမီး အစစအရာရာ ဂရုစိုက် ၊ တစ်ယောက်ထဲ ဘယ်တော့မှ ကျိတ်ငိုမနေနဲ့အုံး အဖေ သွားတော့မယ် "
သမီးဖြစ်သူအား နောက်ကျောပေးခါစကားများပြောပြီး ဖခင်ဖြစ်သူက ထွက်သွားတော့လေသည်။ရဲစခန်းအတွင်း သဲနုရဲ့ ငိုသံက လွင့်ပျံ့လို့နေလေသည်။ထိုနောက် သဲနုက မောင်ရှိရာဆီကိုပြန်လှည့်လာပြီး - -
" ကိုကြီးရယ် အဖေကိုခွင့်လွှတ်မပေးနိုင်ဘူးလား သဲနု..... သဲနုတောင်းပန်ပါတယ် ကိုကြီးရဲ့ "
လက်အုပ်ချီ၍ မျက်ရည်များဖြိုင်ဖြိုင်ကျရင်း သဲနုက ပြောနေ၏။မောင် အံ့ကျိတ်ထားသည်ကြောင့် ပါးရိုးများက ထင်းထွက်နေလေသည်။ မောင်ဆီက စကားသံထွက်မလာပေ။ကျွန်မကို ဓားနဲ့ ထိုးသွားတဲ့ သူ မလို့ ခွင့်မလွှတ်နိူင်သာလား ဒါမှမဟုတ် မောင့်ကိုသတ်ဖို့ကြံရွယ်သူ မလို့လားဆိုသာကတော့ မောင်သာလျှင် သိနိုင်ပေ လိမ့်မည်။
ကျွန်မတို့ ရဲစခန်းက ပြန်လာတော့ နေ့လည်ပင်ရောက်နေပြီဖြစ်သည်။ဖြစ်ပျက်သွားသော အဖြစ်အပျက်များက စံအိမ်ရှိလူများအား ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေစေ၏။အားလုံးရဲ့ မျက်နှာတွေလည်း မကောင်းကြပေ။စံအိမ်တို့ ရောက်ရောက်ချင်း ဖွားခမ်းရိပ်က မောင်အား သူ့အခန်းထဲခေါ်သွားလေသည်မှာ အချိန်အတော်ကြာ၏။ ကြီးနုံနဲ့ အခြားလူ များကတော့ သဲနု အခန်းထဲ၌ ရှိနေကြသည်။သူတို့တွေ သဲနုအား နှစ်သိမ့်ပေးနေကြသည် ထင်ပါရဲ့ ။
ВЫ ЧИТАЕТЕ
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Любовные романыသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
