ပိုးပိုး တစ်ယောက် သူမရှေ့ကသွားနေသော တမာရဲ့ နောက်ကျောကိုကြည့်ရင်း အဖြစ်အပျက်များကို မယုံကြည်နိူင်ဖြစ်နေလေသည်။ပြီးတော့ တစ်ချိန်က တမာပြောခဲ့ဖူးသော စကားများကို ပြန်လည်ကြားယောင်လာလေသည်။
" ကောင်းတဲ့သူ ဖြစ်စေ၊ မကောင်းတဲ့သူဖြစ်စေ တမာတို့ရဲ့ တာ၀န်က ပြည်သူတွေကျန်းမာရေးကို ဂရုစိုက်ပေးဖို့လေ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ကုသပေးရမှာ တမာတို့ရဲ့တာ၀န်ပဲ"
တစ်ခါတုန်းကလည်း တမာနဲ့ ပိုးပိုးတို့အခုလိုကိစ္စမျိုးကြုံခဲ့ဖူး၏။အဲဒီတုန်းက ခါးပိုက်နှိုက်ဆီ ပါသွားသော ပိုက်ဆံက ၅၀၀၀၀လောက် ဖြစ်လေသည်။ထိုအခါတုန်းက ခါးပိုက်နှိုက်သည် အခုလိုမျိုးတောင် အသက်အန္တရာယ်မစိုးရိမ်ရပေ။ဒါကိုတောင် တမာက သူမကိုယ်တိုင် ဆေးရုံလိုက်ပို့ပေးပြီး ကုန်ကျစရိတ်ကိုပင် ရှင်းပေးခဲ့လေသည်။
အခု ... အခုတော့ တမာ ပုံစံက ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ပိုးပိုး အခုကိစ္စကို သူမ မျက်စိနဲ့မြင်ခဲ့သာ မဟုတ်ရင် လုံး၀ ယုံခဲ့မည်မဟုတ်ပေ။
" ဟော သမီးတို့ ပြန်လာကြပြီလား " ပိုးပိုးတစ်ယောက် အိမ်ကိုမည်သို့ ၊ မည်ပုံ ရောက်လာသာကိုတောင် သတိမထားမိပဲ အတွေးထဲ နစ်နေခဲ့ခြင်းဖြစ်လေသည်။
" ဟုတ်မေမေ သမီး အခန်းထဲ သွားနားလိုက်အုံးမယ်နော်"
" အေးအေး သမီး " သူမအခန်းထဲသို့ တမာ ၀င်သွားလေသည်။
" ပိုးပိုး သမီး တို့ ဘာဖြစ်လာသာလဲ နှစ်ယောက်လုံးမျက်နှာမကောင်းကြဘူး"
" အာ ဘာမှ မဖြစ်ပါဖူး မေမေရဲ့ သမီး ဟင်းချက်ချီ အုံးမယ် နော် "
"အင်းပါ မေမေရော ကူမယ်လေ "
~~~~~~~
အခန်းထဲ၀င် သွားသော တမာသည် ခုတင်အစွန်းတွင်ထိုင်ပြီး ခြေထောက်တွေကို တွဲလဲချထားလေသည်။
အခု ထိ ဒေါသမပြေသေးသာကြောင့် မိမိကိုယ်ကို စိတ်ကို လျော့နေရေလသည်။ကျွန်မ အချိန် အတော်ကြာသည်ထိ မွန်းကျပ်နေသောစိတ်ကြောင့် အခုထိ နေမထိထိုင်မသာဖြစ်နေရလေသည်။
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
