သိန်း ထောင်ကျော်တန် မီးခိုးရောင်ကားပေါ်သို့ တက်ခါလိုက်ပါသွားသော မိန်းက လေးအား မျက်တောင်မခတ် ထိုကောင်လေးက လိုက်ကြည့်နေ၏။
ထိုကောင်လေးက TAXiကားပြတင်းပေါက်ဘောင်ပေါ်သို့ တတောင်ဆစ်ကိုတင်ထားပြီး သူ၏ သေးသွယ်သော လက်ချောင်းများက သူ၏ နှုတ်ခမ်းပါးများကို ထိထားလေသည်။မြို့၏ ညနေဆည်းဆာရဲ့ နေအလင်းရောင်ဖျော့ဖျော့က သူ၏ မျက်နှာပေါ်သို့လည်း ဖြာကျနေသေးသည်။
TAXi မောင်းသမားသည် ကားမှန်မှတဆင့် ကားနောက်ခန်းက အနှီကောင်လေးအားကြည့်လိုက်မိ၏။ငယ်ရွယ်ချောမောသော ကောင်လေးပါလားဟုလည်း တစ်ပါတည်း မှတ်ချက်ပေးလိုက်မိသည်။ထိုကောငမလေးကြည့်ရသည်မှာ အတွေးနစ်နေပုံပေါ်သာ ကြောင့် --
" ဟို ဘယ်မောင်းရမှာလဲ ကောင်လေး "
ကားမှန်မှတစ်ဆင့် အဝေးကိုကြည့်နေသော ထိုကောင်လေး မျက်ဝန်းတွေက အခုမှ သူ့ဆီသို့ ရောက်လာလေသည်။
" * ထူးသစ္စာ စံအိမ် ကို * "
အနှီကောင်လေး ၀တ်ထားသာက သာမာန်ဆိုပေမဲ့ " အိုး!!" ဟုသာ ကားမောင်းသမား တိုးတိတ်စွာရေရွတ်လိုက်လေသည်။
ဤ မြို့ရဲ့ သူဌေးမိသားစုများနေတဲ့ စံအိမ်တိုင်းက နာမည်များရှိလေသည်။ထိုစံအိမ်က လူတွေဆို သာမာန်မိသားစုကလူတွေသည်မော်လို့တောင် မကြည့်ရဲကြပေ။ထိုစံအိမ် တစ်ခုချင်းစီတိုင်းက သူတို့ရဲ့ နယ်ပယ်မျိုးစုံမှာ အောင်မြင်ကြသူများဖြစ်ကြ၏။
ထို ထူးသစ္စာစံအိမ်ကတော့ မြို့ရဲ့ ကိုယ်ပိုင် ဆေးရုံများစွာကို ပိုင်ဆိုင်ကြလေသည်။ထိုစံအိမ်သည် မျိုးရိုးစဉ်ဆက်လိုက် ဆရာဝန်မိသားစုများ ဖြစ်သည်ဟု သိရသည်။
ကားမောင်းသမားသည်လည်း သာမာန်မိသားစုဖြစ်သည် အလျောက် ထိုကောင်လေးအား နောက်ထပ် စကားမဆိုရဲတော့ပဲ သူ၏ ကားလေးအား ထူးသစ္စာစံအိမ်ရှိရာဆီသို့ ...........
••••••••••••••••••••••
ကားမှန်မှတစ်ဆင့် အပြင်ကိုကြည့်နေသော တမာရဲ့ မျက်ဝန်းလေးသည် လွမ်းဆွတ်မှုတွေနဲ့ဖြစ်လေသည်။
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
