~12~

652 14 0
                                        


" မောင် ....... " ကျွန်မ စိတ်ထဲ၌ တီးတိုးရေရွတ်လိုက်မိသည်။အသက်ရှုဖို့ပင် မေ့လျော့သွားရအောင် မောင့်ကိုယ်သင်းနံ့က ပြုစားနိူင်လွန်း၏။ကျွန်မ လေကို အပြည့်အ၀ရှုသွင်းပြီး မောင်ရှိရာဘက်ကို ကျွန်မ လှည့်လိုက်သည်။

ဖြူစွစွ မီးအလင်းရောင်အောက်တွင် မောင်က သူ၏ ခြေ ထောက်တစ်ဖက်အား ပထမဆုံးလှေကားထစ်ပေါ် တင်ထားပြီး ကျန်တစ်ဖက်က အခင်းကြမ်းပြင်ပေါ်မှာရှိလေသည်။လက်တစ်ဖက်က လှေကားလက်ရန်းပေါ် မှာ တင်ထားပြီး ကျန်လက်ရဲ့ လက်မောင်းပေါ်တွင် အပေါ်၀တ် ကုတ်အကျီအား တင်ထားလေသည်။

ကြွေရောင်စတစ်လက်ရှည် အား မီးခိုးရောင် ဘောင်းဘီရှည်ထဲမှာ မြုပ်၀တ်ထားလေသည်။အလုပ်ထဲမှာ ဘယ်လောက်ပဲ ပင်ပန်းပါစေ မောင်ရဲ့မျက်နှာဟာ လန်းဆန်းနေခဲ့၏။ဒါပေမဲ့ အခုတွင်တော့ အနည်းငယ်နွမ်းလျနေသလိုပင်။

ခံစားချက်မဲ့နေတဲ့ မျက်၀န်းတွေနဲ့ မောင်က ကျွန်မအား စိုက်ကြည့်နေခဲ့၏။တိတ်ဆိတ်နေသော ည၀ယ် မောင်အား သတိလက်လွှတ် ငေးမောနေစဥ်--

" ဘယ်သူမို့လို့ မင်းက အဲဒီနေရာမှာ ရှိနေရသာလဲ "
မောင်က လှေကားထစ်က သူ့ခြေထောက်အား ပြန်ရုတ်၍ လက်တွေအားဘောင်းဘီ ဘေးထိုးထဲသို့ ထည့်လိုက်လေသည်။မျက်ခုံးတွေအား အလိုမကျစွာ တွန့်ချိုးထားရင်း အေးစက်စက်မျက်၀န်းတွေ နဲ့ ကျွန်မအား စိုက်ကြည့်နေလေသည်။

" အာ ..... ကျွန်မ က ဒေါက်တာဆွေ လွှတ်လိုက်တဲ့ သူနာပြုဆရာမ တမာပါ"

နှခေါင်းထိပ်သို့ လျောကျနေသောမျက်မှန်အား လက်ညိုးနဲ့ ပင့်သင်ရင်း မောင်အမေးအား ပြန်ဖြေမိ၏။

မောင်က ခဏလောက်စဥ်းစားသလိုပြုပြီးမှ --
" သြော် ဒါဆိုလည်း ဧည့်ခန်းထဲကို ခဏလောက်ကြွပါအုံး "

မောင် နောက်ကလိုက်ခဲ့ ရင်း ကျွန်မရင်ထဲမှာ ပန်းတွေပွင့်နေသလိုပင်။မောင်က တမာရုပ်ကိုတောင် မသိဘူးဆိုတော့ မောင်နဲ့ တမာကြားက ဆက်ဆံရေးသည် ကျွန်မ ထင်ထားသလိုမဟုတ်လောက်ပေ။

တမာ နှလုံးသားရှိရာကို လက်နဲ့စမ်းမိတော့ နှလုံးခုံသံက ပုံမှန် မြည်နေလေသည်။ကျွန်မ မျက်နှာမှာ အပြုံးသေးသေးလေးပွင့်လန်းလာခဲ့သည်။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Место, где живут истории. Откройте их для себя