~2~

1.4K 23 0
                                        


ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးက တိမ်တိုက်တစ်ခုပမာ ပေါ့ပါးသွက်လက်နေလေသည်။ပြီးတော့ ကျွန်မ ဘေးမှာ လည်း တိမ်ဆိုင်၊ တိမ်မျှင်လေးများရှိနေပြီး ကျွန်မသည်လည်း ထိုတိမ်ဆိုင် ၊တိမ်မျှင်လေးများကြား လမ်း လျှောက်နေလေသည်။

ကျွန်မ ဒါကိုသဘောကျလွန်းလှပါသည်။ကျွန်မ ငယ်ငယ်လေးထဲက စိတ်ကူးထဲမှာ ခဏခဏ ပုံဖော်ခဲ့ဖူးတဲ့ စိတ်ကူးအိမ်မက်လေးဖြစ်ခဲ့ဖူးသာကြောင့် အတိုင်း မသိ ပျော်ရွှင်သွားကာ ကျွန်မ ကလေးတစ်ယောက်လို တိမ်ဆိုင်လေးများကြား ပြေးလွှားနေမိလေသည်။

ခဏကြာတော့ ကျွန်မ မျက်နှာဆီသို့ လေပြင်းတစ်ချက်တိုး​ေ၀ှ့သွားပြီး အေးစိမ့်စိမ့်ခံစားမှုက ၀င်ရောက်လာလေသည်။ချက် ချင်း ဆိုသလို ကျွန်မနှုတ်ခမ်းများ ချောက်သွေ့ လာပြီး ရေဆာခြင်းကို ကျွန်မ တောက်ရှောက်ခံစားလာရသည်။ပြီးတော့ ကျွန်မရဲ့ မြင်ကွင်းတွေကို လေးလံစွာပိတ်စို့ထားတဲ့ ကျွန်မရဲ့ မျက်ခွင်တွေကို အားယူကာဖွင့်လိုက်လေသည်။မှုန်မှိုင်းပြာ​ေ၀နေသော မြင်ကွင်း ကြောင့် ကျွန်မ မျက်လုံးတွေကို ပြန်မှိုတ်လိုက်ရသည်။

လက်နှစ်ဖက်က အိပ်ယာကိုထောက်ပြီး အိပ်ယာထဲကထဖို့အတွက် ကျွန်မကြိုးစားလိုက်မိသည်။ကျွန်မ ထိတွေ့လိုက်ရတဲ့ မာတောင့်တောင့်အိပ်ယာကြောင့် အံသြသွားရလေသည်။ဒါဟာ မဖြစ်နိူင်တဲ့ကိစ္စတစ်ခုပေ ကျွန်မ အိပ်ယာသည် ပိုးသားလိုနူးညံ့လှသည်။ * မောင် * များ အိပ်ယာကိုလဲလိုက်လေသလား။

ထိုအချိန် ကျွန်မ ဦးခေါင်းတစ်ခုလုံး ပေါက်ထွက်လုမတန့် ကိုက်ခဲလာလေသည်။

" အား .... ကျွတ် ကျွတ် "

ကျွန်မ နထင်ရှိရာကိုလက်နဲ့ ထောက်လိုက်မိသည်။ဘာလို့များ ခေါင်းတစ်ခုလုံးက နာကျင်နေရသာလဲ အမှန်က * ဓားထိုးခံရတဲ့* ကျွန်မ ဗိုလ်က နာကျင်ရမှာဖြစ်လေသည်။

ထိုအချိန် တိတ်ဆိတ်နေသောအခန်းအတွင်းသို့ လူများ ၀င်လာလေသည်။

" သမီးလေး သမီးလေး သတိရလာပြီလား "
ကြီးနုံ များလားလို့ ကျွန်မ မျက်လုံးတွေဖွင့်လိုက်ချိန် အားလုံးသည် မှုန်၀ါး၀ါးဖြစ်နေလေသည်။*အရင်က ကျွန်မ မျက်လုံးတွေ အကောင်းကြီးကို အခုဘာလို့များ မျက်စိမှုန်နေသူတစ်ယောက်လိုဖြစ်သွားရသာလဲ။*မကြာမီ ကျွန်မ မျက်လုံးဆီသို့ မျက်မှန်တစ်ခုကို တပ်ပေးလာကြသည်။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Where stories live. Discover now