တမာ၀ိဉာဥ်သည် ကြမ်းပြင်ပေါ်သို့ ထိုင်လာခဲ့သည်။
" မမနန်း ခံစားချက်ကို တမာနားမလည်လို့ပြောနေသာ မဟုတ်ပါဘူး ၊ ပြဿနာဆိုသာ အခုလို မျိုးဖြေရှင်းရသာ မဟုတ်ဘူးလေ မမနန်းရဲ့ "
နန်းကြာရိပ် တမာအား ခပ်စူးစူးစိုက်ကြည့်လာခဲ့ပြန်သည်။ရင်ထဲက ခံစားနေရတဲ့ ေ၀ဒနာအတွက် စိတ်ထွက်ပေါက်ပိတ်နေသလိုမျိုးလည်း ဖြစ်နေသေး၏။
" ဒါဆို ငါ ဘာလုပ်ရမှာလဲ ဟမ် ပြောလေ တမာ ရဲ့ တစ်ချိန်က ငါမသိအောင် မောင်က သဲနုကို လက်ထပ်ပြီး နောက် မှ ငါ သိခဲ့ရသာ အေး အဲဒီတုန်းကလည်း ငါရူးလောက်အောင် ခံစားခဲ့ရပြီးပြီ အခု ...... ... အခုရော ဟင့်အင် ငါထပ်ပြီး မခံစားနိုင်တော့ဘူး တမာရဲ့ ငါ့ရင်ထဲ ကို မီးနဲ့ ၀င်မြိုက်နေသာထက် ပိုနာကျင်ရတယ် သိရဲ့လား "
နန်းကြာရိပ်သည် သူမ ရင်ဘတ်ကို လက်ညိုးနဲ့ ထိုးပြ၍ မျက်ရည်များကျရင်းပြောလာပြန်သည်။သူမရင်ထဲ နာကျင်နေသာကို မမြင်ရပေမဲ့ သူမ စကားလုံးတိုင်း အပြုအမူတိုင်းကနေ တစ်ဆင့်တော့ ခံစားသိနိူင်သည်။
" ငါ .....ငါ အ ခု ထိ မောင် အ ပေါ် ကို .... လက် မ လွှတ် နိူင် သေး ဘူး တမာရဲ့ သိရဲ့လား ၊ သူများခန္ဓာကိုယ်ထဲ၀င်ထားမိလို့ ငါ နင့်အပေါ်မှာ အပြစ်ရှိတယ်ဆိုသာလည်း ငါ သိပါတယ် ဒါ ပေ မဲ့ ငါ .... ငါ မောင် အနားကနေလည်း ထွက် မသွားချင်သေးဘူး ...... "
နန်းကြာရိပ်သည် ဖန်ခွက်များအား ဆက်ပြီး ကိုင်ထားနိူင်စွမ်းမရှိတော့သည်မို့ ကြမ်းပြင်ပေါ် ပြန်ချထားလေ၏။ပြီးတော့ ကြမ်းပြင်ပေါ်မှာလည်း ထိုင်နေဆဲ .... ။
" ငါ ဘာ လုပ် ရမှာ လို့လည်း မသိတော့ဘူး အခုလို ကူကယ်ရာမဲ့နေတဲ့ ခံစားချက်မျိုးကို ငါ သိပ်မုန်းတယ် ၊ အရာ အားလုံးကို လက်မလွှတ်နိုင်တဲ့ ငါ့ကိုယ်ငါ လည်း မုန်းတယ် ၊ ငါကို အခုလို အသက်ရှင် ခွင့်ပေးလိုက်တဲ့ ကံကြမ္မာ ကြီးကိုလည်း မုန်းတယ် အဲဒီ ကံကြမ္မာက ငါအတိတ်တုန်းက လုပ်ခဲ့ ဘူးတဲ့ အမှားတွေအတွက် ပြန်ပြီး ငါ့ကို ဒဏ်ခတ်လိုက်သာ မှန်းလည်း ငါသိတယ် ၊မောင်နဲ့ သဲနု တရား၀န် လင်မယားဖြစ်မှာ ကို နာနာကြင်ကြင်နဲ့ ငါ့ကို တွေ့သွားစေချင်သာလေ အ ခု ကျေနပ် ကြရဲ့လား ကျေနပ်ကြရဲ့ လား နန်းကြာရိပ် ဆို တဲ့ ဒီအမိုက်မ သေလောက်အောင် ခံးစားနေရပြီ ........ "
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
