အသံလာရာနောက်ကို ကျွန်မရှောက်ကြည့်နေပေမဲ့ မီးခိုးများနဲ့ မြူများရောနေသော ပတ်၀န်းကျင်ကြောင့် ကျွန်မ အမြင်အာရုံများေ၀၀ါးနေလေသည်။ဦးတည်ချက်မဲ့နေသော ခြေလှမ်းတွေနဲ့ သွားနေရသည့်တိုင် ဘယ်ဆီဘယ်၀ယ်ကမှန်း မသိတဲ့ အသံများက လမ်းပျောက်နေတဲ့ ကျွန်မ အတွက် လှောင်ရယ်သံတွေလို ဖြစ်လာလေသည်။
လေပြင်းများ တိုက်ခတ်လာပြီး မီးခိုးများနဲ့ မြူများ လွင့်မြောသွား၍ ပတ်၀န်းကျင်က တဖြည်းဖြည်းရှင်းလင်း လာလေသည်။ထိုအခါမှ ကျွန်မ ရှေ့က မြင်ကွင်းသည် ပီပြင်ထင်ရှားလာ၏။ ကျွန်မနဲ့ အတန်ငယ်လှမ်းသောနေရာတွင် ရေတွင်း ရဲ့ကျောက်သားနံရံတွေမှာ နွယ်ပင်တွေတက်နေသော ရေတွင်းပျက်တစ်ခုကို တွေ့လိုက်ရသည်။
ထိုနောက် ရေတွင်းဘောင်ပေါ်တွင် မိန်းကလေးတစ်ဦး နောက်ပြန်ထိုင်နေပြီး ခေါင်းငုံထားလေသည်။ကျွန်မ ထိုမိန်းကလေးအစား ကြက်သီးမွှေးညင်းတွေပင် ထလာရသည်။ လေတစ်ချက်ေ၀ှ့ တိုက်လိုက်ရုံနဲ့ ရေတွင်းထဲသို့ ထိုမိန်းကလေး ပြုတ်ကျသွားနိူင်၏။ဒါကြောင့် ထိုမိန်းကလေးအား တားဖို့ ကျွန်မ ထိုနေရာဆီသို့ အမြန်သွားနေမိသည်။
ထိုနေရာသို့ မရောက်မီ အချိန်လေးမှာပဲ မိန်းကလေးရဲ့ခေါင်းက တဖြည်းဖြည်းမော့လာပြီး ကျွန်မနဲ့ မျက်လုံးချင်းစုံမိသွားလေသည်။ကြောက်ရွံ့မှုများနဲ့ တုန်ယင်နေသော ထိုမိန်းကလေးသည် ငိုရှိုက်သံရောနေသော အသံနှင့် ပြော လာလေသည်။
"..... ကယ်ပေးပါ..... ကျွန်မ.... ကို ကယ်ပေးပါ ......" စကားမဆုံးခင် ထိုမိန်းကလေးသည် ရေတွင်းထဲသို့ နောက်ပြန် ပြုတ်ကျသွားလေသည်။
" ........တမာ ....."
ကျွန်မ အသံကုန်အော်ဟစ်ခေါ်လိုက်၍ ရေတွင်းဆီသို့ပြေးသွားခဲ့ပေမဲ့ 'ဗွမ်း' ဆိုသောအသံနှင့်အတူ တမာသည် ရေထဲသို့ နစ်မြုပ်သွားလေသည်။
" Ring ....Ring" ကျယ်လောင်စွာ မြည်လာသော ဖုန်းသံသည် ကျွန်မအား အိပ်မက်ကနေနှိုးလိုက်လေသည်။ကျွန်မ မျက်မှန်တပ်ခါ အချိန်အတော်ကြာ အသုံးမပြုပဲထားခဲ့သော ဖုန်းအား လိုက်ရှာပြီးမှ ကိုင်လိုက်လေသည်။
ESTÁS LEYENDO
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
