သဲနုက ကလေး ဖွားပြီးသွားတော့သာလား?ဒါလည်း မဖြစ်နိူင်ပေ။ မဟုတ်မှ ပျက်ကျသွားသာများလား?အပြင်မှာတိတ်ဆိတ်စွာ မနက်စာ စားနေပေမဲ့ ကျွန်မ ခေါင်းထဲမှာတော့ အတွေး အမျိုးမျိုးကြောင့် ဆူေ၀နေလေသည်။
" ယောမူ လေးရဲ့ စေ့စပ်ပွဲအတွက် ရက်ကောင်းရက်မြတ်ရွေးဖို့ ခဏနေ ဗေဒင်သွားမေးမလို့ "
ဖွားရဲ့ စကားကြားမှ ကျွန်မအတွေးရပ်သွားလေသည်။'ယောမူ'မောင်ရဲ့ တစ်ဦးထဲသော ညီမ လေး**ယောရိပ်မူ** က စေ့စပ်တော့မှာပေါ့။
" ဖွား သဲနု လိုက်ခဲ့မယ်လေ "
" အိုကွယ်! မလိုက်ခဲ့ရပါဖူး မြေးမှ နေသိပ်မ ကောင်းသေးပဲ စံအိမ်မှာပဲနေခဲ့ ၊ စိုးစိုးနဲ့ သူနာပြုမလေးကိုခေါ်သွားမယ် "
ကျွန်မ ခေါင်းငုံ ထမင်းစားနေရာမှ ဖွားအားမော့ကြည့်လိုက်မိ၏။
" အို ဖွားကလည်း ကိုကြီး သိရင် ကြိုက်ပါ့ မလား "
သဲနုရဲ့ ချွဲနွဲ့နွဲ့စကားကြောင့် ကျွန်မ စိတ်ထဲကနေ 'အပိုတွေ ' ဟုပြောလိုက်မိသည်။
" အမလေး ဖွားက သူ့ သူနာပြုမကို ကိုက်စားမှာ မှ မဟုတ်သာမြေးရဲ့ ၊ ကဲ ကဲ ဘာမှစိတ်ပူမနေနဲ့ "
ဖွားကတော့ သူ့ရဲ့ မြေးချွေးမ အချစ်တော်လေးအား အပြုံးကြီးနဲ့ ပြောနေလေသည်။ကျွန်မ နန်းကြာရိပ်ဆို မလိုက်ချင်ဖူးလို့ ငြင်းလို့ရပေမဲ့ အခုတော့ ...........
•••••••••••••••••••••••••••••••
ကျွန်မ က ဦးလေး ဘမုန်းနဲ့ ကားခေါင်းထဲမှာလိုက်စီးရပြီး ဖွားနဲ့ စိုးစိုးကတော့ ကားနောက်ခန်းတွင် အငြိမ့်စား လိုက်ပါလာကြ၏။မကြည်မလင်ဖြစ်နေသော စိတ်အစဥ်ကို ကား အပြင်က ရှုခင်းတွေ ကြည့်ကာ စိတ်ကြည်အောင် နေလိုက်၏။
ကားလေးသည် လမ်းမကြီးတွေမှတစ်ဆင့် လမ်းသွယ်လေးတွေကို ဖြတ်ခါ သွားနေလေသည်။ဗေဒင်မေး မဲ့ နေရာက မြို့ပြင်နားမှာဖြစ်ပုံရ၏။ကောင်းကင်တွင် တိမ်ကင်းစင်နေပြီး အပြာရောင် ကောင်းကင်ပြာကြီးနှင့် တောက်ပတဲ့ နေတစ်စင်းသာရှိလေသည်။
မကြာမီ သစ်ပင် ၊ပန်းပင် များအုပ်ဆိုင်းနေသော ခြံ၀န်းလေးထဲသို့ ၀င်ရောက်သွားလေသည်။တစ်ထပ်ပြင်ထောင်အိမ် ၀ဲ၀ဲလေးက ခြံ၀န်းအလယ်၌ ရှိလေသည်။တိတ်ဆိတ်လှသော ပတ်၀န်းကျင်က ခြောက်ချားဖွယ်ရာပင်။အိမ် တံခါး ပွင့်နေသည်မို့ ကျွန်မတို့အားလုံး အိမ်ထဲသို့ ၀င်သွားခဲ့ကြလေသည်။
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
