အလွန်တရာမှ တိတ်ဆိတ်ငြိမ်သက်သော ညချမ်းအချိန်အခါဖြစ်လေသည်။မိမိ၏ နှလုံးခုန်သံကိုပင် မိမိ ပြန်ကြားရလေသည်။များစွာသော လူများသည် ငြိမ်းချမ်းစွာအိပ်ဆက်ရင်း အိမ်မက်ကမ္ဘာသို့ ရောက်ရှိနေသော အချိန်လည်းဖြစ်လေသည်။
မှောင်မဲနေသော အခန်းငယ် တစ်ခု၏ အိပ်ယာ ထက်၀ယ် မိန်းကလေးငယ်တစ်ဦး သည် လူးလွန့်ရင်း အိပ်မပျော်နိူင်ဖြစ်နေလေသည်။မကြာမီ အမှောင်ထုလွှမ်းနေသော အခန်းငယ်အတွင်း ၀ါကျင့်ကျင့် မီးအလင်းရောင်က ဖြိုးခွန်းလာလေသည်။
ထိုအလင်းရောင်အောက်၀ယ် မိန်းကလေးငယ်သည် အိပ်ယာထက်တွင်ထိုင်ကာ တွေေ၀ငေးမောနေလေသည်။ ကပိုကရို နိူင်စွာ ဖြာကျနေသော ဆံနွယ်များနဲ့ မိန်းကလေးငယ်၏ မျက်နှာသည်လည်း နွမ်းလျ ၍ ဖြူဖျော့ဖျော့ ဖြစ်နေလေသည်။
ဤ မြင်ကွင်း လေးက မြင်ရသူ၏ စိတ်ထဲကိုလည်း နွမ်းလျသောစိတ်အစဥ်ကို ကူးစက်သွားစေနိူင်သော ပန်းချီကားချက်တစ်ဖွယ်ဖြစ်နေလေသည်။
များ စွာ သော လူ တွေ ငြိမ်း ချမ်း စွာ အိပ် စက်နေပေမဲ့ လို့ ဤ မိန်း ကလေး ငယ် အ ဘယ် ကြောင့် အိပ် စက် မ နေ နိူင် သ နည်း ????
မီး အလင်းရောင်အောက်တွင် ကျွန်မ လက်များ အနည်းငယ် တုန်ယင်နေသာကို ခံးစားမိ၏။နေ့ခင်းပိုင်းက ဖြစ်ပျက်သွားသော အရာအားလုံးသည် ကျွန်မအတွက် အိမ်မက်တစ်ခုလိုပင်။**နောက်အပတ်ထဲ ကျွန်မ ပုဏ္ဏရိပ် စံအိမ်သို့ သွားရတော့မည်ဖြစ်သည်**။ ကျွန်မ၏ စိတ်ထဲ၌ ပျော်ရွှင်ခြင်း ၊ ၀မ်းနည်း ခြင်း ၊ စိုးရိမ်ကြောင့်ကျခြင်း စသော ခံစားချက်မျိုးစုံနဲ့ ပြည့်နှက်နေလေသည်။
မောင်ဘေးနားကို မကြာခင် သွားရတော့မှာဆိုတော့ ဤ ကိစ္စလောက် ပျော်စရာအဖြစ်မျိုး ကျွန်မအတွက် မရှိလောက်တော့ပေ............
မောင်က စံအိမ်မှာ ၂၄နာရီလုံး သူနာပြုတစ်ယောက် ငှားခြင်းသည် သဲနုအတွက် ဖြစ်ပေလိမ့်မည်။မိမိ၏ ခင်ပွန်းက သူရဲ့ နောက်ထပ် ဇနီးလောင်း၏ ဗိုလ်ထဲက ရင်သွေးငယ် အတွက် သူနာပြုငှားလိုက်သော ကိစ္စလောက် ကျွန်မအတွက် ၀မ်းနည်းရမည့် အရာမရှိလောက်တော့ပေ .......
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...
