Part [9]

4.3K 274 9
                                    

Unicode

မှူးလွန်းထက်ပိုင် အိမ်ပြန်ရောက်သည့်အချိန်တွင် ၁၁နာရီပင်ရှိနေကာ သူ့အား အိမ်ပြန်လာဖို့ပြောသည့်ကောင်လေးကတော့ ကုတင်ထက် စောင်ခေါင်းမြှီးခြုံကာ အိပ်ပျော်နေလေသည်။

သူရေချိုးသန့်စင်ပြီးသည်နှင့် သူကိုယ်တိုင်လဲပင်ပန်းနေတာကြောင့် အိပ်ရာပေါ်သာတန်းလှဲလိုက်တော့သည်။ မအိပ်ပျော်ခင်လေးမှာပင် ထိုကောင်လေးအား 'good night' ဟုပြောရသည်မှာ လုပ်နေကျအကျင့်လိုပင်ဖြစ်သွားသည်။

သူကိုယ်တိုင် လက်ထပ်ခဲ့သည့် သူ့ခင်ပွန်းရှေးနှောင်းဆက်အပေါ်တွင် သူဘယ်တုန်းကမှ ဒီလိုစကားမျိုးမပြောဖူးခဲ့ပေ။ 'good night' ဆိုသည့်စကားမျိုးမပြောနှင့် မလိုအပ်လျှင် ရှေးနှောင်းဆက်အား ပြုံးပင်မပြုံးပြခဲ့ဖူးပေ။ အိမ်ထောင်သက်နှစ်နှစ်အတွင်း သူရှေးနှောင်းဆက်အပေါ်ထားသည့် သဘောထားသည် သူနှင့်ဟန်ဆောင်လက်ထပ်ထားသည့်လူအနေနှင့်သာဖြစ်သည်။ တစ်ခြားခံစားချက်သေးသေးလေးတောင်မရှိခဲ့ဖူးပေ။ ဒါပေမယ့် အခုတော့ မတူတော့ပေ။ အေးဆေးနေတတ်ကာ သိမ်မွေ့သည့်ရှေးနှောင်းဆက်ထက် ယခုသူ့ရှေ့တွင်ရှိနေသော ဂျစ်ကန်ကန်နှင့် သူ့အားမကြောက်မလန့်ပြန်ပြော အမိန့်ပေးတတ်သည့်ရှေးနှောင်းဆက်ကို သူသဘောကျသည်။ ယဉ်ကျေး၍ စကားပြောညင်သာသည့်ရှေးနှောင်းဆက်ထက် အသံစွာစွာလေးနှင့် တစ်ခါတစ်ရံအော်ပြောတတ်သည့်ရှေးနှောင်းဆက်ကို သူပိုသဘောကျသည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ အချစ်မပါခဲ့သည့်အိမ်ထောင်ရေးသည် ယခုတော့ အနည်းငယ်သာယာနေကာ သူ့ကိုလဲပျော်ရွှင်စေသည်။

ချိုမြန်လှသည့်အတွေးတို့နှင့်အတူ သူ့ဘေးနားတွင်ဟောက်သံတိုးတိုးနှင့်အိပ်ပျော်နေသည့် ကောင်လေးရဲ့နဖူးအား မှူးလွန်းထက်ပိုင် အသာယာနမ်းလိုက်သည်။

"အိမ်မက်လှလှမက်ပါစေ နှောင်း"
-----------------------
ရှေးနှောင်းဆက် ဆောင်းတွင်းအေးအေးလေးတွင် အိပ်ကောင်းကောင်းနှင့်အိပ်နေမိသည်မှာ ဒေါ်မြိုင် တံခါးလာခေါက်မှပင်နိုးတော့သည်။ သူနာရီကိုကြည့်မိတော့ ၉နာရီခွဲပင်ရှိနေတာကြောင့် မှူးလွန်းထက်ပိုင် အလုပ်သွားပြီဟုထင်လိုက်သည်။ ပြီးမှ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်ကာ ရုံးပိတ်ရက်ဖြစ်မှန်းသတိရသွားသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now