Part [23]

3.3K 217 9
                                    

Unicode

Warning🚫 ပိစိလေးပါပါတယ်

ရှေးနှောင်းဆက်သည် တစ်မနက်လုံး ဂိမ်းဆော့နေကာ နေ့လယ်စာစားရန် ဒေါ်မြိုင်လာခေါ်မှပင် ရပ်တော့သည်။

ရှေးနှောင်းဆက်သည် နေ့လယ်စာစားပြီးသည်နှင့် အပေါ်သို့တက်ကာ ဂိမ်းပြန်ကစားဖို့ပြင်လိုက်ပေမယ့် တစ်ယောက်တည်းကစားရတာ ပျင်းဖို့ကောင်းတာကြောင့် မြတ်ကိုကိုတို့တစ်သိုက်ကိုပါ အိမ်သို့ခေါ်လိုက်သည်။

​မြတ်ကိုကိုနှင့် ရှင်မင်းသန့်သာ ရောက်လာပြီး ကျန်တဲ့ကလေးတွေကတော့ ရောက်မလာတာကြောင့် သူတို့သုံးယောက်သာ ကစားလိုက်ကြတော့သည်။

ဂိမ်းကစားပြီးနောက်တွင် မြတ်ကိုကိုသည် အများဆုံးရှုံးသည့်လူဖြစ်သည်။

"မင်းလက်ရည်ကလဲ မူလတန်းကလေးကျနေတာပဲကွာ"

"ငါက မူလတန်းကလေးလက်ရည်မဟုတ်ဘူး...မင်းနဲ့အစ်ကိုနှောင်းဆက်ကသာ ပရိုတွေလိုတော်နေတာ...ငါ့အကျွမ်းကျင်ဆုံးဂိမ်းသာဆော့ရင် ငါအသာလေးနိုင်တယ်"

"ဟုတ်လား...ငါထင်တာတော့ မင်းဘယ်ဂိမ်းဆော့ဆော့ ငါ့ကိုရှုံးမှာပဲလို့ ငါထင်တယ်"

"ချီးပဲ ရှင်မင်း မင်းငါ့ကို မကိုက်ပဲနေလို့မရဘူးလား"

"ငါက မင်းကိုဘယ်မှာကိုက်နေလို့လဲ...မင်းကိုက်စေချင်ရင်တော့ ငါကိုက်ပေးမယ် လည်ပင်းကိုလား ဒါမှမဟုတ်..."

"ချီးပဲ! ရှင်မင်း ချီးပဲ!...မင်းအပေါက်ကိုပိတ်လိုက်တော့"

တွေ့တိုင်း စကားနိုင်လုနေသည့် ဒီနှစ်ယောက်ကိုတော့ ရှေးနှောင်းဆက် မထိန်းနိုင်ပေ။

ငယ်ငယ်လေးကတည်းက ခင်မင်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြသည့် လူနှစ်ယောက်က ဒီလိုမျိုး ခဏခဏ စကားနိုင်လုနေတာကို သူ ပထမဆုံးမြင်ဖူးခြင်းပေ။

"မင်းတို့က မွေးကတည်းက အတူရှိခဲ့တာဆို"

ရှေးနှောင်းဆက် ကြားဖြတ်မေးလိုက်တော့ မြတ်ကိုကိုနှင့်ရှင်မင်းသန့်က စကားနိုင်လုနေရာမှ သူ့ကိုလှည့်ကြည့်လာကြသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now