Part [34]

3.2K 192 3
                                    

Unicode

မိုးဖွဲလေးများကျဆင်းနေသည့် မိုးရာသီ၏အလှသည် ရင်ကိုအေးချမ်းစေအောင် လှပလေသည်။ မြေပြင်ပေါ်သို့ တဖြောက်ဖြောက်ကျဆင်းနေသည့် မိုးဖွဲလေးများသည် မြေပြင်ထက် ရေအိုင်လေးများဖြစ်ပေါ်စေလေသည်။ ထိုရေအိုင်လေးများကို တစ်ခုချင်းတက်နင်းကာ ခုန်ပေါက်ကစားနေသည့် ကလေးငယ်များ၏ပုံရိပ်သည် ချစ်ဖို့ကောင်းသလို လှပနေသည်။

ထိုပုံရိပ်လေးတွေအားကြည့်ကာ မျက်နှာထက်အပြုံးပန်းဝေနေသည့်ကောင်လေး၏အလှသည်လည်း မိုးရာသီ၏အလှအား ဖြည့်စွက်နေသလိုပင် ကြည့်ကောင်းကာ လှပလို့နေလေသည်။

ရှေးနှောင်းဆက်သည် လက်ထဲမှ ထီးအားလွှတ်ချကာ ကလေးငယ်တွေနှင့်အတူ ဆော့ကစားချင်ပေမယ့် သူ့အနေအထားအရ ထိုသို့လုပ်ဖို့မဖြစ်နိုင်ပေ။

ထို့ကြောင့် ကလေးငယ်တွေအား သူကြည့်ရုံသာကြည့်နေနိုင်သည်။

"ကိုကို"

ဆော့ကစားနေသည့် ကလေးများကြားမှ ကလေးငယ်တစ်ယောက်သည် သူ့အနားပြေးလာပြီးနောက် သူ့လက်ကလေးအားဆွဲလို့ တစ်စုံတစ်ခုကို သူ့လက်ထဲထည့်ပေးလာလေသည်။

သူကြည့်မိလိုက်သည့်အခါ ထိုအရာလေးမှာ မိုးရာသီ၏ ရာသီပန်းဖြစ်သည့် စံပယ်ပန်းခက်လေးတစ်ခက်ဖြစ်နေသည်။

စံပယ်ပန်းခက်လေးသည် ဖြူဖြူဖွေးဖွေးပန်းပွင့်လေးတွေနှင့်အတူ အစိမ်းရောင်သစ်ရွက်ကလေးများဝန်းရံနေကာ အရမ်းကိုလှပပြီး မွှေးကြိုင်လို့နေလေသည်။

"ကိုကိုနဲ့တူတယ်"

ပြောလာသည့်ကလေးငယ်၏အသံလေးသည် မပီမပြင်အသံလေးနှင့်တိုးတိုးလေးဖြစ်လေသည်။

ရှေးနှောင်းဆက်သည် ယောကျ်ားလေးတစ်ယောက်ဖြစ်တာကြောင့် ပန်းကိုသိပ်မကြိုက်ပေမယ့် ကလေးငယ်ကပေးလာတာကြောင့် လက်ခံလိုက်သည်။

"ကျေးဇူးပါပဲကွယ်"

"ဟီးဟီး"

ထို့နောက် ကလေးငယ်လေးသည် တစ်ခြားကလေးတွေနှင့်အတူ သွားပြန်ဆော့နေလေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now