Part [35]

3.5K 185 1
                                    

Unicode

"လူကြီး"

ရှေးနှောင်းဆက်သည် အခုထိစကားတစ်ခွန်းမပြောဘဲ ကားကိုသာအာရုံစိုက်မောင်းနေသည့် မှူးလွန်းထက်ပိုင်အား အသံတိုးတိုးနှင့်ခေါ်လိုက်ပေမယ့် မှူးလွန်းထက်ပိုင်ကတော့ မကြားသလို တုံ့ပြန်မလာပေ။

မှူးလွန်းထက်ပိုင် ဘာဖြစ်နေမှန်းသိတာကြောင့် သူ့အမှားသူဝန်ခံလိုက်တော့သည်။

"ကျွန်တော် နောက်တစ်ခါ ကားကိုကိုယ်တိုင်မမောင်းတော့ဘူး"

ထိုသို့ပြောမှ မှူးလွန်းထက်ပိုင်သည် သူ့အားဖြတ်ခနဲကြည့်လာလေသည်။

"ကျွန်တော်တောင်းပန်ပါတယ်"

မှူးလွန်းထက်ပိုင်သည် ဘာမှပြန်မပြောဘဲ ကားမီးပွိုင့်မိသည့်အချိန်မှသာ သူ့ခေါင်းအားဆွဲယူကာ နှုတ်ခမ်းထက်နမ်းလာလေသည်။

"ကိုယ်ကစိုးရိမ်လွန်တတ်တာ သိတယ်မလား"

"အင်း အဲ့ဒါကြောင့် ကျွန်တော်တောင်းပန်ပါတယ်"

"ကိုယ်က မင်းကိုဟိုမသွားရ ဒီမသွားရဆိုပြီး မချုပ်ချယ်ပါဘူး...မင်းတစ်ယောက်တည်းမသွားနဲ့လို့ပဲ ကိုယ်ကတောင်းဆိုတာ...အဲ့ဒါကို ဘာလို့ကိုယ့်စကားနားမထောင်တာလဲ"

ရှေးနှောင်းဆက် ကိုယ့်အပြစ်ကိုယ်သိတာကြောင့် ဘာမှပြန်မပြောဘဲ ငြိမ်ခံနေလိုက်သည်။

"ဟူး ဒီတစ်ခါတော့ထားလိုက်ပါတော့...နောက်တစ်ခါဆို ကိုထူးခေါ်ပြီးမှသွားနော်"

"အင်း ခင်ဗျားစကားနားထောင်မယ်"

မှူးလွန်းထက်ပိုင် အပြုံးချိုချိုလေးနှင့်မျက်နှာချိုသွေးနေသည့် ရှေးနှောင်းဆက်ခေါင်းအားပုတ်ပေးလိုက်သည်။

ထို့နောက် မီးစိမ်းသည်နှင့် ကားထွက်ပြီးနောက် ရှေးနှောင်းဆက်အား အိမ်သို့လိုက်ပို့ခဲ့သည်။ ရှေးနှောင်းဆက်အားလိုက်ပို့ပြီးသည်နှင့် အလုပ်သို့တစ်ခါပြန်သွားခဲ့သည်။

နေ့ရက်တွေသည် လျင်မြန်စွာပင်ကုန်ဆုံးလာကာ အယ်လ်ထရာဆောင်းရိုက်မည့်နေ့သို့ရောက်လာခဲ့သည်။

I Fell In Love With My Husband(Completed)Where stories live. Discover now