Part [40] END

4.9K 209 6
                                    

Unicode

"မိနွယ် အောက်မှာ ဧည့်သည်အားလုံးဆုံနေကြပြီလို့ နင့်အစ်ကိုလေးကိုသွားပြောလိုက်"

"ဟုတ်ကဲ့ ကြီးမြိုင်"

မိနွယ်သည် အပေါ်ထက်သို့တက်သွားကာ အခန်းတံခါးအားခေါက်ပြီးနောက် တိုက်ရိုက်ပင်ဝင်သွားလိုက်သည်။

ရှေးနှောင်းဆက်သည် သားတို့ကိုပြင်ဆင်ပေးနေပြီး ဘယ်နေရာလိုလဲဆိုတာကို သေချာကြည့်နေသည်။

"အစ်ကိုလေး ဧည့်သည်တွေဆုံနေပြီမလို့ အောက်ဆင်းလာလို့ရပြီတဲ့"

"အင်း ခဏနေဆင်းခဲ့မယ်...ဒါနဲ့ လူကြီးရော"

မိနွယ်ပြန်မဖြေခင်မှာပင် မှူးလွန်းထက်ပိုင်က အခန်းတွင်းသို့ဝင်လာသည်။

မှူးလွန်းထက်ပိုင် အခန်းထဲဝင်လာတာနှင့် မိနွယ်သည် အလိုက်တသိပင်ထွက်သွားလေသည်။

"ပြင်ဆင်လို့ပြီးသွားပြီလား"

"အင်း"

"ဒါဆို အောက်ဆင်းကြရအောင်"

မှူးလွန်းထက်ပိုင်သည် သားငယ်ကိုချီ၍ သူကတော့ သားကြီးကိုချီကာ ဧည့်သည်တွေရှိရာ ခြံထဲသို့ဆင်းလာခဲ့သည်။

ယနေ့သည် သားနှစ်ယောက်၏ ရက်တစ်ရာပြည့်မွေးနေ့နှင့်အတူ အမည်ကင်းပွန်းတပ်ပွဲကျင်းပသည့်နေ့ဖြစ်သည်။

ရင်းနှီးသည့်မိတ်ဆွေသူငယ်ချင်းများနှင့် မှူးလွန်းထက်ပိုင်၏ လုပ်ဖော်ကိုင်ဖက် စီးပွားရေးသမားအနည်းငယ်ကိုသာ ဖိတ်ထားတာကြောင့် ကိန်းကြီးခမ်းကြီးမနိုင်ပဲ ရိုးရှင်းလှသည့်ပွဲလေးဖြစ်သည်။

မှူးလွန်းထက်ပိုင်သည် သားနှစ်ယောက်၏မွေးနေ့အား ကြယ်ငါးပွင့်ဟိုတယ်တွင် ခမ်းခမ်းနားနားကျင်းပပေးရန် ရည်ရွယ်ထားပေမယ့် ရှေးနှောင်းဆက်ကတော့ ရိုးရိုးရှင်းရှင်းလေးသာကျင်းပချင်သည်ဟု ပြောလာတာကြောင့် သူတို့အိမ်မှာသာ ရင်းနှီးသူများဖိတ်၍ ကျင်းပခဲ့သည်။

ခြံထဲရောက်သည်နှင့် မွေးနေ့ရှင်အဓိကဇာတ်ဆောင်နှစ်ယောက်အား မျှော်နေကြသည့် ဧည့်သည်တွေမှာ သူတို့ရောက်သည်နှင့် ပြောလက်စစကားများရပ်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now