Part [21]

3.5K 214 2
                                    

Unicode

ရှေးနှောင်းဆက် သူ့ရှေ့ရှိ ဆိုင်ရဲ့နာမည်အား သေချာကြည့်ပြီးနောက် အထဲသို့ဝင်သွားလိုက်သည်။

ဆိုင်ထဲဝင်ဝင်ချင်း ရလိုက်သည့် Alcohol အနံ့ကြောင့် သူနှာခေါင်းရှုံလိုက်မိသည်။

ညနေဘက်ဖြစ်သောကြောင့် ဆိုင်ထဲတွင် လူတွေအများကြီးရှိနေသည်။ တစ်ယောက်တည်းထိုင်နေသည့်လူလဲရှိသလို နှစ်ယောက် သုံးယောက်စုထိုင်နေသည့်လူများလည်းရှိသည်။ တစ်ချို့က အသဲကွဲ၍ လာကြသလို တစ်ချို့က ပျော်ချင်၍လာကြသည်။ အခက်အခဲတွေရင်ဆိုင်နေရသည့် လူများသည်လည်း စိတ်ဖြေဖျောက်နိုင်ရန် ဒီနေရာသို့လာကာ တင်းကျပ်နေသည့်စိတ်များအား ဖြေလျှော့​နေသည်။ ဆိုင်ထဲရှိ လူပေါင်းစုံသည် မတူညီသည့်ခံစားချက်များနှင့် နေရာတစ်ခုထဲတွင်ရှိနေကြသည်။

English သီချင်းသံတိုးတိုးသည် ဆိုင်အတွင်းပျံ့လွှင့်နေကာ ဆိုင်ထဲရှိလူများအား စိတ်သက်သာရာပေးနေသလို တစ်ချို့သည် သီချင်းအား လိုက်ဆိုနေကြသည်။

ရှေးနှောင်းဆက် လှည့်ပတ်ကြည့်လိုက်တော့ ဘားကောင်တာတွင်ထိုင်နေသည့် နောက်ကျောပြင်ကျယ်ကျယ်အားမြင်လိုက်ရသည်။

သူအနားလျှောက်သွားကာ ထိုသူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ ထိုသူကတော့ လက်ထဲရှိ အရက်ခွက်ကိုသာ စိုက်ကြည့်နေတာကြောင့် သူလာထိုင်သည်အား မသိပေ။

"အဟမ်း!"

ရှေးနှောင်းဆက် ချောင်းသာသာဟမ့်လိုက်တော့ ထိုသူက သူ့အားလှည့်ကြည့်လာကာ အားနာဟန်ပြုံးပြလေသည်။

ထို့နောက် ဘားကောင်တာရှိ ဝန်ထမ်းအား သူ့အတွက် သောက်စရာမှာနေတာကြောင့် 'မသောက်တော့ဘူး' ဟုပြောကာ တားလိုက်သည်။

"ရုတ်တရပ်ကြီးခေါ်လိုက်တော့ အနှောင့်အယှက်ဖြစ်သွားလား"

ဩရှရှအသံသည် အရက်ကြောင့် အက်ကွဲနေသည့်အသံအဖြစ်ထွက်လာကာ ထိုအသံသည် ဆွဲဆောင်မှုရှိကာ နားထောင်ကောင်းလေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now