Part [37]

3.5K 205 11
                                    

Unicode

"ဒေါ်မြိုင် ပစ္စည်းတွေ စုံစုံလင်လင်ထည့်ပြီးပြီလား"

"အင်း ဒေါ်မြိုင် အားလုံးထည့်ပြီးပြီ...အခု ကားထဲသွားထည့်လိုက်တော့မယ်နော်"

"ဟုတ်ကဲ့"

ယနေ့ ဆေးရုံတက်ကာ မနက်ဖြန်ဆိုလျှင် ခွဲခန်းဝင်ရတော့မည်ဖြစ်တာကြောင့် ရှေးနှောင်းဆက် အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်နေခြင်းဖြစ်သည်။

ရှေးနှောင်းဆက်သည် ခုတင်ထက်ခြေဆင်းထိုင်ကာ မှူးလွန်းထက်ပိုင် သူ့အားလာခေါ်မည်အားစောင့်နေလိုက်သည်။

၁၅ မိနစ်လောက်ကြာသည့်အချိန်တွင်တော့ မှူးလွန်းထက်ပိုင် အခန်းထဲဝင်လာလေသည်။

"ကိုယ်တို့သွားရအောင်"

"အင်း"

မှူးလွန်းထက်ပိုင်သည် ရှေး​နှောင်းဆက်အား ပွေ့ချီလိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

အောက်ထပ်ဧည့်ခန်းတွင်တော့ လူစုံတက်စုံဖြစ်နေကာ ကြည့်ရသည်မှာ အားလုံးက သူ့အား ဆေးရုံလိုက်ပို့ချင်ကြသည်ဖြစ်မည်။

"နှောင်း ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့နော်"

လင်းလက်ကြယ်သည် ရှေ့တက်လာကာ ကံကောင်းစေသည့်အဆောင်ဟုထင်ရသည့် ဆွဲကြိုးအား သူ့ကိုပေးလာသည်။

"ကျေးဇူးတင်ပါတယ်"

ရှေးနှောင်းဆက် ထိုဆွဲကြိုးအားယူကာ လည်ပင်း၌ဆွဲလိုက်သည်။

"အဲ့အဆောင်ဆွဲကြိုးလေးက အရမ်းစွမ်းတာနော်...အစ်မရွှေရုပ် ကလေးမွေးတုန်းကလဲ ငါဒီအဆောင်မျိုးတစ်ခုပေးတာ ကလေးမွေးတော့ အမေရောကလေးရော ကျန်းကျန်းမာမာနဲ့ မွေးခန်းထဲကပြန်ထွက်လာတာ"

သူ့အဆောင်ဆွဲကြိုး ဘယ်လောက်စွမ်းကြောင်း ကြွားနေသည့် လင်းလက်ကြယ်ကို ရှေးနှောင်းဆက် ရယ်ပြီးပြန်ပြောလိုက်သည်။

"သိပါတယ်ဗျာ...ဂရုစိုက်ပေးလို့ ကျေးဇူးပါ"

လင်းလက်ကြယ်က ခေါင်းညိမ့်ပြလေသည်။

မာန်ထက်သူ၏ ဇနီး ရွှေရုပ်လွှာသည် ဒီဇင်ဘာလနှောင်းပိုင်းလောက်မှာပင် သမီးမိန်းကလေးမွေးဖွားခဲ့သည်။

I Fell In Love With My Husband(Completed)Where stories live. Discover now