Part [28]

3.1K 188 6
                                    

Warning ပိစိ 🚫🚫

ရှေးနှောင်းဆက်နှင့် ငွေပိုးအိမ်သည် အစီအစဥ်တစ်ချို့အားချပြီးနောက် ဟိုတယ်တွင်းသို့ပြန်ဝင်လာလေသည်။

ခန်းမထဲဝင်ဝင်ချင်းမှာပင် မှူးလွန်းထက်ပိုင်သည် ဘယ်ကမှန်းမသိ သူ့နားသို့ရောက်လာကာ သူ့လက်အားဆွဲလာသည်။

သူပင် အလန့်တကြားဖြစ်သွားရသည်။

"ဘယ်တွေသွားနေတာလဲ...ကိုယ်မင်းကို လိုက်ရှာနေတာ"

"ကျွန်တော် လေညင်းသွားခံတာပါ"

"ကိုယ့်ကို ဘာလို့ပြောမသွားတာလဲ"

"ကျွန်တော်မှ ခင်ဗျားကိုရှာမတွေ့တာ"

"ဆောရီး...သူရိန်က ကိုယ့်ကိုခေါ်သွားလို့"

ငွေပိုးအိမ်သည် ခန့်ညားသည့်အမျိုးသားကိုမြင်ပြီး ဘယ်သူဖြစ်တယ်ဆိုတာကို မှတ်မိသွားလေသည်။

"ဟယ်လို မဂ်လာပါ..."

ငွေပိုးအိမ် နှုတ်ဆက်လိုက်တော့မှ ထိုလူသည် သူ့အား သတိထားမိကာ လှည့်ကြည့်လာလေသည်။

"မဂ်လာပါ"

"ပိုးကို မှတ်မိလားမသိဘူး..."

"???"

"ဆူး...အဲ သူဌေးနဲ့အတူ အစ်ကို့ company ကိုရောက်ဖူးတယ်လေ"

"ဆောရီး ကိုယ်သိပ်မမှတ်မိဘူး"

ပွင့်လင်းလှသည့် မှူးလွန်းထက်ပိုင်၏စကားကြောင့် ငွေပိုးအိမ်ပင် ပြောစရာစကားပျောက်ကာ အနေခက်သွားရသည်။

ရှေးနှောင်းဆက်သည် မှူးလွန်းထက်ပိုင်အစား တောင်းပန်ရန်ပြင်လိုက်စဥ်မှာပင် မှူးလွန်းထက်ပိုင်သည် သူ့လက်အားဆွဲကာ အနားသို့တိုးကပ်စေလေသည်။

ထိုအပြုအမူက ထိုလူကြီး သဝန်တိုနေပြီဆိုတာကို ပြနေတာကြောင့် သူ ငွေပိုးအိမ်ကို ပြုံး၍ စကားဆိုလိုက်သည်။

"သွားစရာရှိတယ်မလား သွားတော့လေ"

"ဟုတ်ကဲ့ ဒါဆို အစ်ကို ပိုးသွားတော့မယ်နော်"

နှုတ်ဆက်လာတာကြောင့် ရှေးနှောင်းဆက် ခေါင်းညိမ့်ကာ 'အင်း' ဟုဆိုလိုက်သည်။

I Fell In Love With My Husband(Completed)Where stories live. Discover now